မြန်မာနိုင်ငံရှိ စီမံကိန်း(၇)ခုတွင် တာဝန်ထမ်းဆောင်မည့် ဂျပန်ပညာရှင် ၂၀ ဦး ရောက်ရှိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

မြန်မာနိုင်ငံရှိ စီမံကိန်း(၇)ခုတွင် တာဝန်ထမ်းဆောင်မည့် ဂျပန်ပညာရှင် ၂၀ ဦး ရောက်ရှိ

သီလဝါအထူးစက်မှုဇုံစီမံကိန်းအပါအဝင် စီမံကိန်း (၇)ခုတွင် တာဝန်ထမ်းဆောင်မည့် ဂျပန်ပညာရှင်/ကျွမ်းကျင်သူ ၂၀ ဦး မြန်မာနိုင်ငံသို့ ရောက်ရှိမည် ဖြစ်ကြောင်း နိုင်ငံခြား ရေးဝန်ကြီးဌာန၏ ယနေ့ (ဇွန် ၂၆) သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

အဲဒီပညာရှင် ၂၀ ဦးဟာဂျပန်နိုင်ငံရောက် မြန်မာ နိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်လာသည့် ဒုတိယအကြိမ်ကယ်ဆယ်ရေး လေယာဉ်ဖြင့် လိုက်ပါလာကြတာ ဖြစ်ပြီး ဂျပန်နိုင်ငံအစိုးရ၏ ODA/JICA အကူအညီဖြင့် မြန် မာနိုင်ငံတွင် တည် ဆောက်နေတဲ့

သီလဝါအထူးစက်မှုဇုံစီမံကိန်း၊
ရန်ကုန်-မန္တလေး အမြန်ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း၊
ရန်ကုန် မြို့ပတ်ရထား အဆင့်မြှင့်တင်ရေးစီမံကိန်း၊
ပဲခူးမြစ် တံတားစီမံကိန်း၊ လျှပ်စစ်စွမ်း အားစီမံကိန်း၊
အရှေ့-အနောက် စီး ပွားရေးစင်္ကြန်စီမံ ကိန်းနှင့်
ရန်ကုန်အထူးကု ဆေးရုံသစ်ကြီးစီမံကိန်းတို့တွင် တာဝန်ထမ်းဆောင်ကြမှာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရသပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •