မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ရန် ဘင်္ဂလားဒေ့ရှ် တောင်းဆိုချက်အား နိုင်ငံခြားရေးဝန်ကြီးဌာနကန့်ကွက်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မြန်မာနိုင်ငံအပေါ် စီးပွားရေးကန့်သတ်ပိတ်ဆို့မှုများပြုလုပ်ရန် ဘင်္ဂလားဒေ့ရှ် တောင်းဆိုချက်အား နိုင်ငံခြားရေးဝန်ကြီးဌာနကန့်ကွက်

(၂၄-၇-၂၀၂၀ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်သည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး Mr. Manjurul Karim Khan Chowdhury အား ၂၄-၇-၂၀၂၀ ရက်နေ့၊ ၁၄၀၀ နာရီအချိန်တွင် နေပြည်တော်ရှိနိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံ ခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံဆက်ဆံရေး ကိစ္စရပ်များနှင့် နှစ်နိုင်ငံ နယ်စပ် ရေးရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး၊ အမြဲတမ်းအတွင်းဝန်က နေရပ်စွန့်ခွာ သူများအရေး နှင့်ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် နှစ်နိုင်ငံအကြားရရှိခဲ့သည့် သဘောတူညီချက်များ နှင့်အညီ ဖြေရှင်းသွားရန် အဆင်သင့်ရှိကြောင်းနှင့် နှစ်ဖက်စလုံး မှလည်း အဆိုပါ သဘော တူညီချက်များကို တိကျစွာ အကောင်အထည်ဖော် ဆောင်ရွက် သွားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် အမြဲတမ်းအတွင်းဝန်က ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဌာနက မကြာသေးမီက ထုတ်ပြန်ခဲ့သည့် သတင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာမှ စီးပွားရေး ကန့်သတ်ပိတ်ဆို့မှုများ ပြုလုပ်ရန် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ပန်ကြားခဲ့ကြောင်း ထည့်သွင်းဖော်ပြချက် အပေါ်စိတ်ပျက်မိကြောင်း၊ နှစ်နိုင်ငံ အရေးကိစ္စများကို ဖြေရှင်း ရေးတွင် အထောက်အကူ မပြုနိုင်သည့် ဘင်္ဂလားဒေ့ရှ်၏ မလိုမုန်းထား လုပ်ရပ်များကို ကန့်ကွက်ကြောင်း၊ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် အိမ်နီးချင်း နှစ်နိုင်ငံအနေဖြင့် ချစ်ကြည် ရင်းနှီးသည့် ဆက်ဆံရေးကို ထိန်းသိမ်းခြင်းဖြင့်သာ နေရပ်စွန့်ခွာသူများအရေး ပြဿနာကို ဖြေရှင်းရာတွင် ရေရှည်အဖြေကို ရရှိစေနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

Source – MOFA


Spread the love
  •  
  •  
  •  
  •  
  •  
  •