မြန်မာနိုင်ငံအတွက် ယူနီဆက်ကထောက်ပံ့တဲ့ COVID-19 စမ်းသပ်ပစ္စည်းတွေရောက်ပြီ။

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအဖွဲ့အစည်းကြီးကိုယ်စား ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က COVID-19 တုံ့ပြန်ကာကွယ်ရေးလုပ်ငန်းအတွက် နိုင်ငံတကာကအကူအညီတွေ ဆထက်ထမ်းပိုးပေးနိုင်ဖို့ ကုန်စည်နဲ့ လူများကို သယ်ဆောင်လာမယ့် ကယ်ဆယ်ရေးဆိုင်ရာပျံသန်းမှုတွေကို စတင်ဆောင်ရွက်နေပါတယ်။ အဲဒီ အကူအညီကို ဥရောပသမဂ္ဂနဲ့ ဆွစ်ဇာလန်နိုင်ငံတို့က ပံ့ပိုးပေးပါတယ်။

Gavi၊ the Vaccine Alliance ရဲ့အကူအညီနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂကလေးများရံပုံငွေအဖွဲ့ (UNICEF) က ဝယ်ယူပေးခဲ့တဲ့ COVID-19 စမ်းသပ်ပစ္စည်း အခု ၁၀,၀၀၀ တင်ဆောင်လာတဲ့ ပထမဆုံးလေယာဉ်ဟာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယနေ့တွင်ဆိုက်ရောက်ခဲ့ပြီးဖြစ်ပါတယ်။

ဘုံရန်သူဖြစ်တဲ့ COVID-19 ကို တုံ့ပြန်မှုဖြစ်တဲ့ အတူပူးပေါင်းဆောင်ရွက်ခြင်းရလဒ်တစ်ခုကို ဒီနေ့မှာတွေ့မြင်ရပြီဖြစ်ပါကြောင်း၊ အားလုံးရင်ဆိုင်နေရတဲ့ အဆိုပါဘုံရန်သူကို အတူတွန်းလှန် တိုက်ထုတ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ၏ဌာနေကိုယ်စားလှယ်/ လူသားချင်းစာနာထောက်ထားမှုညှိနှိုင်းရေးတာဝန်ခံ Ola Almgren မှ ပြောကြားခဲ့ပါတယ်။

Source – United Nations Myanmar


Spread the love
  •  
  •  
  •  
  •  
  •  
  •