မြို့နယ်များမှာပါ နိုင်လွန်လမ်းတွေခင်းပေးနေတဲ့မန္တလေး စည်ပင်
••••••••••••••••••••••••••••••••••••••••••••••••••
နိုင်လွန်ကတ္တရာလမ်းခင်းဖို့ နိုင်လွန်ကတ္တရာကြိုစက် Asphalt Concrete Batching Plant လိုပါတယ်။
အပူချိန် ၁၅၀ ဒီဂရီအပူပေးထားတဲ့ ကတ္တရာရယ်၊ chipping stone ချီပင်ကျောက်၊ ဘီကျောက် နဲ့ ကျောက်မှုန့်တွေကို စက်နဲ့ အချိုးကျရောရတာပါ။
လမ်းခင်းမယ့်နေရာနဲ့ နိုင်လွန်ကတ္တရာစက်နဲ့ ဝေးရင် အပူချိန်ကျသွားမှာဖြစ်လို့ စက်ကို တွဲကားပေါ်မှာ အသေတပ်ဆင်ပြီး mobile plant အနေနဲ့ တစ်မြို့ပြီးတစ်မြို့ ရွှေ့ပြောင်း အသုံးပြုနေရတာပါ။ တည်ထွင်ကြံဆရတာပါ။
နိုင်လွန်လမ်းခင်းတဲ့ paver, two wheel tandem roller နဲ့ 9 wheel pneumatic tyre roller တစ်စုံနဲ့ တိုင်းစည်ပင်ရုံးချုပ်က ကျွမ်းကျင်ဝန်ထမ်းတွေက တစ်မြို့ပြီး တစ်မြို့ ခင်းပေးနေတာပါ။
၂၀၁၉_၂၀ ခု ဘဏ္ဍာရေးနှစ် အတွင်း မြို့နယ် (၉)ခု(ကျောက်ဆည်၊ကျောက်ပန်းတောင်း၊စဉ့်ကိုင်၊ပြင်ဦးလွင်၊မိတ္ထီလာ၊မြင်းခြံ၊မြစ်သား၊ပျော်ဘွယ်၊ရမည်းသင်း) တွင်နိုင်လွန်ကတ္တရာလမ်း (၂၁) လမ်း ၊အရှည် (၆/၀.၄)မိုင် အားဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။
လာမည့် ၂၀၂၀-၂၁ ခု ဘဏ္ဍာရေးနှစ် တွင်လည်း မြို့နယ် (၁၁) ခုတွင် နိုင်လွန်ကတ္တရာလမ်း (၁၄)လမ်း ၊ အရှည် (၅/၁.၁) မိုင် ဆောင်ရွက်သွားမှာပါ။
အရပ်သားအစိုးရလက်ထက် တိုင်းစည်ပင်ရဲ့ တိုးတက်ပြောင်းလဲမှုတွေ အများကြီးထဲက တစ်ခုပါ။
တိုင်းပြည်တိုးတက်စေချင်ရင် NLD ကိုပဲ မဲပေးပါ။
Source – Dr Ye Lwin