မြန်မာနိုင်ငံ ဝေးလံ ​ခေါင်ဖျား ​ဒေသများမှ လူနာများအား အဝေးထိန်းစနစ်ဖြင့် ကုသနိုင်မည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း ဂျပန်က​ဖော်​ဆောင်​ပေးမည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

မြန်မာနိုင်ငံတွင် မြို့ပြနှင့် ဝေးလံ သောနေရာများမှ လူနာများအား အဝေးထိန်းစနစ်ဖြင့် ကြီးကြပ်ကုသနိုင်မည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းအား ဂျပန်နိုင်ငံကဆောင်ရွက်သွားရန် စီစဉ်နေ
—————————————–
မြို့ပြနှင့် ဝေးလံ သောနေရာများမှ လူနာများအား အဝေးထိန်းစနစ်ဖြင့် ကြီးကြပ်ကုသနိုင်မည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းအား ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိကြောင်း နိုင်ငံတကာဆေးပညာဆိုင်ရာ လူမှုရေးအဖွဲ့အစည်းတစ်ခုဖြစ်သော Japan Heart မှ အဖွဲ့အစည်းတည်ထောင်သူ နှင့် ဂုဏ်ထူးဆောင်အကြံပေး Dr. Hideto Yoshioka မြန်မာသံအမတ်ကြီး ဦးစိုးဟန်နှင့်၁၆-၁၂-၂၀၂၀ ရက်က တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

Dr. Hideto Yoshioka မှ မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ ဝါးချက်ဇီဝိတဒါနသံဃာ့ဆေးရုံကြီးတွင် Japan Heart မှ ဆေးကုသဆောင်ရွက်ပေးနေမှုအခြေအနေများ၊ မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံရှိ ကင်ဆာရောဂါဝေဒနာခံစားနေရသော ကလေးငယ်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးအပ်နေမှု အခြေ အနေ၊ မြန်မာနိုင်ငံတွင် အသည်းအစားထိုးကုသပေးမှု (၃) ကြိမ် ဆောင်ရွက်နိုင်ခဲ့မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကြောင့်လည်း ဂျပန်နိုင်ငံ မြန်မာ သံရုံးမှ သိရှိရသည်။

Photo Credit to မြန်မာသံရုံး၊တိုကျို


Spread the love
  •  
  •  
  •  
  •  
  •  
  •