မြန်မာ၏ ကိုဗစ် တုန့်ပြန်မှု ဒေါ်အောင်ဆန်း စုကြည် အပေါ် ပုံအပ်လျက် ရှိနေ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

မြန်မာ၏ ကိုဗစ် တုန့်ပြန်မှု ဒေါ်အောင်ဆန်း
စုကြည် အပေါ် ပုံအပ်လျက် ရှိနေ

••••••••••••••••••••••••••••••••••••

နိုင်ငံအတွင်း ပထမဆုံးအကြိမ် ကူးစက်ခံရမှု
ကို အတည်ပြုပြီးနောက် လေးလရှိလာခဲ့ပြီ
ဖြစ်သော်လည်း ‌လက်ရှိတွင် သေဆုံးသူ ၆ ဦး နှင့် ကူးစက်ခံရသူ ၃၅၁ ဦးသာ ရှိပေသေးသည်။ ဤသည်ကို ကြည့်ချင်းအားဖြင့် ကပ်ရောဂါဆိုးကြီး အား မြန်မာသည် ကောင်းစွာ ဖြတ်ကျော်နိုင်ခဲ့သည်မှာ ထင်ရှားလှပေသည်။

ရောဂါပိုး စမ်းသပ်မှု အပိုင်းတွင် အတိုင်းအတာနှင့်သာ လုပ်နိုင်သော်လည်းအစိုးရ၏ တုန့်ပြန်ဆောင်ရွက်မှု၊ လူထု ပါဝင်လာမှု နှင့် ကံကြမ္မာ၏ မျက်နှာသာပေးခဲ့မှု များ ပေါင်းစပ်လာသည့်အခါတွင်တော့ နိုင်ငံ
၏ ကာလကြာမြင့်စွာ လျစ်လျုရှု ထားခံခဲ့ရ
သော ကျန်းမာရေး ကဏ္ဍ သည် တောင့်ခံထား
နိုင်ခဲ့ပေသည်။

သို့သော် စီးပွားရေး မျက်နှာစာတွင်တော့ မြန်မာသည် ပြိုမှာလေလား မိုးရယ်ဟုသာ ဆိုရပေတော့မည်။

ကမ္ဘာဘဏ်သည် ၂၀၁၈-၁၉ မြန်မာ၏ စီးပွား
တိုးတက်မှု နှုန်းအား ၆.၈% ရှိမည်ဟု ခန့်မှန်းထားခဲ့ရာမှ ၂၀၁၉-၂၀ အတွက် ၀.၅% အထိ လျော့ချလာခဲ့သည်။ အကယ်၍ ကပ်ရောဂါ
ဆက်လက် ရှိနေဦးမည်ဆိုလျှင် ၂.၅% ထပ်မံ
ကျဆင်းနိုင်သည်ဟု ခန့်မှန်းထားပြန်သည်။

လက်ရှိတွင် အိမ်နီးချင်း ထိုင်း နှင့် တရုတ်နိုင်ငံများမှ ပြန်လာကြသော ရွှေ့ပြောင်းအလုပ်သမား ၁၁၀,၀၀၀ အပါအဝင် စုစုပေါင်း ၂၅၀,၀၀၀ ခန့် အလုပ်အကိုင်များ ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။ အာရှ ဖောင်ဒေးရှင်းမှ ကောက်ယူခဲ့သော စစ်တမ်းများအရ
မတ်လ နှင့် မေလ အတွင်း လုပ်ငန်းများ စုစုပေါင်း ၏ ၂၉% ခန့် ယာယီ ပိတ်ပြစ်ခဲ့ရသည်ဟု သိရှိရသည်။ ၉၂% သည်လည်း အရောင်းအဝယ် ပါး လာခဲ့သည်ဟု ဆိုသည်။

