မြန်မာပြည်အတွက် ဆူးညှောင့်ခလုတ် များ မဖြစ်စေချင်…..

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မြန်မာပြည်အတွက် ဆူးညှောင့်ခလုတ် များ
မဖြစ်စေချင်…..

မိမိတို့နိုင်ငံနဲ့ နိုင်ငံသားများက ရှေးရိုးစွဲ ဆန်ကြပါတယ်၊
ခေါင်းဆောင်တစ်ယောက်ကို ချစ်ပြီ၊ ယုံကြည်
ပြီဆိုလျှင် ဘယ်သူလာဖျက်ဖျက် NO ပါ။
မိမိတို့ချစ်ခင် နှစ်သက်ပြီး ယုံကြည် မြတ်နိူး တဲ့ ခေါင်းဆောင်ကို ထိရင် မီးပွင့်သွားစေရမယ်တိုတဲ့ အနေအထားမျိုးတွေနဲ့ အမြဲအဆင်သင့် ရှိနေကြသူတွေဖြစ်ပါတယ်။
ခေါင်းဆောင်တစ်ယောက်ကိုလည်း ဖြုန်းကနဲ ချက်ချင်း ချစ်ခဲပါတယ်၊
ခေါင်းဆောင်၏ ပြောဆိုမူ၊ လုပ်ကိုင်ဆောင်ရွက်မှု၊ နေထိုင်မှု၊ စေတနာပါမှု၊ စသည်တို့ကို ကြည့်ပြီးမှ အားလုံးကတစ်ပြိုင် တည်း ဆုံးဖြတ် ရပ်တည် ကြတာဖြစ်ပါတယ်။

လူတစ်ယောက်၊ အဖွဲ့အစည်း တစ်ခုကို မုန်းပြီ၊ရွံပြီဆိုရင်တော့ ဟင် ဆိုပြီးလုံးဝ လှည့် မကြည့် တော့ပါဘူး၊

ဒါပေမယ့်လည်း သီးခံ ခွင့်လွှတ်မှုကလည်း ရှိနေကြပြန်ရော၊
အချိန်တော့စောင့်ကြည့်ရတာပေါ့၊
လူထုကော၊ ထိုကာယကံရှင်ကော ဖြစ်ပါတယ်။
ကာယကံရှင် သို့မဟုတ် အဖွဲ့ အုပ်စု ၏ နေထိုင် ဆောင်ရွက်နေသည့် အနေအထား၊အခြေအနေ၊ အကျိုး၊ အပြစ်တွေကို မျက်ခြေမပြတ် စောင့် ကြည့်ပြီးမှ ခွင့်လွှတ်မလား ၊

ဒါမှမဟုတ် အမုန်းတွေကိုပဲ ဆက်ပြီးပေးကြမှာလား ဆိုတာကိုလည်း နိုင်ငံသားအားလုံးရဲ့ မည်သည့်ဘာသာဝင်ပဲဖြစ်ပါစေ မြန်မာပြည်သူများ၏ စရိုက်လက္ခဏာ တွေဖြစ်ပါတယ်။

ယခုအချိန်ကာလမှာ ဒေါ်အောင်ဆန်းစုကြည် ကို ပြည်သူ ကချစ်ခင်၊ယုံကြည်၊အားကိုးနေကြတာက ခုမှချက်ချင်း လက်ငင်း ဖြစ်ပေါ်လာတာမဟုတ်ပါဘူး။
သူမရဲ့ နေထိုင်၊သွားလာမူ၊တိုင်းပြည်နဲ့ ပြည်သူများအပေါ် ထားတဲ့သဘောထားများ နဲ့ ပြုမူ ဆောင်ရွက်မူများကို အချိန်ကာလများစွာ ကြည့်ပြီးမှ ပြည်သူအများစုက
တစ်သဘောတည်း တူညီစွာ ဆုံးဖြတ်၊ရပ်တည်နေကြ ရပ်တည်လိုက်ကြတာဖြစ်ပါတယ်။

ဒါကိုလည်း မိမိတို့ တိုင်းပြည်၏ ကောင်းကျိုး ချမ်းသာ၊ဖွဲံ့ဖြိုးပြီး ၊စည်းစည်းလုံးလုံးနဲ့
ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး
အဖြစ် ပုံဖော် ရပ်တည်နေလိုသူများရဲ့ သဘောထားများနဲ့ ရပ်တည် ယုံကြည်နေမူပါပဲ။

