မြိတ်မြို့၌ နေအိမ်(၃)လုံး မီးလောင်ကျွမ်း

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

မြိတ်မြို့၌ နေအိမ်(၃)လုံး မီးလောင်ကျွမ်

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ မြိတ်တောင်နယ်မြေ ထားဝယ်ကမ်း(၂)ရပ်ကွက် စိတ္တလမ်းတွင် ယမန်နေ့ မွန်းလွဲ (၁) နာရီ (၅၀)မိနစ်အချိန်ခန့်က အလျား(၃၀)ပေ၊ အနံ (၅၀)ပေခန့်ရှိ  သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း၊  (၁)ထပ်နေအိမ်တွင်ရှိသော နတ်စင်၌ ဖယောင်းတိုင်မီးပူဇော်ရာမှ မီးစတင်လောင်ကျွမ်းခဲ့ပြီး နေအိမ်(၃)လုံး မီးလောင်ကျွမ်းခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရပါတယ်။

 

မီးလောင်မှုဖြစ်ပွားရာသို့ ဗဟိုမီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ်(၄)စီး၊ ရေသယ်ယာဉ်(၄)စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ လူနာတင်ယာဉ်(၁)စီး၊ အုပ်ချုပ်မှုယာဉ် (၁)စီး၊ အရန်မီးသတ်စခန်းများမှ မီးငြိမ်းသတ်ယာဉ်(၈)စီး၊ ရေသယ်ယာဉ်(၆)စီး၊ လူနာတင်ယာဉ်(၂)စီး၊ တပ်မတော် (လေ)မှ ရေသယ်ယာဉ်(၁)စီး၊ လူမှုရေးအသင်းအဖွဲ့များမှ လူနာတင်ယာဉ်(၅)စီး စုစုပေါင်း(၃၃)စီးဖြင့် ခရိုင်မီးသတ် ဦးစီးဌာနမှူး ဦးဇော်ဝင်း ဦးဆောင်၍ သန္ဓေ+အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ စုပေါင်း၍ မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ(၂)နာရီ(၃၀)မိနစ်အချိန်ခန့်တွင် မီးငြိမ်းခဲ့ကြောင်းသိရပါတယ်။

ခိုင်ထူး ( မြိတ် ပြန်/ဆက် )

 


Spread the love
  •  
  •  
  •  
  •  
  •  
  •