” မြန်မာ့အရေးနှင့်ရွေးချယ်ခံအစိုးရသစ် “

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မြန်မာ့အရေးနှင့်ရွေးချယ်ခံအစိုးရသစ်

 

CRPH မှ ဖွဲ့စည်းမည့် ရွေးချယ်ခံအစိုးရသစ်တွင် –
လက်ရှိ ထားရှိပြီးသား လည်ပတ်နေသော
ဝန်ကြီးဌာနများနဲ့အတူ

” အမိမြေလုံခြုံရေးဝန်ကြီးဌာန ”

တစ်ခုကို ထပ်မံတိုးချဲ့ဖွဲ့စည်းတာဝန်ပေးခန့်အပ်မူ
ဆောင်ရွက်ရန်လိုအပ်ပါသည်၊
ဤတိုးချဲ့ဖွဲ့စည်းမည့်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည်
” ယခုရှိပြီးသားဝန်ကြီးဌာနတစ်ခုနှင့်ပူးတွဲတာဝန်ထမ်းဆောင်ရမည်” ၊

” အမိမြေလုံခြုံရေးဝန်ကြီးဌာန”
ပြည်ထောင်စုဝန်ကြီးသည် ၊
မြန်မာနိုင်ငံသား တိုင်းရင်းသားပြည်သူ ပြည်သားအများစုက ယုံကြည်သော၊
ဘြဇာသက်ရောက်သော၊
နိုင်ငံတကာတွင် လွမ်းခြုံနိုင်သော၊
UN အပါအဝင် နိုင်ငံတကာမှ အလေးထားယုံ ကြည်လက်ခံသော၊
ခေါင်းဆောင်ဖြစ်ဘို့လိုအပ်ပါသည်၊
UN ၊ နိုင်ငံတကာအစိုးရများနှင့် ပြောဆို ဆွေးနွေးရန်အတွက် တိုင်းပြည်တစ်ခု၏
အချုပ်အခြာနှင့်တရားဝင်(Legitamacy ) ဖြစ်ဘို့က အလွန်ပင်အရေးပါ လိုအပ်ပါသည်၊
သို့ပါသောကြောင့် ” CRPH” မှ အစိုးရတာဝန်များကို ခန့်အပ်သည့်အခါမှာ တည်ဆဲဖွဲ့စည်းပုံ ထုံးများ၊ ဥပဒေထုံးများနှင့်ညီစေရန်သည် အရေးပါပါတယ်၊

အမိမြေလုံခြုံရေးဝန်ကြီးဌာနအောက်တွင်
” ပြည်သူ့လုံခြုံရေး”
” နယ်စပ်လုံခြုံရေး ”
” အကြမ်းဖက်မူနှိမ်နင်းရေး ”
စသည့် ” Sector “များထားဘို့လည်းလိုအပ်ပါသည်၊
ထို့အတူ “အမိမြေလုံခြုံရေးဝန်ကြီးဌာန” ၌လက်နက်ကိုင်တပ်ဖွဲ့ရှိဘို့လိုအပ်ပါသည်၊
ဥပမာ – အမိမြေလုံခြုံရေးတပ်ဖွဲ့၊
၎င်းတပ်ဖွဲ့သည် အမိမြေလုံခြုံရေးဝန်ကြီးဌာန၏ သီးသန့်တပ်ဖွဲ့ဖြစ်လာနိုင်ပြီး၊
သို့မဟုတ် နောင်အခါမှာ ဖက်ဒရယ်အစိုးရ(Fedearl Govenment) ကလေ့ကျင့် ဖွဲ့စည်းရမည့် (Federal Army)၏ အမြူတေလည်းဖြစ်လာနိုင်ပါသည်၊

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သက်တမ်းအား
တတိယအကြိမ်ပြည်ထောင်စုလွှတ်တော်သက်တမ်းကာလတွင်တာဝန်ထမ်းဆောင်သည့် နိုင်ငံတော်သမ္မတ၏ သက်တမ်းကာလအတွက်ဖြစ်စေရမည်၊

” အမိမြေလုံခြုံရေးဝန်ကြီးဌာန ”
ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်ပါက ပိုမို အားကောင်းပေမည်၊
သို့ကြောင့်”နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်” သည် လက်ရှိမြန်မာနိုင်ငံ၌လည်ပတ်နေသော ဝန်ကြီးဌာနတစ်ခု၏ ပြည်ထောင်စုဝန်ကြီးတာဝန်လည်းရှိနေဘို့လိုအပ်ပါသည်၊

လတ်တလော ” အမိမြေလုံခြုံရေးဝန်ကြီးဌာန”
တွင် လူပ်ရှား လည်ပတ်နေစေရန်အတွက်
ဒုတိယဝန်ကြီးနှစ်ဦး ထားရှိလည်းလိုအပ်ပေသည်၊

အလေးထားစွာဖြင့် . ကိုသိန်းဌေး ပဲခူး၊
……….(၃၀.၃.၂၀၂၁)……….


Spread the love
  •  
  •  
  •  
  •  
  •  
  •