လက်ရှိအချိန်ကာလအထိ ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်ကို ဒုက္ခမပေးပါဘူး၊စားလည်းဒီစိတ်၊သွားလည်းဒီစိတ်၊အိပ်ရင်လည်းဒီစိတ်နဲ့ပဲ အိပ်မှာပါ၊
ဒါကဘာလည်းဆိုတော့ မိမိတို့ မြန်မာပြည်ကို
အေးချမ်းပြီး အဆင်ပြေဖို့၊ စည်းလုံး ညီညွတ်ဖို့၊
ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအဖြစ် အားလုံးက လိုလိုလားလား အပေးအယူများနဲ့ တစ်ပေါင်းတစ်စည်းတည်းဖြစ်ဖို့၊ ကောင်းမွန်ပြီး ငြိမ်းချမ်း သာယာဝပြောတဲ့
ပြည်ထောင်စုကြီးအဖြစ် နိုင်ငံတကာ အလယ်မှာ
ဝင့်ကြွား ထည်ဝါစွာ ရပ်တည်ရပ်တည်နိုင်စေဖို့၊
တပ်မတော်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များအားလုံး စုစည်းကြကာ တိုင်းပြည်အကျိုးကိုသယ်ပိုးနိုင် ကြစေဖို့၊
နိုင်ငံသားအားလုံး လွတ်လပ် လုံခြုံစွာ နေထိုင်၊စားသောက်၊စီးပွားရှာနိုင်ကြစေဖို့၊
တိုင်းပြည်၏ အခြေခံ ဖြစ်တဲ့ ပညာရေး၊သက်မွေးဝမ်းကျောင်းမူပညာများထွန်းကား ဖြစ်တည်လာစေဖို့၊
နိုင်ငံသားအားလုံး၏ ကျန်းမာရေးကို တတ်နိုင်သ၍ စောင့်ရှောက်နိုင်စေဖို့၊
နိုင်ငံမှာ ဗုဒ္ဓဘာသာဟာ မိမိတို့နိုင်ငံကိုစတင်သန္ဓေတည်
ဖြစ်စ်လာစေပြီးအများစုက ကိုးကွယ်သည့် ဘာသာဖြစ်ကာ၊
ကျန်တဲ့ဘာသာများဖြစ်တဲ့ ခရစ်ယာန်၊ အစ္စလာမ်၊ဟိန္ဒူဘာသာနဲ့ နတ်ကိုးကွယ်သောဘာသာဝင်နိုင်ငံသားများကိုလည်း ဗုဒ္ဓဘာသာဝင်နိုင်ငံသားများနဲ့ တန်းတူ ရည်တူ လွတ်လပ်အန္တရာယ်ကင်းစွာ ကိုးကွယ်နိုင်ကြစေဖို့၊
စီးပွားရေးများ ဖွံ့ ဖြိုးတိုးတက်စေဖို့၊
မိမိနိုင်ငံသားအားလုံးကို တန်းတူရည်တူ တန်ဘိုးထား ဆက်ဆံပြီး၊နိုင်ငံတကာသို့ ရောက်ရှိနေကြသော နိုင်ငံသားအားလုံးကိုလည်း ကာကွယ် တန်ဘိုးထား စောင့်ရှောက်နိုင် စေဖို့၊
စသည် စသည့် လူတစ်ယောက်၊နိုင်ငံသားတစ်ယောက်၏ မွေးရာပါ အခွင့်အရေးများနဲ့အတူ လူမူ စီးပွား ကျန်းမာ ပညာ အစရှိသည့် လိုအပ်သောအရာမှန်သမျှကို ဖြည့်ဆည်းပေးလိုတဲ့ ဆန္ဒများကိုသာ –
သူမ၏ ခေါင်းထဲတွင် စားလည်းဒီစိတ်၊
သွားလည်းဒီစိတ်၊ အိပ်လည်းဒီစိတ်၊
လို့ ရေးသား သုံးသပ် တင်ပြခြင်းဖြစ်ပါတယ်။
ဒါကြောင့် လည်းပြည်သူ ပြည်သားအများစုအပေါင်းက ချစ်ခင် ယုံကြည်နေကြပြီး ပြည်သူ့နှစ်လုံးသားထဲတွင်
ဒေါ်အောင်ဆန်းစုကြည် ရှိသလိုသူမ၏ နှစ်လုံးသားထဲတွင်လည်း ပြည်သူများရှိနေပါတယ်။
စာရေးသူကို ပိုတယ်၊ ဖားနေတယ်လို့ မထင်ကြပါနဲ့၊
ယနေ့မိမိတို့တိုင်းပြည်ရဲ့ ပကတိ အခြေ အနေနဲ့ ဖြစ်ရပ်အမှန် ဖြစ်ပါတယ်။

