မြန်မာနိုင်ငံတွင် ဝက်တုပ်ကွေးရောဂါ (Swine Flu-H1N1) ကူးစက်ပျံ့နှံ့ခြင်းမရှိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

မြန်မာနိုင်ငံတွင် ဝက်တုပ်ကွေးရောဂါ (Swine Flu-H1N1) ကူးစက်ပျံ့နှံ့ခြင်းမရှိကြောင်း သတင်းထုတ်ပြန်

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသည် စားနပ်ရိက္ခာ ဖူလုံရေး၊ အာဟာရပြည့်ဝရေးနှင့် အစားအစာဘေးကင်း လုံခြုံမှုရှိစေရေးဟူသည့် ရည်မှန်းချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နေသည့်အားလျော်စွာ ပြည်သူများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်း၍ သန့်ရှင်းကောင်းမွန်သော အသားများ စားသုံးနိုင်ရန် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရှိ ဇီဝလုံခြုံမှု အဆင့်-၂(BSL–2)ရှိသည့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်၊ (ရွှေမြို့) တိရစ္ဆာန်ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းများတွင် ဝက်ကူးစက်ရောဂါများအပါအဝင် အခြားတိရစ္ဆာန်ကူးစက် ရောဂါများကို ရှာဖွေစစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်လျက် တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိသည်။

အဆိုပါတိရစ္ဆာန်ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းများတွင် စစ်ဆေးချက်များအရ ဝက်တုပ်ကွေးရောဂါပိုး(Swine Flu–H1N1)အား မတွေ့ရှိရပါသဖြင့် ဝက်တုပ်ကွေးရောဂါ (Swine Flu–H1N1)သည် မြန်မာနိုင်ငံတွင် ကူးစက်ပျံ့နှံ့ ခြင်းမရှိကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ အများပြည်သူသိရှိနိုင်ရန် သတင်းထုတ်ပြန် ကြေညာထားသည်။


Spread the love
  •  
  •  
  •  
  •  
  •  
  •