ကမ္ဘာတဝှမ်း ဖြစ်ပေါ်နေသော မရေရာ မသေချာမှုများကြောင့် ပို့ကုန်အမှာစာများ
လျော့ကျလာခဲ့ရပြန်သည်။ ကျပ်ငွေ ဈေးနှုန်း
လည်း ‌မြင့်တက် သွားခဲ့ရသည်။ အရေးပါဆုံး
သော အထည်အလိပ် လုပ်ငန်းများ အပါအဝင် စက်မှု ကုန်ထုတ် ကဏ္ဍတွင် အလုပ်သမား အင်အား လျော့ချလာမှုနှင့် ရင်ဆိုင်ခဲ့ရသည်။ ရွေးကောက်ပွဲသည်လည်း နိုဝင်ဘာလတွင် ကျင်းပရန် ရှိနေ၍ အခြေအနေများ ပို၍ ဆိုးလာနိုင်ဖွယ်ရှိသည်။

အစားအသောက်ပိုင်းတွင် ဖူလုံမှု ရှိရေး အပေါ် စိုးရိမ်ကြောင့်ကြမှုများ ရှိလာခဲ့သည်။
တရုတ်ပြည်သို့ တင်ပို့နေသော ပို့ကုန်ပမာဏ
ကျဆင်းသွားခဲ့သဖြင့် စိုက်ပျိုးရေး နှင့် ငါးလုပ်
ငန်းများ ထိခိုက်သွားခဲ့ရပြီး စားကုန်ဈေးနှုန်းများ ထိုးကျသွားခဲ့ရသည်။ လယ်သမား
များလည်း မိုးရာသီ အမှီ စိုက်ပျိုးရန် ပြင်ဆင်
လာခဲ့ရပြီး ရိတ်သိမ်းချိန် ဖြစ်သည့် စက်တင်
ဘာနှင့် အောက်တိုဘာလများတွင် အခြေအနေများ မည်မျှအထိ ထိခိုက်သွားရသည် ဆိုသော အတိုင်းအတာသည် ပို၍ သိသာလာမည် ဖြစ်သည်။

ကိုဗစ်-၁၉ ကြောင့် စီးပွားရေးတွင် ဂယက်ရိုက်ခတ်ခဲ့မှုများကို ခုသာခံသာ ရှိရန် အစိုးရမှ စီမံချက်များ ချမှတ်အကောင်အထည် ဖေါ်လာခဲ့သည်။ ဧပြီလကုန် ပိုင်းတွင် ကိုဗစ်-၁၉ စီးပွားရေး ထိခိုက်မှု
သက်သာရေး စီမံချက် Covid-19 Economic Relief Plan (CERP) ကို ချမှတ်လာခဲ့သည်။ အဆိုပါ စီမံချက်ဖြင့်တိုင်းပြည် ဂျီဒီပီ ၏ ၂.၅~၃% ခန့် ရှိသော
အမေရိကန် ဒေါ်လာ ၂ ဘီလီယံအထိ သုံးစွဲ
သွားမည် ဖြစ်သည်။ အဆိုပါ ငွေပမာဏကို
ကာကွယ်ရေး ဝန်ကြီးဌာန အပါအဝင်ဝန်ကြီးဌာန ၂၂ ခု၏ ဘတ်ဂျက် လျာထားငွေ
ထဲမှ ၁၀% ခန့်ကို ပြန်လည်စီစစ်ပြီး ထုတ်နှုတ်
သုံးစွဲခဲ့ခြင်း ပင် ဖြစ်သည်။ ကမ္ဘာဘဏ်၊ အာရှ
ဘဏ်မှ ချေးငွေများနှင့် ထောက်ပံ့ငွေများအပြင် နိုင်ငံတကာမှ လှုဒန်းငွေများလည်း ပါဝင်ပေသည်။

CERP စီမံချက်အရ ကျပ်ငွေ ၂၈၇ ဘီလီယံ (ဒေါ်လာ သန်း ၂၁၀) အား အစားအသောက်
နှင့် ငွေသား သက်သက် ထောက်ပံ့ပေးရေး
တွင် သုံးစွဲသွားမည် ဖြစ်သည်။ ဧပြီလအတွင်း
အိမ်ထောင်စု ၄.၅ သန်း အတွက် လျပ်စစ်ဓါတ်အား လျော့ချပေးခဲ့ရမှု အတွက် ကျပ်ငွေ ၃၅ ဘီလီယံ (ဒေါ်လာ ၂၅.၅၅ သန်း)ခန့် စိုက် ထုတ် ကုန်ကျငွေများကို ပြန်လည် အစားဖြည့်ပေးသွားမည် ဖြစ်သည်။ ထို့အပြင် စက်ရုံများ
ပိတ်လိုက်ရသည့် အတွက် ထိခိုက်သွားခဲ့ရ
သော အလုပ်သမား အချို့အတွက် လူမှုဖူလုံ
ရေး ဘုတ်အဖွဲ့မှတဆင့် ပံ့ပိုး ကူညီသွားမည်
ဖြစ်သည်။