ခုအချိန်မှာ သူမ ပြိုလဲ ရင် တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပါအဝင်၊အခြားအခြားသော နယ်ပယ်များပါ လဲ သွားနိုင်ပါတယ်။

သူမ၏ နေရာမှာ အစားထိုးနိုင်မည့်သူ မရှိသေးပါဘူး၊
သို့ကြောင့် သူမကို မှီတည်ပြီး တိုင်းပြည်အတွက် လိုအပ်တာများကို အဆင်ပြေစေရန် ဝိုင်းဝန်းတည်ဆောက်ကြရမှာဖြစ်ပါတယ်။

ယခုလတ်တစ်လော ဖြစ်နေပြီး စည်းပျက် ကမ်းပျက် ပြောဆိုနေသည့် ကိုဌေးအောင် အား နောက်ကွယ်မှ အထောက်အကူ အဖြစ် အင်အားတစ်ရပ်အသွင် ရပ်နေကြသော လူပုဂ္ဂိုလ်၊အဖွဲ့များသည် တိုင်းပြည်နဲ့ ပြည်သူများ၏ အကျိုးကို ငဲ့ပြီးဆင်ခြင် ကြဖို့လိုအပ်လာပါပြီ။

ဥပမာတစ်ခုနဲ့ အသိပေးခြင်ပါတယ်၊
မိမိတို့ မြန်မာပြည်နဲ့ပတ်သက် ပြီး လုပ်ဆောင် ပြုမူ မှူ များက
ကောင်းမွန်မူသည် ဒေါ်အောင်ဆန်းစုကြည် ဆီမှာများပြီး၊
အဆိုးတကာ့ အဆိုးတွေသည် အထက်ပါ ကိုဌေးအောင် နောက်မှာရှိနေကြသူအားလုံးပင်ဖြစ်နေပါတယ်။

အကယ်၍များ ကိုဌေးအောင် ၏နောက်မှာ
ဒေါ်အောင်ဆန်းစုကြည် သာရှိနေ ရပ်တည်နေပါက အမျိုးဘာသာ ၊သာသနာကိုဗန်းပြကြကာ ရှာလိုက်ကြမယ့် ပြသနာများ၊

အသင်တို့သည် နိုင်ငံတော်၏ ပိုင်ဆိုင်မူ အများစုအားအခွင့် အာဏာကို အလွဲသုံး စားပြုပြီး ရသလောက်နဲ့ လိုသလောက်
ယူငင် ပိုင်ဆိုင်နေကြပါပြီ၊

ဤသည်ကို ဒေါ်အောင်ဆန်းစုကြည် အမှူးပြုသော ပြည်သူများမှ ခွင့်လွှတ်၊ခွင့်ပြုတန်သလောက် သဘောထားကြီးပေး နေကြပြီပဲ၊
ဘာဖြစ်လို့ တိုင်းပြည်ကို ဒုက္ခပေးဘို့ ကြိုးစားနေကြရတာလဲ လို့ မေးလိုက်ပါရစေ။

မိမိတို့ ပြည်သူအများက တိုင်းပြည် ရူတ်ထွေးကုန်မှာ စိုးလို့ နေကြသလို ဒေါ်အောင်ဆန်းစုကြည် ၏ ထိန်းသိန်း စောင့်သိနေလို့သာ အမျက်ဒေါသများကို မြိုချထားတာဖြစ်ပါတယ်။

ယခု ပြောဆိုနေသော အစ္စလာမ်ဘာသာဝင်
ကိုဌေးအောင် သည် တိုင်းပြည်ကို အနှောင့် အယှက် ပြုနေတာ၊ပေးနေတာဖြစ်နေပါပြီ။
ရပ်တန်းက ရပ်ဘို့ လိုလာပါပြီ။

သူ့ကြောင့် မိမိတို့နိုင်ငံမှာ လူမျိုးရေးနဲ့ ဘာသာရေး အဓိကရုန်း ဖြစ်သွားနိုင်ပါတယ်။

