မြန်မာ့အရေးနှင့် UN လုံခြုံရေးကောင်စီ ၊ သို့မဟုတ် အမေရိကန်ပြည်ထောင်စုနှင့်မဟာမိတ်နိုင်ငံများ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မြန်မာ့အရေးနှင့် UN လုံခြုံရေးကောင်စီ ၊
သို့မဟုတ် အမေရိကန်ပြည်ထောင်စုနှင့်မဟာမိတ်နိုင်ငံများ –

ယနေ့ကာလတွင် မြန်မာနိုင်ငံ၌
ပြည်လုံးကျွတ်ဆန္ဒဖော်ထုတ်မူအထွေထွေသပိတ်ကြီးကို နိုင်ငံအနှံ့ gen.z များနှင့်အတူ ပြည်သူ့ဝန်ထမ်းများ၊လူထုလူတန်းစားအားလုံးမှ နေ့စဉ်ပြုလုပ် ဆင်နွှဲနေကြပါပြီ၊
နေ့ရက်ပေါင်းနှစ်ဆယ်ကျော်လာပါပြီ၊

မြန်မာနိုင်ငံ၏ နိုင်ငံသားများက ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားသောအစိုးရဆီမှ နိုင်ငံတော်အာဏာကို လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည့် တပ်မတော်အကြီးအမှူးစစ်ဗိုလ်ချုပ်များမှ တပ်မတော်ကိုသူတို့ကိုယ်ကျိုးစီးပွားအတွက် အသုံးချကာ
မတရားရယူ လုယူထားမူအား လက်မခံပါဘဲ ငြင်းဆို ဆန့်ကျင်ကာ ပြည်သူများမှ ဒီမိုကရေစီနည်းကျ
မဲပေးရွေးချယ်ထားသည့် ရွေးချယ်ခံအစိုးရထံ ပြည်သူ့အာဏာကိုပြန်ပေးရန်၊
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၊
ရွေးချယ်ခံသမ္မတဦးဝင်းမြင့်အပါအဝင် မတရားဖမ်းဆီးထားသော အရပ်ရပ်သောနိုင်ငံသားအားလုံးကိုလွှတ်ပေးရန်၊
စစ်အုပ်စု၏ မတရားမူများအား
မြန်မာပြည်သူများနှင့်ကမ္ဘာ့ပြည်သူများမှ သိသာ မြင်သာကြစေရန်အတွက်
မြန်မာနိုင်ငံ လူငယ်များအပါအဝင် ပြည်သူလူထု၏ လက်နက်မဲ့ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မူများအား ၊
နိုင်ငံတော်အာဏာကို လုယူထားသော
စစ်အုပ်စုမှ ကျည်အစစ်များသုံး၍ အကြမ်းဖက် ပစ်ခတ်ဖြိုခွဲခြင်းအပြင်၊
နေရာတစ်နေရာတွင်အသာစီးနေရာယူထားကာ
ဆန္ဒပြဦးဆောင်သူလူငယ်များအား ရှေ့တန်းစစ်ဆင်ရေးလုပ်သကဲ့ကို (Sniper) ပုန်းကွယ်၍ပစ်ခတ်သူက ပြည်သူများအသက်သေစေရန်
ပစ်ခတ်သတ်ဖြတ်မူများလုပ်ဆောင်နေကြပါတယ်၊
(၂၈.၂.၂၀၂၁) နေ့တစ်နေ့ထဲမှာပင် မြန်မာနိုင်ငံတစ်ဝှမ်းအနည်းဆုံး(၁၈) ဦးသေဆုံးခဲ့ပြီး၊ဒဏ်ရာရသူပေါင်း(၃၀) ဦးကျော်ပါတယ်၊
ကျဆုံးသွားကြရသော လူငယ် လူရွယ်များအတွက် မိခင်အားလုံးမှ ယူကြုံးမရ နှစ်မျောတသ ဝမ်းနည်းပက်လက်ဖြစ်နေကြသလို
မိမိတို့ပြည်သူများကလည်း အထူးပင် ကြေကွဲဝမ်းနည်းနေကြရပါတယ်၊
နိုင်ငံတော်အာဏာကို လုယူထားသော စစ်အုပ်စုမှ
ဘယ်ရွေ့ဘယ်မျှ ထပ်မံ အနိုင်ကျင့်ပစ်ခတ် သတ်ဖြတ်ကြအုံးမှာလဲ ?
တရားမဲ့ဖမ်းဆီးမူများကို ဘယ်သို့များလုပ်နေကြအုံးမှာလဲ ?
မိမိတို့ဘိုးစဉ်ဘောင်ဆက် မွေးဖွား ကြီးပြင်းနေထိုင်လာကြတဲ့ကိုယ့်ဇာတိ နိုင်ငံအတွင်း
နေထိုင်မူများကရော စိတ်ချ လုံခြုံမူများရှိကြပါတော့မလား ?

