မြန်မာနိုင်ငံ မိုးရာသီ ဝင်လာပါပြီ ။ ပြည်သူများ ရာသီမရွေး စိတ်ခွန်အား၊ ကိုယ်ခွန်အားနဲ့ပြည့်ကြပါစေ (ဒေါ်အောင်ဆန်းစုကြည်)

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မုတ်သုန်လေ တိုက်ခတ် ဝင်ရောက်လာပါပြီ။ ‘မုတ်သုန်’ ဆိုတာကတော့ ‘ရာသီ’လို့ အဓိပ္ပါယ်ပေါက်တဲ့ အာရဗီ ဝေါဟာရက
ဆင်းသက်လာတာဆိုတော့ ‘ရာသီလေ’လို့ ခေါ်ရမှာပေါ့။

မြန်မာနိုင်ငံ မိုးရာသီ ဝင်လာပါပြီ။ ဒါပေမဲ့ ကျွန်မ တို့ ငယ်ငယ်
တုန်းက မိုးတွင်းမျိုးမဟုတ်တော့ပါ။ ဒါက အသက်ကြီးသူတို့စ
ရိုက်အရ “ဟိုး…ဒို့ငယ်ငယ် တုန်းက ဒီလိုမဟုတ်ဘူး” လို့ပြောတဲ့
စကားမျိုးမဟုတ်ပါဘူး။ ရာသီဥတုပြောင်းလဲခြင်းကိုထောက်ပြ
တာဖြစ်ပါတယ်။ မပြောင်းလဲတာကတော့ ရာသီအလိုက်ဖြစ်ပေါ်
တတ်တဲ့ ရောဂါ တွေကိုကာကွယ်ဖို့ လိုခြင်းပါပဲ။

Covid နဲ့ လုံးပန်း နေရလို့ မိုးကာလမှာဖြစ်တတ်တဲ့ သွေးလွန်တုပ်
ကွေး၊ ဆင်တုပ်ကွေးတို့လို အခြားအန္တရာယ်တွေကိုမမေ့ထားပါနဲ့။ ဖျားနာတယ်ဆိုရင် ကိုယ်ခံအားကျဆင်းပါတယ်။ အခံအားကောင်း
ဖို့က အခုလိုအချိန်မှာ အထူးလိုအပ်တယ်လေ။ ဖျားနာတယ်ဆိုရင်
သတိထားပါ၊ အနီးဆုံး ကျန်းမာရေးဌာနကို သွားပြပါ။ ဒါပေမဲ့ အစိုးရိမ် မလွန်ပါနဲ့။

Covidကြောင့် ကလေးများ ပုံမှန်ထိုးရမဲ့ ကာကွယ်ဆေး ထိုး နှံ/
တိုက်ကျွေးရေးအစီအစဉ်တွေ အချိန်ကျ မဆောင်ရွက်နိုင်ခဲ့ပါဘူး။ကာကွယ်ဆေးများဟာ ကလေးတွေ တစ်သက်တာအတွက် အလွန် အရေးကြီးတာကြောင့် covid ကာကွယ်၊ ထိန်းချုပ်ရေးနဲ့လုံးပန်း
နေရသခိုက်မှာပဲ၊ ကျန်းမာရေးဝန်ကြီးဌာနကဒီအစီစဉ်ကိုစတင် ဆောင်ရွက်နေပါပြီ။ ကလေးမိဘများကလည်း အထူး ဂရုစိုက်ပြီးပူးပေါင်းဆောင်ရွက်စေချင်ပါတယ်။

တစ်ခါတလေ စဉ်းစားမိပါတယ်၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်
အောင်၊ ပြည်သူများ ဘဝလုံခြုံအောင်ကြိုးပမ်းရတာဟာ၊ ရာသီလေလို အချိန်အကန့်အသတ်နဲ့သာ တိုက်လို့ရတာမျိုးမဟုတ်၊ အမြဲတမ်းအချိန်မရွေးတိုက်ခတ်နေရမဲ့အရာပါပဲ။

ပြည်သူများ ရာသီမရွေး စိတ်ခွန်အား၊ ကိုယ်ခွန်အားနဲ့ပြည့်ကြပါ
စေ။

 

(ဒေါ်အောင်ဆန်းစုကြည်)


Spread the love
  •  
  •  
  •  
  •  
  •  
  •