မြဝတီမှာ ဘောင်တီးကာစီနိုရုံကို ဝင်ဖမ်း

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

မြဝတီမှာ ဘောင်တီးကာစီနိုရုံကို ဝင်ဖမ်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မြ၀တီမြို့၊ အမှတ်(၃) ရပ်ကွက်၊ ပတ္တမြားမယ်ဓာတ်ဆီဆိုင်အနီးရှိ သုံးထပ်အဆောက်အဦ(ဒေသအခေါ် ဘောင်တီးကာစီနိုရုံ)အားဝင်ရောက်ရှာဖွေခဲ့ပါတယ်။

 


ဇူလိုင် ၁၄ ရက်တွင် ဝင်ရောက်ရှာဖွေရာ လောင်းကစားပြုလုပ်နေသူများဖြစ်သည့် မြန်မာနိုင်ငံသား အမျိုးသား ၉ ဦး၊ အမျိုးသမီး ၅ ဦးနှင့် တရုတ်နိုင်ငံသား အမျိုးသား ၄ ဦးတို့အား လောင်းကစားပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး မြ၀တီမြို့မရဲစခန်းသို့ အပ်နှံခဲ့ကြောင်းသတင်းရရှိသည် ။

 

http://dsinfo.org/node/195

Source – တပ်မတော် သတင်းမှန် ပြန်ကြားရေး


Spread the love
  •  
  •  
  •  
  •  
  •  
  •