မြန်မာ-တရုတ် လမ်းမကြီးပေါ်မှာ တောင်မြေစာ ပြိုကျပြီးလမ်းပိတ်ဆို့မှုဖြစ်ပွား

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

မြန်မာ-တရုတ် လမ်းမကြီးပေါ်မှာ တောင်မြေစာ ပြိုကျပြီးလမ်းပိတ်ဆို့မှုဖြစ်ပွား

၇.၇.၂၀၂၀ ရက်နေ့ မနက်က ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ကန်ပိုက်တီမြို့၊ အထက်ဘာတွန်ကျေးရွာ၊ မြန်မာ-တရုတ်ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၀၈/၁၀၉)အကြားတွင် မိုးရွာသွန်းမှုကြောင့် ကားလမ်းမဘေးရှိ တောင်ပေါ်မှ မြေစာများ ကားလမ်းမပေါ်သို့ ပြိုကျမှုဖြစ်ပွားရာ လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ပါတယ်။

သတင်းရရှိသည်နှင့် ကန်ပိုက်တီနယ်မြေမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများ လာရောက်
ဆောင်ရွက် ပေးခဲ့ပါတယ်။

အဲဒီ တောင်မြေစာ ပြိုကျမှုကြောင့်လူထိခိုက်ဒဏ်ရာရရှိမှုမရှိဘူးလို့သိရပါတယ်။

Source – MFSD


Spread the love
  •  
  •  
  •  
  •  
  •  
  •