မြန်မာမှာ ကိုဗစ်လူနာ ၆ ဦး ထပ်မံသေဆုံး၊ သေဆုံးသူ ၈၁ ဦးရှိပြီ
ကျန်းမာရေးကောင်းလို့ ဆေးရုံကဆင်းရသူ တစ်ထောင်ကျော်ရှိလာ
ကိုဗစ်အတည်ပြုလူနာတွေထဲကနေ ၆ ဦး ထပ်မံသေဆုံးတာကြောင့် စက်တင်ဘာ ၁၉ ရက် ညနေပိုင်းအထိ သေဆုံးသူပေါင်း ၈၁ ဦး ရှိပြီလို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဒီကနေ့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ မနက်ပိုင်းထုတ်ပြန်ချက်မှာ ၅ ဦးသေဆုံးကြောင်း ပါဝင်ခဲ့ပြီး ခုညနေပိုင်းထုတ်ပြန်ချက်မှာ ၆ ဦး ထပ်တိုးခဲ့တာဖြစ်ပါတယ်။
ဒီနေ့ထုတ်ပြန်ချက်နှစ်ခုပေါင်းအရ သေဆုံးသူ ၁၁ ဦး ရှိပြီဖြစ်ပြီး အားလုံးက အသက် ၆၀ နဲ့အထက် အသက်ကြီးပိုင်းတွေဖြစ်ကာ စက်တင်ဘာ ၁၆၊ ၁၈ နဲ့ ၁၉ ရက်တို့မှာ သေဆုံးခဲ့သူတွေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် မနေ့က တစ်ရက်တည်း ပိုးတွေ့သူ ၃၂၂ ဦးမှာ ရန်ကုန်က ၂၀၈ ဦးနဲ့ အများဆုံး ပဲခူးတိုင်းက ၅၂ ဦးနဲ့ ဒုတိယအများဆုံးဖြစ်နေပြီး ရခိုင်က ၂၇ ဦး ဖြစ်ပါတယ်။
ဓာတ်ပုံ-MPA
ဘီဘီစီမြန်မာပိုင်း