မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဥက္ကဌ Covid 19 ရောဂါပိုးကူးစက်ခံရ၍ နေအိမ်နှင့်လမ်းအားlock downချထား

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဌ Covid 19 ရောဂါပိုးကူးစက်ခံရ၍နေအိမ် လမ်းအားlock down ချထား

ရွေပြည်သာl အောက်တိုဘာ ၂

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဌ Covid 19 ရောဂါပိုးကူးစက်ခံရ၍နေအိမ် လမ်းအားlock down ချထားကြောင်း ရွှေပြည်သာမြို့နယ် သတင်းစာဆရာအသင်း ဒုဥက္ကဌဦးရွှေမြင့်ဦး ထံမှသိရပါတယ်။

” ကျွန်တော်ဒီသတင်းစကြားတော့ မီဒီယာကောင်စီကိုအတည်ပြုဖို့ ဖုန်းဆက်တယ် တစ်ယောက်မှဆက်မရဘူး၊ နောက်တော့ သူ့သမီးကြီးဖုန်းကိုဆက်တော့ရတယ် ၊ “အခု အဖေအောက်ဆီဂျင်ရှူနေတယ်၊ သက်သာလာမှာပါ၊ အဖေ ကိုပြောပြလိုက်မယ် လို့တော့ပြောတယ် ” ဟု ဦးရွှေမြင့်ဦး ကပြောပြပါတယ်။

မီဒီကောင်စီဥက္ကဌ Covid 19 ရောဂါကူးစက်ခံနေရကြောင်းသတင်းအရ ရွှေပြည်သာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ ဆက်သွယ်မေးမြန်းကြည့်ရာမှာ ” နေ့ခင်းကမှသူနာပြုဆရာမတစ်ယောက်လာသတင်းပို့လို့သိရတာပါ ၊ အဘဦးအုန်းကြိုင်(၉၁)နဲ့သူ့သမီးတစ်ယောက် ပေါင်း၂ယောက် ပေါ့စတစ်တွေ့တယ်လို့လာပြောတယ်အဲဒါနဲ့ သူ့အိမ်နဲ့လမ်းကို ခုညနေပဲLock downချလိုက်တာပါ”ဟုရွေပြည်သာမြို့နယ်အမှတ်၆ရပ်ကွက် မှအုပ်ချုပ်ရေးမှူးဦးညိုအိကအောက်တိုဘာ၂ရက်ညနေပိုင်းကအခုလို​ပြောပြခဲ့တာပါ။

လွန်ခဲ့သော၃ရက်ခန့်ကတပ်မတော်(ဆေး)မှယာဉ်တစ်စီးကနေထိုင်မကောင်းဖြစ်နေသည့်မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဥက္ကဌ ဖြစ်သူရွေပြည်သာမြို့နယ်အမှတ်၆ရပ်ကွက်အပိုင်(၉)ပင်းယပန်းခြံလမ်းတွင်နေထိုင်သည့်သတင်းစာဆရာကြီးဦးအုန်းကြိုင်အားလာရောက်ခေါ်ဆောင်သွားခြင်းဖြစ်ပြီးနောက်တစ်နေ့တွင်လည်းကျန်ရှိနေသောနေအိမ်မှမိသားစုများကိုပါလာရောက်ခေါ်ဆောင်သွားတာဖြစ်ကြောင်းမည်သည့်ဆေးရုံသို့ခေါ်ဆောင်သွားမှန်းမသိရကြောင်း အုပ်ချုပ်ရေးမှူးပြောစကားအရသိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဆရာကြီးဦးအုန်းကြိုင်ထံဖုန်းဆက်သွယ်မေးမြန်းရာ တွင်သမီးဖြစ်သူမသန္တာက
” ဟုတ်ပါတယ်အခုအဖေကအသဲဆေးရုံမှာပါ သက်သာပါတယ်အခုတော့အောက်စီဂျင်ရှူပေးနေရတယ် ကျွန်မလည်းအဖေနဲ့အတူရှိပါတယ် ” ဟု ပြန်လည်ဖြေကြားခဲ့ပါတယ်။

မင်းထွဏ်း


Spread the love
  •  
  •  
  •  
  •  
  •  
  •