မြန်မာ့ပယင်းတွေထဲက အဖိုးတန်ရုပ်ကြွင်းများ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မြန်မာ့ပယင်းတွေထဲက အဖိုးတန်ရုပ်ကြွင်းများ

#မြန်မာပြည်ကနေတန်ဖိုးမဖြတ်နိုင်တဲ့ပယင်းတွေထွက်ရှိပါတယ်။
💎 အရင်တုန်းက ဒိုင်နိုဆောငှက်တမျိုးရဲ့ အမြီးက အမွှေးတောင်ကို မြန်မာ့ပယင်းထဲမှာတွေ့ကြောင်း ပြောဖူးပါတယ်။
💎 အခုလည်း နှစ်သန်းပေါင်း ၉၉ သန်းအကြာက ခြေချောင်းရှည်ငှက်ရဲ့ ပယင်းရုပ်ကြွင်း ကိုတွေ့ကြောင်း ပီကင်း China University of Biosciences က ကြေငြာပါတယ်။

 

 

💎 Lida Xing ဟာ အရင်တခေါက် ဒိုင်နိုဆောငှက်မွှေးတောင်တွေ့ရှိသူပါပဲ။ National Geographic ရဲ့ ထောက်ပံ့မှုရတဲ့ ပရောဂျက်ပေါ့။
💎 ဒီငှက်ဟာ သူ့ရဲတတိယခြေချောင်းက အလွန်ရှည်နေတာထူးခြားပါတယ်။ သစ်ခေါင်းထဲက ပိုးကောင်ကို နှိုက်ဖို့ ဖြစ်မယ်လို့ ယူဆပါတယ်။
🐦 ဒီငှက်ကို မျိုးနွယ်အသစ် bird Elektoronis (ပယင်းငှက်လို့ နာမည်ပေးပါတယ်)
⁉️ ကျနော်တွေးနေမိတာက ကျနော်တို့ မြန်မာပြည်ထွက် သယံဇာတ ပယင်း(ရှားပါး အကောင်မျိုးစိတ်သစ်တွေပါတဲ့ သက်တမ်းရင့်ပယင်း) ကို ကျနော်တို့ #ဘာကြောင့်ဖော်ထုတ်မတွေ့ရှိနိုင်ခဲ့ရတာလဲ?

 

⁉️ အခုလိုတွေ့ရှိပြီးရင်လည်း မြန်မာပိုင်မဟုတ်တော့ပဲ သူများနိုင်ငံက ပြတိုက်ထဲပဲ ဘာလို့ရောက်သွားရတာလဲ?
⁉️ ကျနော်တို့မြန်မာပြည်တွင်းက ပညာရှင်တွေ National Geographic လို အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းခွင့်ရအောင် ဘယ်လို ကြိုးပမ်းအားထုတ်ရမလဲ?

 

⁉️ မြန်မာ့အဖိုးတန် တန်ဖိုးမဖြတ်နိုင်တဲ့ ရုပ်ကြွင်းတွေကို #မြန်မာတွေဂုဏ်ယူစွာဖော်ထုတ်ကြေငြာနိုင်မယ့်နေ့ကို မျှော်လင့်ရင်း။

https://www.facebook.com/Richard-Myo-Thant-109119807474881/
https://www.facebook.com/richard.myothant

Richard Myo Thant
12-July-2019


Spread the love
  •  
  •  
  •  
  •  
  •  
  •