မြန်မာ့ပင်လယ်ပြင်၌ စက်ပျက်မျောပါနေသော အိန္ဒိယငါးဖမ်းလှေငယ်တစ်စီးအား တပ်မတော်(ရေ)မှကယ်ဆယ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မြန်မာ့ပင်လယ်ပြင်၌ စက်လှေပျက်မျောပါနေသော အိန္ဒိယငါးဖမ်းလှေငယ်တစ်စီးအား တပ်မတော်(ရေ)မှကယ်ဆယ်

နေပြည်တော် ၊ စက်တင်ဘာ – ၁၅

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီးရှိ မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၁၃ ရက်၊ ညနေ ၅ နာရီခွဲခန့်တွင် စစ်တွေမြို့အနောက်ဘက် ရေမိုင် ၁၈ မိုင်ခန့်အကွာရှိပင်လယ်ပြင်၌ စက်ပျက်၍မျောပါနေသော အိန္ဒိယနိုင်ငံအလံလွှင့်ထူထားသည့် အလျား ၇၀ ပေ၊ အနံ ၁၅ ပေ၊ ရေစူး ၄ ပေခန့်ရှိ SRI JAI GANESH အမည်ပါ ငါးဖမ်းလှေငယ် ၁ စီးအားတွေ့ရှိသဖြင့် သွားရောက်စစ်ဆေးရာ အဆိုပါလှေပေါ်မှ အိန္ဒိယနိုင်ငံသား ၉ ဦးကိုတွေ့ရှိခဲ့ပြီး လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများပေးအပ်သည်။

အဆိုပါ ငါးဖမ်းလှေစက်ပျက်မျောပါရောက်ရှိမှုအခြေအနေအား အိန္ဒိယနိုင်ငံ၊ ချန်နိုင်းရှာဖွေကယ်ဆယ်ရေးစင်တာနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ ရေတပ်စစ်သံမှူး Captain Prashanth Mohanan  ထံသို့ ဆက်သွယ်အကြောင်းကြားခဲ့ပြီး သက်ဆိုင်ရာသို့ စနစ်တကျလွှဲပြောင်းအပ်နှံနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
http://dsinfo.org/node/416

Source-တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့


Spread the love
  •  
  •  
  •  
  •  
  •  
  •