မြန်မာ ပြည်သူတို့ ၏ ပွဲဦးထွက် အောင်မြင်မှု – ကုလ လုံခြုံရေး ကောင်စီ ကြေညာချက်ထုတ်ပြီ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မြန်မာ ပြည်သူတို့ ၏ ပွဲဦးထွက် အောင်မြင်မှု – ကုလ လုံခြုံရေး ကောင်စီ ကြေညာချက်ထုတ်ပြီ
•••••••••••••••••••••••••••••

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ မှ ဖမ်းဆီးခံထားရသူများအား ပြန်လွှတ်ပေးရေး နှင့် မြန်မာ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကို ဆက်လက် ထောက်ခံသွားမည်ဆိုသော ကြေညာချက် ကို အဖွဲ့ဝင် ၁၅ နိုင်ငံစလုံး မှ ကန့်ကွက်သူ မရှိ ထုတ်
ပြန်လိုက်ပြီ ဖြစ်သည်။

ဒီမိုကရေစီ အဆောက်အအုံများဖြစ်
သော် လွှတ်တော်နှင့် ယင်း၏ လုပ်ငန်းစဉ်
များကို လေးစားရန်၊ အကြမ်းဖက်မှုကို
ရှောင်ကျဉ်ပြီး လူ့အခွင့်အရေး နှင့် လွတ်
လပ်ခွင့်များကို စောင့်ထိန်းရန် တောင်းဆို
ကြောင်း ကြေညာချက်တွင် ပါရှိခဲ့သည်။
လေ့လာသူများက လုံခြုံရေး ကောင်စီ
အဖွဲ့ဝင်များအကြား ရှားရှားပါးပါး ညီညွတ်မှု တရပ်အဖြစ် သုံးသပ်ခဲ့ကြသည်။

(၁) တရုတ် တို့ ပြာယာခတ်လာ

ယခုပင်လျှင် တရုတ် အစိုးရ အာဘော်
တပိုင်း ဖြစ်သည့် ဂလိုဘယ်တိုင်းမ် သတင်းစာမှ မြန်မာနိုင်ငံတွင်းရှိ တရုတ်ကုမ္ပဏီများ အထူးသတိဝိရိယ ရှိကြရန် နှင့် နိုင်ငံတွင်းရှိ အခြေခံ အဆောက်အအုံ စီမံကိန်းများ ပျက်ပြားမည့် အန္တရာယ်ရှိနေပြီဟု ရေးသား သတိပေးလာပြီဖြစ်သည်။

လက်ရှိ တရုတ် အတွက် စဉ်းစားရ ခက်နေ
သည်က မင်းအောင်လှိုင် ရဲ့ အစိုးရ ဟူသောအဖွဲ့သည် ရေရှည် ခံမည်လော၊ လက်ရှိ ဖြစ်ပေါ်လာနေသော အခြေအနေများအရမသေချာ၊ ထိုသို့သော စစ်အုပ်စုအားထောက်ခံကြောင်း ထင်ထင်ရှားရှား ပြလိုက်မိသည်နှင့် နောက်ပိုင်းတွင် တရားဝင်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ
အပါအဝင် မြန်မာပြည်သူများနှင့် ဆက်
ဆံရေး က မည်သို့မျှ အဖတ်ဆည်မရအောင် ပျက်ပြားသွားပေတော့မည်။

ယင်းနှင့် အတူ တရုတ်၏ ပိုးလမ်းမ စီမံ
ကိန်းကြီးလည်း ရေစုန်မျော သွားပေတော့
မည်။ တရုတ်တို့ အဖို့ ကြိုးတန်းပေါ် လမ်း
လျှောက်နေရသလို ဖြစ်နေပေပြီ။

ထိုအနေအထားများမှ သွေးအေး မသွား
စေရန် နိုင်ငံရေး ဖိအားပေးမှုများ နည်း
မျိုးစုံ ဖြင့် အဆက်မပြတ် ပြုလုပ်သွား
ရပေတော့မည်၊ မြို့ပြ အာဏာဖီဆန်ရေး
လှုပ်ရှားမှူ များ အရှိန်အဟုန် မြှင့်တင်ထား
မှ ဖြစ်ပေမည်။

#ထိုအထဲတွင်တရုတ်သံရုံးအားယဉ်ကျေးစွာ ဖြင့် စစ်အစိုးရနှင့် အဆက်အဆံ မလုပ်ရန် လူထုလူတန်းစား အဖွဲ့အစည်း အသီးသီးမှ ကန့်ကွက်စာများ ပေးပို့ အကြောင်းကြားနိုင်ပါက လွန်စွာ ထိရောက်မည် ဖြစ်ပေသည်။

