မြန်မာအမျိုးသားလေကြောင်း၏ ပြည်ပ လေယာဉ်ခရီးစဉ်များ စက်တင်ဘာလ (၃၀)ရက်နေ့အထိ တိုးမြှင့်ရပ်ဆိုင်း

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မြန်မာအမျိုးသားလေကြောင်း၏ ပြည်ပ လေယာဉ်ခရီးစဉ်များ စက်တင်ဘာလ (၃၀)ရက်နေ့ အထိ တိုးမြှင့်  ရပ်ဆိုင်း

[𝐀𝐍𝐍𝐎𝐔𝐍𝐂𝐄𝐌𝐄𝐍𝐓]

မြန်မာနိုင်ငံတွင် Covid-19 ရောဂါကူးစက်ပြန့်ပွားမှုများအား ကာကွယ်ရန် မြန်မာအမျိုးသားလေကြောင်း၏ ပြည်ပ လေယာဉ်ခရီးစဉ်များဖြစ်သော စင်ကာပူ၊ ဘန်ကောက်၊ချင်းမိုင် နှင့် ဟောင်ကောင်ခရီးစဉ် ပျံသန်းပြေးဆွဲခြင်းအား ယခင် ၂၀၂၀ ခုနှစ် ဩဂုတ်လ (၃၁) ရက်နေ့ အထိရပ်ဆိုင်းထားရာမှ ယခုတွင် စက်တင်ဘာလ (၃၀)ရက်နေ့ အထိ ထပ်မံတိုးမြှင့် ၍ ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

ထိုကာလအတွင်း ဝယ်ယူထားသောလေယာဉ်လက်မှတ်များအား Full Refund နှင့် Free Date Change ပြုလုပ်ပေးပါသည်။ Agent မှ ဝယ်ယူထားသောခရီးသည်များအနေဖြင့် ထို agent မှတစ်ဆင့် refund ပြန်လည်ထုတ်ယူနိုင်ပြီး website မှ ဝယ်ယူထားပါက [email protected] သို့ email ပေးပို့၍ refund ပြန်လည်ရယူနိုင်ပါသည်။

ခရီးစဉ်များကို ၂၀၂၀ ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့တွင်ပြန်လည်ပျံသန်းပြေးဆွဲသွားမည်ဖြစ်ပါသည်။


Spread the love
  •  
  •  
  •  
  •  
  •  
  •