မြန်မာပြည်မှာ WHO အသိအမှတ်ပြု Antigen rapid test ကို မကြာခင်အသုံးပြုပြီး စစ်ဆေးပေးတော့မယ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မြန်မပြည်မှာ WHO အသိအမှတ်ပြု Antigen rapid test ကို မကြာခင်အသုံးပြုပြီး စစ်ဆေးပေးပါတော့မယ်

ကိုဗစ်ရောဂါနဲ့ပတ်သက်ပြီး မြန်မာပြည်အတွက် သတင်းကောင်းပါ။

ကိုဗစ်ရောဂါ ထိန်းချုပ်ရေးမှာ အဓိကအကျဆုံးက ပိုးရှိမရှိစမ်းသပ်စစ်ဆေးနိုင်ဖို့ပါ။

NHL အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်းအနေနဲ့ workload များလွန်းလို့ စောင့်ဆိုင်းနေရတဲ့ ဓာတ်ခွဲနမူနာ တစ်သောင်းကျော်ရှိပါတယ်။

WHO အသိအမှတ်ပြု Antigen rapid test ကို မကြာခင်အသုံးပြုပြီး စစ်ဆေးပေးပါတော့မယ်။

COVID-19 ရောဂါ ရှိမရှိ နာရီဝက်အတွင်း စစ်ဆေးသိရှိနိုင်မှာပါ။

COVID-19 ရောဂါ antigen ရှိ၊ မရှိကို လျင်မြန်စွာ စစ်ဆေးနိုင်မည့် ကမ္ဘာ့ကျန်းမာရေးအသိအမှတ်ပြု test kit များကို ကနဦးအနေဖြင့် အခုရေ (၂၀၀,၀၀၀) မှာယူထားပါတယ်။

အဲဒီစမ်းသပ်ပစ္စည်းတွေကို ဆေးရုံအသီးသီးအတွက် ဖြန့်ဖြူးပေးသွားမှာဖြစ်ပါတယ်။

ရက်ပိုင်းအတွင်းရောက်လာမှာပါ။

မန္တလေးမြို့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲခန်းက နေ့စဥ် တို့ပတ် ၈၀၀ ကျော်ကို မနက်ကနေ ညအထိ စနေ တနင်္ဂနွေ ပိတ်ရက်မယူ စမ်းသပ်စစ်ဆေးပေးနေပါတယ်။

မန္တလေးအပြင် စစ်ကိုင်းတိုင်း၊ ရှမ်းမြောက်နဲ့ ကချင်ပြည်နယ်တွေအတွက်ပါ စမ်းသပ်ပေးနေတာပါ။

Credit Dr Khin Khin Gyi


Spread the love
  •  
  •  
  •  
  •  
  •  
  •