မနေ့က ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်
မှ အာဏာသိမ်းပွဲ မအောင်မြင်စေရဟု
ကြုံးဝါးသွားသော စကားကို ထောက်ရင်
ပြည်တွင်း ပြည်ပမှ နိုင်ငံရေး မရ ဖိအား
ပေးနေမှု များ အရှိန်မြင့်လာတာ နဲ့ အမျှ
၎င်းတို့အား တရားဝင် အစိုးရ အဖြစ်
အသိအမှတ် ပြုဖို့ အလားအလာ နဲနေပြီ
ဖြစ်သည်။

စစ်တပ် အသက် မဆက်နိုင်ရေး အတွက်
ပြောင်းလဲနေပြီ ဖြစ်သော လူမှု စီးပွားရေး နယ်ပယ်မှ လူထု၏ တက်ကြွစွာ ပါဝင်လာရန်၊ အနောက်အုပ်စုနှင့် ကုလမှ ပြင်းထန်စွာ စီးပွားရေးပိတ်ဆို့ရန် ၊ လက်အောက် စစ်ခေါင်း‌ ဆောင်များ အကြား အသက် အန္တရာယ် စိုးရိမ်စိတ်များ ဖြစ်ပေါ်လာစေရန် နှင့် တရုတ်မှ ၎င်းတို့အပေါ် ထောက်ခံမလာရန် ကိုသာ ဦးတည်လှုပ်ရှားရမည်။

စစ်တပ် အတွင်းတွင်လည်း နိုင်ငံတကာ ဖိ
အားများ မကြုံဖူးအောင် ရင်ဆိုင်နေရချိန်
တွင် နိုင်ငံတော် အတိုင်ပင်ခံ နှင့် သမ္မတ
ကြီးအား လူကြားထဲ မည်သို့မျှ ချပြ၍
မရသော ပြစ်မှူမျိုးဖြင့် အခြေအနေကို
ဆိုးသည်ထက် ဆိုးအောင် ဖန်တီးလာသော
မင်းအောင်လှိုင်၏ အညိုးကြီးလှသည့်အဆင်ခြင်မဲ့ လုပ်ရပ်အတွက် စစ်ခေါင်းဆောင်များ အကြားအက်ကြောင်းထလာနေပြီ ဖြစ်သည့်အပြင် “အစိုးရအဖွဲ့ အပြောင်းအလဲပါ” ဟု တွင်တွင် ပြောနေသော တရုတ်တို့ အရှက်ရသွားခဲ့ရပြီ
လည်း ဖြစ်သည်။

(၂)

ယခုအခါ ကျန်းမာရေး ဝန်ထမ်းများ၏
အကြမ်းမဖက် အာဏာဖီဆန်ရေး အား
မလွန်ဆန် နိုင်တော့သဖြင့် အရပ်သားများအား စစ်ဆေးရုံများတွင် ကုသပေးမည်ဟု
ကမ်းလှမ်းလာရပြီ ဖြစ်သည်။

စစ်ခေါင်းဆောင်များ အဖို့ အကြောက်လွန်
လာသော လုပ်ရပ် အဖြစ် ဖေ့စ်ဘုတ်ကို
ပိတ်ပြစ်ရန် ချီတုံချတုံ ဖြစ်လာနေပေပြီ။

စစ်တပ်၏ အာဏာ သည် သေနတ် ပြောင်းဝကလာသည် ဆိုသည့် ဒုတိယ ကမ္ဘာစစ် အပြီး ထွက်ပေါ်လာသည့်သီအိုရီ ကို ယခုထိ မျက်စိမှိတ် ယုံကြည်နေမှုကို တန်ပြန်ရန် အတွက်နေပြည်တော် ဧည့်ရိပ်သာတွင် ကျန်ရှိနေ
သော ရွေးချယ် တင်မြှောက်ခံကိုယ်စားလှယ် ၇၀ ခန့်က ကျမ်းသစ္စာကျိမ်ဆိုပွဲ အခမ်းအနားကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြီး ၎င်းတို့၏ လုပ်ရပ်အတွက် နိုင်ငံတဝှမ်းရှိ အမှန်တရား နှင့်
တရားမျှတမှု ကို လိုလားသော ပြည်သူ
တရပ်လုံး က ထောက်ခံလျှက် ရှိနေကြပြီ
ဖြစ်သည်။