သင်တို့ကလည်း အဲဒီလို ဖြစ်စေခြင်နေကြသလိုမျိုးကို တွေ့နေရပါတယ်။
ပြည်သူအများရဲ့အသက်တွေ သွေးတွေကို နင်းပြီး နိုင်ငံ့ အာဏာကို လိုချင်နေကြတာလား ?
(လက်ရှိ တာဝန်ထမ်းဆောင်နေသော တပ်မတော်ကို ဆိုလိုတာမဟုတ်ပါ)။

ကြုံလို့ ပြောပါရစေ၊
ယခု နိုဝင်ဘာလ တွင်ကျင်းပမည့်
(၂၀၂၀) အထွေထွေရွေးကောက်ပွဲမှာ
တပ်မတော်အဆင့်မြင့် အရာရှိများသည် (၂၀၁၅) အထွေထွေထွေရွေးကောက်ပွဲမှာလို
အငြိမ်းစားယူကြပြီး ရွေးကောက်ပွဲကို
ဝင်ရောက် ယှဉ်ပြိုင်အရွေးခံမူမရှိခြင်း၊
မလုပ်ခြင်းကို မိမိ တို့အားလုံးက ကြိုဆို ကြရပေမည်။

မိမိတို့နိုင်ငံသည် ထစ်ကနဲရှိ လူမျိုးရေး၊ဘာသာရေးပြသနာများကို ဖြစ်စေလိုသူများမှာ သမိုင်းအဆက်ဆက် ကိုယ်ကျိုးရှာ အတ္တသမား၊ တစ်ကိုယ်ကောင်းသမားများသာ
ဖြစ်နေ ကြတာဆိုသည်ကို မိမိတို့ ပြည်သူများကလည်း သိနေကြတာ နောကြေ နေကြပါပြီ။

သို့ဖြစ်ပါသောကြောင့် –
တိုင်းပြည်နဲ့ ပြည်သူ များ၏ ကောင်းကျိုး ချမ်းသာမူများ ကိုစောင့်ရှောက်ကြပါ၊
အသက်အန္တရာယ် ဖြစ်စေနိုင်မူမှန်သမျှကို ကာကွယ်ကြပါ၊
တိုင်းပြည်အာဏာကို ပြည်သူလူထု၏ အသက် အိုးအိမ် ကိုထိခိုင်အောင်လုပ်ပြီး မယူကြပါနဲ့၊ထို့အတူ ပြည်သူလူထု၏ သီးခံနိုင်မှုများကုန်ခန်းသွားစေရန်လည်း မဆွကြပါနဲ့၊

ဒေါ်အောင်ဆန်းစုကြည် ၏သီးခံမှု ကိုလည်း
ထပ်ခါ ထပ်ခါ မစော်ကား ကြပါတော့နဲ့၊

သို့ဖြစ်ပါ၍ ကိုဌေးအောင်နှင့် အတူပါဝင်ပတ်သက်သူအားလုံးသည် တိုင်းပြည်ကို ဝရုန်းသုန်းကားဖြစ်စေရန် ပြုလုပ်နေမူအားလုံးကို ဆင်ချင် ရပ်တန့် ကြဘို့ လိုအပ်လာပါပြီ။

ယခုလို ကာလအချိန်အခါတွင်
မိမိတို့တိုင်းပြည်အား တက်ညီ လက်ညီ ဖြင့်
စုပေါင်းအင်အားများ ကိုအသုံးပြုကြပြီး –

ဒေါ်အောင်ဆန်းစုကြည် နှင့်အတူ လက်တွဲကာ
တစ်ချီတစ်မောင်း တွဲလက်မဖြုတ်စတမ်း
ခေတ်သစ်၊ စနစ်သစ်မှသည်

ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး
အဖြစ် ကမ္ဘာမှာ ရပ်တည်နိုင်စေဖို့ –
ညီညွတ်မူများဖြင့် ကိုယ်စွမ်း ဉာဏ်စွမ်း
ရှိသမျှ ဝိုင်းဝန်း တည်ဆောက်ကြပါစို့၊

ဟုပြည်သူ ပြည်သားများအား တိုက်တွန်း
နိူးဆော် ရေးသားလိုက်ရပါတယ်။

အလေးထားစွာဖြင့်- ကိုသိန်းဌေး ၈၈ ပဲခူး၊
………. (၁၃.၈.၂၀၂၀)……….


Spread the love
  •  
  •  
  •  
  •  
  •  
  •