မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ထိပ်ပိုင်းရာထူးနေရာများ နဲ့ ဖွဲ့စည်းပုံ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် တွင် ရဲချုပ်၊ ဒုတိယရဲချုပ်နှင့် ဦးရေးထောက် ဆိုင်ရာရဲမှူးချုပ်အဆင့်များက တာဝန်ယူကြီးကြပ်ကာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တစ်ခုလုံးအား ကြီးကြပ်ကွပ်ကဲထိန်းချုပ်သည်။ ဦးစီးဌာနတွင် ရဲမှူးချုပ် တစ်ဦးမှ ဦးစီး၍ နိုင်ငံအတွင်းလုံခြုံရေး၊ ထောက်လှမ်းရေး၊ မှုခင်းများ၊ သင်တန်းများ၊ ဖွဲ့စည်းမှု၊ ကြီးကြပ်ကန့်သတ်ပစ္စည်း များ ထုတ်ပေးအပ်နှံခြင်း၊ စစ်ဆေးရေးနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးများကို ကြီးကြပ်ဆောင်ရွက်သည်။

ရေးဌာနတွင် ရဲမှူးချုပ်တစ်ဦးမှကွပ်ကဲပြီး ရာထူးခန့်ထားရေး၊ ပြောင်းရွှေ့နေရာချထားရေး၊ ရဲစည်းကမ်း၊ လစာစရိတ်၊ သက်သာချောင် ချိမှုနှင့် အငြိမ်းစားခံစားခွင့်များ ဆောင်ရွက်သည်။

ထောက်ဌာနတွင် ရဲမှူးချုပ် တစ်ဦးမှကွပ်ကဲပြီး ထောက်ပံ့ပို့ဆောင်ရေး၊ ပြင်ဆင်ရေး၊ ဝယ်ယူဖြည့်တင်းရေး၊ ဘဏ္ဍာရေးများဆောင်ရွက်သည်။ ဓါတုဗေဒစစ်ဆေးရေးဌာနကို ညွှန်ကြားရေးမှူးအဆင့်မှ ကြီးကြပ် ကွပ်ကဲ၍ အစွန်းအထင်း/ အဆိပ်အတောက် ဓာတ်ခွဲစစ်ဆေးပေးခြင်း၊ မူးယစ်ဆေးဝါးနှင့် အထွေထွေ ဓာတ်ခွဲစစ်ဆေးပေးခြင်းများ ဆောင်ရွက်သည်။

အကြီးအကဲများ

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် မှာ ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးဖြစ်သည်။ ဒုတိယရဲချုပ်များမှာ ရဲဗိုလ်ချုပ် အောင်နိုင်သူနှင့် ရဲဗိုလ်ချုပ် မျိုးဆွေဝင်း တို့ ဖြစ်သည်။

လက်အောက်ခံတပ်ဖွဲ့နှင့် အကြီးအကဲများမှာ- ရဲဦးစီးအရာရှိချုပ် ရဲမှူးချုပ် မျိုးသန်း၊ ရဲရေးချုပ် ရဲမှူးချုပ် ဝင်းထွန်း၊ ရဲထောက်ချုပ် ရဲမှူးချုပ် သန်းတင်အောင်၊ ရဲတပ်ရင်းများကွပ်ကဲရေးမှူး ရဲမှူးချုပ်သန်းဟန် သတင်းတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးချုပ် မြဝင်း၊ စည်ပင်သာယာရေးတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းကြည်၊ မှုခင်းတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင်၊ ရဲဗဟိုလေ့ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီးရဲမှူးချုပ် သိန်းတင့် ယာဉ်ထိန်းတပ်ဖွဲ့တပ်ဖွဲ့မှူး ရဲမှူးကြီးအောင်ကိုဦးဖြစ်သည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး များမှာ – ရဲမှူးချုပ်မျိုးမင်းထိုက်(ရန်ကုန်)၊ ရဲမှူးကြီးအောင်ထွဋ်(မန္တလေး)၊ ရဲမှူးကြီးဘကြည်(မကွေး)၊ ရဲမှူးကြီးသိန်းကြည်(ပဲခူး)၊ ရဲမှူးကြီးမျိုးဆွေဝင်း(ပဲခူး အနောက်)၊ ရဲမှူးကြီးညွန့်ဝင်း(တနင်္သာရီ)၊ ရဲမှူးကြီးမောင်မောင်လွင်(ကချင်)၊ ရဲမှူးကြီး မောင်မောင်(ကယား)၊ ရဲမှူးကြီး အောင်မြတ်မိုး(ကရင်)၊ ရဲမှူးကြီးမြင့်တိုး(ချင်း)၊ ရဲမှူးကြီးတင်မောင်(မွန်)၊ ရဲမှူးကြီး ကြည်လင်း(ရခိုင်)၊ ရဲမှူးကြီးဝင်းနိုင်(ရှမ်း တောင်ပိုင်း)၊ ရဲမှူးကြီးစန်းလွင်(ရှမ်း မြောက်ပိုင်း)၊ ရဲမှူးကြီးဝင်းကြည်(ရှမ်း အရှေ့ပိုင်း)တို့ ဖြစ်သည်။

 


Spread the love
  •  
  •  
  •  
  •  
  •  
  •