CERP ၏ အဓိက ကျသော ပံ့ပိုးကူညီမှု တခု
သည်ကား အတိုးနှုန်း သက်သာစွာဖြင့် လုပ်ငန်းရှင်များအား ငွေထုတ်ချေးသွားရန်
ပင် ဖြစ်သည်။ ထို့အတွက် ဧပြီလ မှ ဇူလိုင်လ
အတွင်း မိုက်ကရို၊ အသေးစား နှင့် အလတ်စား လုပ်ငန်း ပေါင်း ၃,၃၉၃ ခုအား
ကျပ်ငွေ ၁၀၁.၁၃ ဘီလီယံ (ဒေါ်လာ ၇၄ သန်း) ထုတ်ချေးပေးနိုင်ခဲ့သည်။ ထို့အပြင်
မြို့ပြ လူမှု အဖွဲ့အစည်းများ အပါအဝင် ကပ်ရောဂါဆိုး အား အဓိက တိုက်ပွဲဝင်နေသူများအား ပြောရေး ဆိုခွင့် ရှိရန် စီစဉ်ပေးကာ
၎င်းတို့ထံမှ အကြံညဏ်များ ရယူ‌နိုင်ခဲ့သည်။

အထက်ပါ အစီအမံများ၏ ရှေ့တန်းနှင့် အဓိကနေရာတွင် ရှိနေသူသည်ကား နိုင်ငံ
တော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်
ပင် ဖြစ်သည်။ သူမသည် ကိုဗစ်-၁၉ တိုက်ဖျက်ရေးတွင် ထင်သာမြင်သာစွာ ရပ်တည်
လှုပ်ရှားပေးနိုင်ခဲ့ပေသည်။

တနိုင်ငံလုံးမှ သူမအပေါ် ချစ်ခင်လေးစားနေမှု ကို အသုံးချကာ လူထု ကို ပညာပေး လမ်းညွှန်နိုင်ခဲ့သည်။ လူသိများပြီး အထင်ကရ ဖြစ်
လာခဲ့ရသည်က အွန်လိုင်းမှ တွေ့ဆုံ ဆွေးနွေး
မှုများကို ရုပ်မြင်သံကြားမှ တိုက်ရိုက် ထုတ်
လွှင့်ပေးနိုင်ခဲ့ခြင်းပင် ဖြစ်သည်။ ထိုဆွေးနွေး
ပွဲများတွင် ရှေ့တန်းမှ တိုက်ပွဲဝင်နေသော ဆရာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ အလုပ်သမား ကိုယ်စားလှယ်များ၊ ဗော်လန်တီယာများ၊ ရပ်ကျေး အဆင့် တာဝန်ခံများ ပါ
ရှိခဲ့သည်။

သို့သော် ပူးပေါင်းဆောင်ရွက်မှု နှင့် ဆက်သွယ်ရေး ပိုင်းတွင် အားနည်းမှုများ ရှိ‌ နေခြင်းသည် အစိုးရ အတွက် အဓိက ပြဿနာဖြစ်လာခဲ့ရသည်။ ဤသည်က ကိုဗစ်-၁၉ ကာလတွင် ပို၍ သိသာထင်ရှားလာခဲ့ရသည်။အရေးကြီးသော အချိန်များတွင်
အစိုးရမှ ရုတ်ခြည်းဆိုသလို ထုတ်ပြန်လာ
သော ကြေငြာချက်များတွင် ပါရှိလာသော
မသဲကွဲမှုများကြောင့် လူထုအတွင်း မလိုလားအပ်‌‌ သော ဇဝေဇဝါ ဖြစ်မှုများ ရှုပ်ထွေးမှုများ
ဖြစ်ပေါ်ခဲ့ရသည်။ အာရှ ဖောင်ဒေးရှင်း စစ်
တမ်းများအရ လုပ်ငန်းရှင် သုံးပုံနှစ်ပုံခန့်သည်
အစိုးရမှ ငွေထုတ်ချေးပေးမည် ဆိုသည်ကို
ကြားသိခဲ့ခြင်းမရှိဟု သိရသည်။

