မြန်မာအမျိုးသမီးများကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့သူများအား လူကုန်ကူးမှုဖြင့် ထောင်ဒဏ် နှစ် (၂ဝ)စီ ချမှတ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မြန်မာအမျိုးသမီးများကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့သူများအား လူကုန်ကူးမှုဖြင့် ထောင်ဒဏ် နှစ် (၂ဝ)စီ ချမှတ်

မြန်မာအမျိုးသမီးများအား တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့သူများအား လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် နှစ် ၂ဝ စီ ချမှတ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် မဟာမြိုင် (၂)ရပ်ကွက် တံမြက်စည်းစုနေ ဒေါ်ဌေးဌေးဦး(ခ)ဒေါ်တောနှင့် မခင်သက်နွယ် (ခ)မိနက်၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် ကားဝင်းအနီးနေ မအားပန်(တိမ်းရှောင်)တို့သည် မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံ မြို့နယ်နေ မ—၊ ၂၆ နှစ်နှင့် မ—၊ ၂၃ နှစ်၊ ချမ်းအေးသာစံမြို့နယ်နေ မ—၊ ၂၅ နှစ် တို့အား တရုတ်အမျိုးသားနှင့်လက်ထပ်ပြီး ကလေးမွေးပေးရမည်၊ ကျပ်သိန်း ၆၀ ရမည်ဟု ပြောဆိုစည်းရုံး၍ တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့တာပါ။

အဲဒါကြောင့် မဟာအောင်မြေမြို့နယ် အမှတ်(၉)မြို့မရဲစခန်း (ပ)၈၆၁/၂၀၁၉၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် အမှုဖွင့်ခဲ့ပြီး မန္တလေးခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဇူလိုင် ၃ ရက်တွင် ဒေါ်ဌေးဌေးဦး(ခ)ဒေါ်တောနှင့် မခင်သက်နွယ်(ခ)မိနက် တို့အား လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် နှစ် ၂၀ စီချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံအား တရားခံပြေး ကြေညာခဲ့ကြောင်း သိရသည်။


Spread the love
  •  
  •  
  •  
  •  
  •  
  •