မြန်မာ – တရုတ် ချစ်ကြည်ရေး နှစ်(၇၀) ပြည့်အထိမ်းအမှတ် Short Video ပြိုင်ပွဲ ပြုလုပ်မည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မြန်မာ – တရုတ် ချစ်ကြည်ရေး နှစ်(၇၀) ပြည့်အထိမ်းအမှတ်အဖြစ် 2020 Beautiful Myanmar Short Video Contest “ပြိုင်ပွဲ (၂)လတာ ပြုလုပ်မည်
**************************************
ဒဂုံဝေလင်း။ ။
To Day Use Photo(7-9-2020)

 




မြန်မာ -တရုတ် ချစ်ကြည်ရေး နှစ်(၇၀) ပြည့် ယည်ကျေးမူ ခရီးသွား နှစ်ပါတ်လည် အထိမ်းအမှတ် အဖြစ် ယခုလ ၆ ရက်နေ့ မှ စတင်ပြီး နိုဝင်ဘာလ(၉)ရက်နေ့အထိ မြန်မာနိုင်ငံတွင် 2020 Beautiful Myanmar Short Video Contest” apS Miss Universe Myanmar Swimsuit Presentation Live Streaming နှင့် ပူးပေါင်းပြီး ကျင်းပနေကြောင်းသိရသည် ။

“၂၀၂၀ ခုနှစ် နှစ်ဦးပိုင်းမှစတင်ပြီး ၊ ကျွန်တော်တို့ ရုတ်တရက်ပြန့်ပွားလာခဲ့တဲ့ Coid-19 ကူးစက်ရောဂါသစ်ကြီး ဖြစ်ပေါ်လာတော့ မြန်မာ နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းအပေါ် မှာ များစွာသက်ရောက်လာခဲ့ပါတယ် ၊ကြီးမားတဲ့ ထိခိုက်မှုအား ဖြစ်စေ ခဲ့တယ် ဒါ့ကြောင့်မို့ ကျွန်တော် တို့ အနေနဲ့ မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းတွေ ကို တစ်ဖက်တစ်လမ်းမှ ကူညီပေးနိုင်ရန်ရည်ရွယ်ပြီး “Beautiful Myanmar” ခေါင်းစဉ်နဲ့ Online Short Video ပြိုင်ပွဲ ကျင်းပရန်စီစဉ်ခဲ့တာပါ ၊ ဒီပြ်ုင်ပွဲက မြန်မာနိုင်ငံတစ်ဝှမ်းရှိ တိုင်းနဲ့ ပြည်နယ်ဒေသအသီးသီးရဲ့ သဘာဝအလှတရားရှုခင်း တွေ ၊တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအမွေအနှစ်တွေကို ရိုက်ကူးထားတဲ့ Short Video တွေကို Online ကနေ တစ်ဆင့် ကမ္ဘာတစ်ဝှမ်းကနေ ကြည့်ရှုနိုင်အောင် စီစဉ်သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်ကို အဓိက ဦးတည်ပြီး ပြုလုပ်တာပါ ၊

ပြီးတော့ ဒီပြိုင်ပွဲက Covid-19 ကာလအတွင် းStay at home နေလူထုအနေနဲ့ မိမိတို့ရဲ့ စိတ်ဖိစီးမှုများကို လျော့ချရင်း အပန်းဖြေနိုင်စေရန် အတွက်မိမိတို့ခရီးသွားနေစဉ်အတွင်းက Camera (သို့မဟုတ်) HandPhone များဖြင့် ရိုက်ကူးထား ခဲ့သော မြန်မာပြည်ရဲ့ လှပသောရှုခင်းဓါတ်ပုံများနှင့်ဗွီဒီယိုများ (စက္ကန့်၆၀အတွင်းတည်းဖြတ်ထားသော Short Video)ကို ပို့စ်တင်ခြင်းနဲ့ Online ကနေ တစ်ဆင့်ပါဝင်ယှဉ်ပြိုင်နိုင်ပါတယ်”ဟု ဦးအုန်းမြင့် မြန်မာနိုင်ငံခရီးသွား မြုင့်တင်ရေး အဖွဲ့ချုပ် ဥက္ကဌ ပြောသည် ။

ပြိုင်ပွဲအချိန်ကို ၂၀၂၀ခုနှစ် စက်တင်ဘာ ၆ ရက်မှစတင်ကာ ပေးသွားမည်ဖြစ်ပြီး နိုဝင်ဘာ ၃၀ အထိ Short Video များကိုလက်ခံ သွားမည်ဖြစ်ပြီး ။ ဆုများရွေးချယ်ရာတွင်ပွင့်လင်းမြင်သာသောရွေးချယ်မှုနည်းလမ်းကိုကျင့်သုံးမည်ဖြစ်ပြီး ပြိုင်ပွဲဝင်သူများ၏ facebook တွင် ရရှိသော မဲအရေအတွက်ပေါ်မူတည်၍ ပထမဆုတစ်ဆု- ငွေသားကျပ်ဆယ်သိန်း+handset+ special gift / ဒုတိယဆုတစ်ဆု- ငွေသားကျပ်ခုနစ်သိန်း+handset+special elift ။တတိယဆုတစ်ဆု- ငွေသားကျပ်ငါးသိန်း-handset+ special gift/ အခြားနှစ်သိမ့်ဆုငါးဆု- handset ပြိုင်ပွဲတွင် ပထမ ၊ ဒုတိယနှင့်တတိယဆုရရှိသူများသည် နိုင်ငံခြားပညာတော်သင်ဆုကို လျှောက်ထားရန် အခွင့်အရေး ရရှိမည် ဟုသိရသည် ။


Spread the love
  •  
  •  
  •  
  •  
  •  
  •