အခြေအနေများ ပို၍ ဆိုးအောင် ဖြစ်လာခဲ့ရ
သည်က အချို့သော နယ်ပယ်များတွင် ဖောင်းပွနေဆဲ ဖြစ်သော ဗြူရိုကရေစီ
ယန္တယား များကြောင့် ပြဿနာများ ပိုမိုကြီးထွားလာခဲ့ရသည်။ တိုင်းရင်းသား ဒေသများ
တွင် အစိုးရ မူဝါဒများ အကောင်အထည် ဖေါ်နိုင်ရေး အတွက် အရေးတကြီး လိုအပ်နေသော ဝန်ထမ်းအင်အား ချို့တဲ့နေမှုကြောင့် ထိရောက်စွာ အကောင်အထည် မဖေါ်နိုင် ဖြစ်ခဲ့ရပြန်သည်။

ထို့အတွက် အချို့သော အပိုင်းများတွင် ဝတ်ကြေတန်းကြေ လုပ်ကိုင်နေကြသည့် အနေ
အထားများ တွေ့လာရသည်၊ ကိုယ်ပူချိန် အတိုင်းခံရန် တဦးနှင့်တဦး ထိလုမတတ် တန်းစီစောင့်နေသော လူအုပ်ကြီး၏ ဓါတ်ပုံများ ဆိုရှယ် မီဒီယာ ပေါ်တွင် ပလူပျံအာင် ထွက်ပေါ်လာခဲ့ရသည်။ လူချင်းခွာနေရန် လိုအပ်သည်ဆိုသော ကန့်သတ်ချက်သည်လည်း လူအုပ်ကြီးကြောင့် ပျက်ပြယ်သွားခဲ့ရသည်။

အစိုးရ အဆက်ဆက် လေ့ကျင့်ခံ ထားသလို
ဖြစ်နေခဲ့ရသည့် ဌာနတွင်း ဗြူ‌ရိုကရေစီ စနစ်
ကြောင့် အင်္ဂလိပ်လို Potemkin village ဟု ခေါ်သည့် လာစစ်သော လူကြီးများ အမြင်
ကောင်းစေရန် လိမ်ညာလှည့်ဖျားထားသည့်
အခြင်းအရာများ ထွက်ပေါ်လာနေဆဲလည်း
ဖြစ်သည်။

ထိုကဲ့သို့ ယုံကြည်စိတ်ချရခြင်းမရှိသော၊ အချိန်နှင့် တပြေးညီ မဟုတ်သော အချက်အလက်များ ထွက်ပေါ်လာခဲ့ခြင်းများကြောင့် ချမှတ်ထားသော မူဝါဒ များသည် လက်ရှိ မြေပြင် အခြေအနေနှင့် နေသားမကျ သည်များ ဖြစ်ပေါ်ခဲ့ရသည်။ ကိုဗစ်-၁၉ နှင့် ပတ်သက်၍ အချက်အလက်များ ရနိုင်သမျှ တင်ပြနိုင်ရန် ကြိုးစားနေသော ကျန်းမာရေး ဝန်ကြီးဌာန အဖို့ ထင်တိုင်းမပေါက် ဖြစ်ခဲ့ရသည်။

