မြန်မာ့ ဒီမိုကရေစီ နိုင်ငံရေး အသက်ရှုပိုင်ခွင့်နှင့် ကိုဗစ်၁၉ အလွန်ကာလ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

မြန်မာ့ ဒီမိုကရေစီ နိုင်ငံရေး အသက်ရှုပိုင်ခွင့်နှင့်
ကိုဗစ်၁၉ အလွန်ကာလ။

တရုတ်နှင့် ကမ္ဘာ့အရေး၊ တရုတ်နှင့် အမေရိကန်ဆက်ဆံရေးတို့နှင့် မြန်မာ့အကျိုးစီးပွား ရေးရာမှာလည်း လျှစ်လျှူရှု၍မရ ဆက်စပ်လျှက်ရှိနေ၏။ တရုတ်တို့သည် မြန်မာ့အကျိုးစီးပွားအရေးတွင် စိတ်ချရသူများမဟုတ်သကဲ့သို့ အမေရိကန်တို့သည်လည်း မြန်မာ့အကျိုးစီးပွားကို ဂရုတစိုက်နှင့် တစိုက်မတ်မတ် အကျိုးပြုရပ်တည်နေသူများမဟုတ်ကြ။ မြန်မာတို့၏ အနာဂါတ်အရေးသည် မြန်မာတို့၏ အကျိုးစီးပွားအတွက် မှန်ကန်သော ကိုယ်ပိုင် ဆုံးဖြတ်ချက်ကသာ အသက်ရှုခွင့်ရရှိပေမည်ဟု မမှိတ်မသုံ ယုံကြည်ရပေမည်။

ကမ္ဘာ့ကုန်သွယ်ရေးအငြင်းပွားမှု၊ ကမ္ဘာ့ကပ်ရော ဂါကိုဗစ်၁၉ နှင့်ပတ်၍ မည်သူကမှားသည်၊ မည်သူကမှန်သည်ဆိုသည်ထက် အမှားအမှန်ကို အခြေပြု၍ ကိုယ့်အကျိုးစီးပွားရေးကို ချိန်ဆကာ ကိုယ့်အတွက်အကောင်းဆုံးသော ဆုံးဖြတ်ချက်ကိုသာ ချမှတ်ရန် အရေးတကြီးကာလဟု ခံယူမိ၏။
အမေရိကန်အပါအဝင် အနောက်နိုင်ငံများဘက်မှ ရပ်တည်ပြလျှင်ပင် ဘင်္ဂါလီအရေးတွင် မြန်မာတို့အတွက် စင်းလုံးချောအဆင်မပြေနိုင်ပေ။

အင်္ဂလန်သည် မြန်မာအရေးဟု အမည်တပ်သော ပြသနာပေါင်းများစွာကို ကမ္ဘာကုလသမဂ္ဂလို အဖွဲ့ အစည်းတွင် ဦးဆောင်ဦးရွက်ပြုကာ ဆက်လက်လှုပ်ရှားနေဆဲဖြစ်သည်။ အင်္ဂလန်သည် ဥရောပသမဂ္ဂမှ နှုတ်ထွက်ရန် လိုအပ်သော ငွေကြေးကိစ္စများကို ဆော်ဒီနိုင်ငံမှ လက်ခံရယူရန်ရှိနေသည်ဆိုသော ကောလဟာလများမှာလည်း မယုံရခက်ခက် ဖြစ်လာရန်အတွက် မြန်မာတို့အဖို့ အကြောင်းခိုင်မာလာပေသည်။
တိမ်းရှောင်သွားသော စာရင်းမရှိ အင်းမရှိ ဘင်္ဂါလီများသာမက ဆော်ဒီအာရေးဗီးယားနှင့် ကမ္ဘာအရပ်ရပ်သို့ ပြန့်နှံ့နေသော နိုင်ငံမဲ့ ဘင်္ဂါလီများကိုပါ သိမ်းကျုံးလက်ခံကာ နိုင်ငံသားဖြစ်ခွင့်၊ တိုင်းရင်းသားဖြစ်ခွင့်၊ နယ်မြေပိုင်းခြားရပ်တည်ခွင့်စသော အခွင့်အရေးပေါင်းများစွာကို မြန်မာတို့ အနေနှင့် လိုက်လျှောနိုင်မည်မဟုတ်။

တရုတ်တို့ကိုယ်တိုင်ကလည်း ဝီဂါပြသနာကို ဖြေရှင်းရမည့် အခြေအနေရှိနေရာ ရခိုင်အရေးနှင့်ဆက်နွယ်နေသည့် တရုတ်တို့ပံ့ပိုးထားသည့် မြန်မာတိုင်းရင်းသား လက်နက်ကိုင်များ အရေးတွင် ထည့်သွင်းနှိုင်းချိန်စရာ ကိစ္စတစ်ခု ဖြစ်နေ၏။

မြန်မာတို့အနေနှင့် နိုင်ငံရေး စီးပွားရေး လူမှုရေးများတွင် တရုတ် အမေရိကန်နှင့်စပ်လျှင်းပြီး အမှန်တရား‌ကိုဖြစ်စေ၊ ခံစားမှုကိုဖြစ်စေ မိမိကိုယ်ကျိုးစီးပွားအရေး မယိမ်းယိုင်စေရေးကိုသာ ဂရုဓမ္မပြု လိုက်နာကျင့်သုံးရပေမည်။

<Thet Naing Sein>


Spread the love
  •  
  •  
  •  
  •  
  •  
  •