မြန်မာနိုင်ငံ မြေရိုင်း ဘ၀ ပြန်မရောက်နိုင်တော့သည်ကို ပြည်သူတွေ စိတ်ချစေချင်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အာမခံ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မြန်မာနိုင်ငံ မြေရိုင်း ဘ၀ ပြန်မရောက်နိုင်တော့သည်ကို ပြည်သူတွေ စိတ်ချစေချင်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အာမခံပြောကြား
============================
ရန်ကုန်၊ ၂၀၂၀ စက်တင်ဘာ ၁၇ရက်

မြန်မာနိုင်ငံ မြေရိုင်း ဘ၀ ပြန်မရောက်နိုင်တော့သည်ကို ပြည်သူတွေ စိတ်ချစေချင်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကအာမခံပြောကြားလိုက်သည်။

စက်တင်ဘာ ၁၇ရက် နိုင်ငံရေးပါတီများ ရွေးကောက်ပွဲနှင့်ပတ်သက်၍ မြန်မာ အသံတွင် မိန့်ခွန်းထုတ်လွှင့် ရာတွင် အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကပြောကြားခဲ့ခြင်းဖြစ်သည်။

“ခြံစည်းရိုးစခတ်။ စတင်ရှင်းလင်းပြီး အရိုင်းအဆင့်က ဥယျာဉ်ပုံစံပေါ်စပြုနေတဲ့ တန်ဖိုးရှိမြေကြီးကို လန်းဆန်းစိုပြေ ဖူးပွင့်ဝေဆာ အဟာရပြည့် သစ်သီးဝလံ အရိပ်ပြည့်သစ်ပင်များနဲ့ သာယာ လုံခြုံရာဘုံဖြစ်အောင် ဆောင်ရွက်ချင်ပါတယ်။ covid 19ကပ်ရောဂါ ကြီးလို မမျှော်မှန်းနိုင်တဲ့ မုန်တိုင်းများတိုက်ခတ်ရင်လည်းစေတနာ ၊ပညာ၊ ဇွဲ ၊လုံ့လတို့နဲ့ ရှိတဲ့အရင်း အမြစ်တွေကိုသုံးပြီး ဥယျာဉ်ကြီး အထိအခိုက်အနည်းဆုံးဖြစ်အောင် ဥယျာဉ်မှူးများကတာဝန်ယူလုပ်ဆောင်ရပါမယ်။ မြေရိုင်းဘဝပြန်မရောက်နိုင်တော့ဘူးလို့ ပြည်သူတွေ စိတ်ချနိုင်စေချင်ပါတယ်”ဟု ၎င်းကပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ၂၀၁၅ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူလူထုထောက်ခံ ဆန္ဒမဲထက်ဝက်ကျော်ဖြင့်အနိုင်ရကာအစိုးရတစ်ရပ်ဖွဲ့စည်းနိုင်ခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အစိုးရလက်ထက်တွင် ပြည်တွင်းငြိမ်းချမ်းရေးကို အဓိကထားလုပ်ဆောင်ခဲ့ပြီး ၂၁ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကိုစတင်အကောင်အထည်ဖော်ဆောင်ခဲ့သည်။

ထို့အပြင် နိုင်ငံတော်၏ လျှပ်စစ်ဓါတ်အားကို အများပြည်သူ ပြည့်ဝစွာရရှိရေးနှင့် နိုင်ငံအဝှမ်းလျှပ်စစ်မီးရရှိရေး၊ကျေးလက်မီးလင်းရေးတို့ကို ဦးစားပေးလုပ်ဆောင်ခဲ့သည်။

minthihan (Myanmar Harp)


Spread the love
  •  
  •  
  •  
  •  
  •  
  •