အရပ်သား အစိုးရ အဖွဲ့တွင် သာမန်ထက်မကအောင် တာဝန်ယူထားခဲ့မှုနှင့် လူထု၏ လေးစားကြည်ညိုမှုများကြောင့် ဒေါ်အောင်ဆန်းစုကြည်ကိုသာ ကိုဗစ်-၁၉
တုန့်ပြန်မှု တွင် အဓိက ဒေါက်တိုင်ကြီးပမာ
မားမားမတ်မတ် တွေ့မြင်ခဲ့ရသည်၊ အစိုးရ
မီဒီယာများမှ အမြဲလို ထုတ်လွှင့်ပေးခဲ့သည့်
လူထု နှင့် ရုပ်သံမှတဆင့် တိုက်ရိုက်တွေ့ဆုံ
ပွဲများတွင် ပါဝင်ဆွေးနွေးသူ အများစုက သူမ
အား “အမေ” ဟုပင် ခေါ်ဝေါ်သုံးစွဲခဲ့ကြသည်
ကို တွေ့ရှိရသည်။

မြန်မာတွင် ကူးစက်ခံရသူ အရည်အတွက်
နည်းပါးခဲ့ရခြင်းသည် အစိုးရ အဖွဲ့၏ ချည်း
ကပ် ကိုင်တွယ်ပုံများ နှင့် သူမ၏ ခေါင်းဆောင်မှု ပေးနိုင်ခဲ့သည့် အရည်အချင်း
များကြောင့်ဆိုသည်ကို သက်သေခံလျက် ရှိ
သည်။ ထို အနေအထားကို ပိုမိုထင်ရှားစေရန်
သူမအား ထောက်ခံသူများက ယခင်စစ်အစိုးရ
လက်ထက် ၂၀၀၈ မေလတွင် လူပေါင်း ၁၅၀,၀၀၀ ခန့် သေဆုံးခဲ့ရသည့် နာဂစ် ဆိုင်
ကလုံး နှင့် နှိုင်းယှဉ် ပြောဆိုလာခဲ့ကြသည်။

သို့သော် အစိုးရ၏ ကိုင်တွယ်မှုသည် နိုင်ငံရှိ
အ‌ညှောင့်ထွက်ကာစ အရပ်ဖက် အဖွဲ့အစည်း
များ ရှင်သန်ရေး အတွက် အညွန့်ချိုးသလို ဖြစ်လာခဲ့ရသည်များလည်း ရှိနေပေသည်။

မည်သို့ပင် ဖြစ်စေ လက်ရှိ မရေရာ မသေချာ
ဖြစ်နေသော စီးပွားရေး အနေအထား၊ သုံးလ
သာ ကျန်တော့သည့် ရွေးကောက်ပွဲနှင့် ပတ်
ဝန်းကျင် နိုင်ငံများတွင် တစထက် တစများ
ပြားလာနေသော ကိုဗစ်-၁၉ ကူးစက်ခံနေရ
မှုများကြောင့် အစိုးရ အနေဖြင့် ဒေါ်အောင်
ဆန်းစုကြည်၏ လူကြိုက်များမှု၊ ဩဇာညောင်းမှုများကို ကပ်ရောဂါအား ခုခံတွန်းလှန်နိုင်ရန် အတွက် အားပြုရဖို့သာ ရှိနေပေသည်၊ ယင်းနှင့်အတူ တာဝန်ရှိသူ အားလုံးသည် ၎င်းတို့ရှိ အရင်းအမြစ်များကို အသုံးချကာ စုပေါင်းကြိုးပမ်းနိုင်မှသာ ဘက်ပေါင်းစုံ မှ အန္တရာယ် ပေးလာနိုင်မည့် ကပ်ရောဂါကြီး ဖြစ်ပွားမှုကို သက်သာရာ သက်သာကြောင်း ပြုလုပ်နိုင် မည်သာ ဖြစ်ပေတော့သည်။

(ရန်ကုန်ရှိ လူထု အခြေပြု ကျန်းမာရေး အဖွဲ့
အစည်း၏ သုတေသန မှုး ကိုကျော်ဆန်းဝေမှ
East Asia Forum အတွက် ရေးသားခဲ့
သော “Myanmar’s Covid-19 response banks on Aung San Suu Kyi” ဆောင်းပါးကို ပြန်ဆိုသည်။)


Spread the love
  •  
  •  
  •  
  •  
  •  
  •