တိုင်းပြည်စီးပွားရေး ယို့ယွင်းလာသည့်
လက္ခဏ အဖြစ် စတော့ ရှယ်ယာဈေးနှုန်း
များ ကျဆင်းလာပြီး ဒေါ်လာဈေးလည်း
၁,၄၁၅ အထိ ရောက်ရှိသွားခဲ့သည်ဟု သိ
ရသည်။ ဗဟိုဘဏ်က ဒေါ်လာ ၆.၈ သန်း
ထုတ်သုံးပြီး ဈေးကွက်ကို ထိန်းဖို့ ကြိုး
စားလာခဲ့သဖြင့် အခြေအနေ ပြန်လည်
တည်ငြိမ်သွားသည်ဟု ဆိုသော်လည်း
မည်မျှ ကြာအောင် ထိုသို့ လုပ်ပေးနိုင်မည်နည်း။

နိုင်ငံတွင်း ရင်းနှီးမြုပ်နှံထားကြသော
ထိုင်း နှင့် ဂျပန် ကုမ္ပဏီများလည်း ပြင်းထန်လာမည့် အမေရိကန် စီးပွားရေးဒဏ်ခတ် မှုများကို တွေးကာ ထိတ်လန့်လာနေကြပြီ ဖြစ်သည်။

(၃)

အမေရိကန် အထက်လွှတ်တော်ရှိ ပါတီနှစ်ရပ်မှ စစ်ခေါင်းဆောင်များအား အာဏာလက်လွှတ်ရန် တောင်းဆိုသည့် ‌အဆိုကိုတင်သွင်းလိုက်ပြီ ဖြစ်သည်၊ ဦးဆောင်တင်သွင်းသည့် အထဲတွင် တဦး အပါအဝင် ဖြစ်သည့် ဒီမိုကရက် အထက်လွှတ်တော်အမတ် ဘင် ကာဒင် မှ ၎င်းတို့ အနေဖြင့်တခုခု ကို ရွေးချယ်ရတော့မည် ဖြစ်ပြီး
မိမိတို့ ဖက်မှ အသုံးပြုနိုင်သည့် ကိရိ
ယာ တန်ဆာပလာများ အဆင်သင့်ရှိနေပြီ
ဖြစ်သည်ဟု ပြောကြားလိုက်သည်။

စစ်ဗိုလ်ချုပ်ကြီးများ အတွက်အချက် မှား
ခဲ့ကြပြန်ပြီ၊ ၎င်းတို့ ဖန်တီးခဲ့သော ရခိုင်
ပြည်နယ်အတွင်း အကြမ်းဖက်မှုများ
ကြောင့် ဒေါ်အောင်ဆန်းစုကြည်အား ကမ္ဘာက ယခင်ကလို လိုလိုလားလားမရှိတော့
သဖြင့် ၎င်းတို့၏ လုပ်ရပ်ကို သာမန်ကာ
ရှံကာ လောက် သာ ရှုတ်ချမည်၊ တရုတ်နှင့် ပေါင်းသွားမည်စိုး၍ ဘာမှ မထိရဲ မတို့ရဲ
လောက်ဟု တွေးထားမှုများက တက်တက်
စင် လွဲသွားခဲ့ပြီ ဖြစ်သည်။

(၄)

သီးခြား ဖြစ်စဉ် တရပ် အဖြစ် ပင်လယ်
ကွေ့ ဒေသတွင် ဖြန့်ချထားသော အမေရိကန် နိမစ်ဇ် တိုက်ခိုက်ရေး လေယာဉ်တင်
သင်္ဘော အုပ်စု အား ဟာဝိုင်အီတွင် အခြေ
စိုက်သည့် အင်ဒို-ပစိဖိတ် စစ်ဌာနချုပ်သို့ ရွှေ့ပြောင်းပေး လိုက်ပြီ ဖြစ်၍ အင်ဒို-ပစိဖိတ် လှုပ်ရှား နယ်မြေထဲသို့ ဦးတည်ခုတ်
မောင်းလာနေပြီဟု ပင်တဂွန် စစ်ဌာနချုပ်
ပြောခွင့်ရ ဂျွန် ကပ်ဘီ အား ကိုးကား၍
အယ်ဂျာဇီယား သတင်းဌာန က ဆိုသည်။

အရှေ့အလယ်ပိူင်းတွင် ကိုးလကြာ ရောက်နေပြီးသော အဆိုပါ တိုက်ခိုက်ရေး လေယာဉ် တင် သင်္ဘောအုပ်စုအား အမေရိကန်သို့ ပြန်ခေါ်သင့်နေပြီ ဖြစ်သော်လည်းအဘယ်ကြောင့် နေရာရွှေ့ပြောင်းပေးရသနည်း ဆိုသည်အား ကပ်ဘီမှ တစုံတရာ ထင်မြင်ချက်ပေးရန် ငြင်းဆန်သွားခဲ့သည်။


Spread the love
  •  
  •  
  •  
  •  
  •  
  •