သို့ကြောင့် မြန်မာပြည်သူများ၏
နိုင်ငံသားအခွင့်အရေး၊ လူ့အခွင့်အရေးနဲ့အညီ
တောင်းဆိုနေသော မှန်ကန်သည့် အကြောင်းကိစ္စအရေးအရာများကို
နောက်မကျခင် အချိန်မီလုပ်ဆောင်ဖို့ ၊
အမေရိကန်နှင့်မဟာမိတ်နိုင်ငံများ၊
EU အဖွဲ့ဝင်နိုင်ငံများ၊
အာရှနိုင်ငံများနှင့်
UN လုံခြုံရေးကောင်စီအား
မိမိတို့မြန်မာနိုင်ငံပြည်သူများမှ ယနေ့အချိန်မှစ၍ တိတိ ပပ ထိထိရောက်ရောက် တောင်းဆိုကြဖို့လိုအပ်လာပါပြီ၊
မိမိတို့ရဲ့ ဆန္ဒများကို အချိန်နဲ့တစ်ပြေးညီ နောက်မကျစေရပါဘဲ ၊
UN လုံခြုံရေးကောင်စီအပါအဝင် အမေရိကန်နှင့်မဟာမိတ်နိုင်ငံများမှဆောင်ရွက်ပေးနိုင်ကြဖို့ဖော်ထုတ်တောင်းဆိုကြရမှာဖြစ်ပါတယ်၊

စစ်အာဏာရှင်စနစ်ကျဆုံးရေး ဒို့အရေး၊
ဒီမိုကရေစီစနစ် ရှင်သန်ခိုင်မာရေး ဒို့အရေး၊
ပြည်သူ့အာဏာ ပြည်သူ့ဆီသို့ပြန်လည်ရရှိရေး ဒို့အရေး၊
ပြည်သူ့ဆန္ဒကို လေးစားလိုက်နာရေး ဒို့အရေး၊
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ဒို့အရေး၊
သမ္မတကြီးဦးဝင်းမြင့် လွတ်မြောက်ရေး ဒို့အရေး၊
X မျိုးဆက် ကိုမြအေး၊
Y မျိုးဆက်ကိုမင်းသွေးသစ် ၊
Z မျိုးဆက်များအပါဝင်၊
အနုပညာရှင်များ၊စာရေးဆရာများ၊ပရဟိတအဖွဲ့ဝင်များနှင့်တရားမဲ့ဖမ်းဆီးခံထားသူများလွတ်မြောက်ရေး ဒို့အရေး၊

မြန်မာပြည်သူများကို ညှာတာမူအရေး ဒို့အခွင့်အရေး ဒို့အခွင့်အရေး၊
UN လုံခြုံရေးကောင်စီမှ အချိန်မီဖြေရှင်းပေးရေး ဒို့လိုအပ် ဒို့လိုအပ် ၊
အမေရိကန်မှ တာဝန်ယူဖြေရှင်းပေးနိုင်ဖို့ ချက်ချင်းလုပ်၊ ချက်ချင်းလုပ်၊

သပိတ် သပိတ် မှောက် မှောက်၊
အရေးတော်ပုံ အောင်ရမည်၊

ယုံကြည်စွာဖြင့် .ကိုသိန်းဌေး ပဲခူး၊
………. (၁.၃.၂၀၂၁) ……….


Spread the love
  •  
  •  
  •  
  •  
  •  
  •