“မြောက်ကိုရီးယားတပ်ဖွဲ့များကပျောက်ဆုံးနေတဲ့တောင်ကိုရီးယားတယောက်ကိုအသေပစ်သတ်”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“မြောက်ကိုရီးယားတပ်ဖွဲ့များကပျောက်ဆုံးနေတဲ့တောင်ကိုရီးယားတယောက်ကိုအသေပစ်သတ်”

September24,2020

ဒီအပတ်အစောပိုင်းလောက်က အင်းအတွင်းကင်းလှည့်မော်တော်ပေါ်ကနေပျောက်ဆုံးသွားခဲ့တဲ့ တောင်ကိုရီးယားအရာရှိတဦးကို မြောက်ကိုရီးယားတပ်ဖွဲ့တွေက အသေပစ်သတ်ခဲ့ပြီးနောက်မှာ အလောင်းကိုမီးရှို့ပစ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်ဘက်က ကြာသပတေးနေ့မှာ ပြောဆိုလိုက်ပါတယ်။

စစ်တပ်က အဲဒီအရါရှိဟာ မြောက်ကိုရီးယားရေပြင်မှာ ဘဝကိုဘယ်လိုအဆုံးသတ်သွားရသလိုလဲလို့
သေခြာမရှင်းပြပေမဲ့ အမည်မဖော်လိုတဲ့ ဆိုးလ် မြို့ကထောက်လှမ်းရေးသတင်းဇစ်မြစ်တွေအရ အဲ့ဒီ အရာရှိဟာ မြောက်ဘက်ကိုကူးပြောင်းပြီးနိုင်ငံရေးခိုလှုံခွင့်တောင်းခံတုန်းပစ်သတ်ခံခဲ့ရတာလို့ ယွန်ဟပ် သတင်းအေဂျင်စီကဆိုပါတယ်။

“ဒီလိုရက်စက်ကြမ်းကြုတ်မှုမျိုးကိုကျွန်တော့်တို့စစ်တပ်ကအပြင်းအထန်ရှုံ့ချပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးသတင်းထုတ်ပြန်ပေးဖို့နဲ့တာဝန်ရှိသူတွေကို အရေးယူအပြစ်ပေးဖို့ကိုအပြင်းအထန်တောင်းဆိုပါတယ်”လို့
ပူးတွဲကာကွယ်ရေးဦးစီးချုပ်ဆီမှာ စစ်ဆင်ရေး
တာဝန်တွေကိုကြီးကြပ်ဆောင်ရွက်နေတဲ့
ဗိုလ်ချုပ် အင် ယောင်ဟိုက တပ်တွင်း အစည်းအဝေးတခုမှာပြောဆိုလိုက်ပါတယ်။

အရာရှိဟာ တောင်ကိုရီးယားပိုင်အင်း
ထဲမှာကင်းလှည့်နေတဲ့မော်တော်ပေါ်ကနေ တနင်္လာနေ့ကပျောက်ဆုံးသွားတယ်လို့သတင်းပို့ခဲ့ပါတယ်။ပျောက်ဆုံးသွားချိန်မှာမော်တော်ဟာ မြောက်ပိုင်းကန့်သတ်မျဉ်းရဲ့
တောင်ဘက်၁၀ကီလိုမီတာ(၆)မိုင်ခန့်အကွာ
မှာရောက်ရှိနေခဲ့ပါတယ်။

(NLL) မြောက်ပိုင်းကန့်သတ်မျဉ်းဟာ
အငြင်းပွါးနေခဲ့တောင်ကိုရီးယားနဲ့မြောက်ကိုရီးယားတို့ရဲ့ရေပြင်နယ်နိမိတ်ကိုပိုင်းခြားကန့်သတ်ထားတဲ့မျဉ်းဖြစ်ပါတယ်။
အသက်၄၇နှစ်အရွယ်အရာရှိပစ်သတ်ခံခဲ့ရတဲ့
အကြောင်းရင်းကိုခုထိမသိရသေးပါဘူး။
ဒါပေမယ့်မြောက်ကိုရီးယားရဲ့
ကိုရိုနာဗိုင်းရပ်(စ်)ကာကွယ်ထိန်းချုပ်ရေး
စည်းမျဉ်းအမိန့်တွေကိုလိုက်နာဆောင်ရွက်
ခဲ့တာဖြစ်မယ်လို့ သတင်းရင်းမြစ်များစွာကိုကိုးကားပြီး
ယွန်ဟပ်ကပြောဆိုပါတယ်။
တောင်ကိုရီးယားမှာတာဝန်ထမ်းဆောင်နေတဲ့
အမေရိကန်ရေတပ်ဗိုလ်မှူး ကြီးတယောက်က
ဒီလအစောပိုင်းလောက်မှာပြောကြားထားခဲ့တာက”ကိုရိုနာဗိုင်းရပ်(စ်) ကူးစက်ပြန့်ပွါးမှာကို
ကာကွယ်ရန် တိုင်းပြည်အတွင်းဝင်ရောက်လာတဲ့သူတွေကိုအသေပစ်သတ်ဖို့မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေကိုအမိန့်ပေးထားတယ်”လို့ဖြစ်ပါတယ်။

ဇူလိုင်လမှာ လွန်ခဲ့တဲ့၃နှစ်လောက်က
တောင်ကိုရီးယားကိုကူးပြောင်းခိုလှုံခဲ့တဲ့
မြောက်ကိုရီးယားတယောက်က ကိုရိုနာဗိုင်းရပ်(စ်)နဲ့
ပတ်သက်တဲ့အကြောက်တရားကိုစတင်
ဖြစ်ပေါ်စေခဲ့ပါတယ်။သူဟာအစောင့်အကြပ်တွေထူထပ်စွာချထားတဲ့မြောက်ကိုရီးယားဘက်ကိုပြန်လည်ခိုးဝင်သွားခဲ့ပြီး သူဟာပဌမဦးဆုံးရောဂါဖြစ်ပွါး
စေမယ့်ဗိုင်းရပ်(စ်)ကိုသယ်ဆောင်လာခဲ့တယ်
လို့ဆိုပါတယ်။

သူရောက်ရှိသွားတာနဲ့ မြောက်ကိုရီးယားတွေဟာနယ်စပ်မြို့ကိုအလျှင်အမြန်ပိတ်ဆို့ပြီး လော့(ခ်)ဒေါင်းချထားလိုက်ပါတယ်။ကြောက်ရွံ့စိုးရိမ်ပြီး လူထောင်ပေါင်းများစွာကိုစောင့်ကြည့်စစ်ဆေးပြီး ကွာရန်တင်းဝင်ခိုင်းခဲ့ပါတယ်။

နောက်ပိုင်းမှာWHO(ကမ္ဘာ့ကျန်းမာရေးအဖွဲ့)
ရဲ့စမ်းသပ်စစ်ဆေးချက်အရ ခိုးဝင်လာခဲ့သူမှာ
ဘာရောဂါပိုးမှ ရှာမတွေ့ခဲ့ပါဘူး။
လွန်ခဲ့တဲ့အပတ်က နိုင်ငံအတွင်းကူးပြောင်းခိုလှုံခဲ့သူတဦးကိုတောင်ကိုရီးယားရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပါတယ်။
သူဟာတောင်ကိုရီးယားနယ်စပ်မြို့ ချီအော်ဝန်
မှာရှိတဲ့စစ်ရေးလေ့ကျင့်ရေးစခန်းတခုထဲကို
ချိုးဖောက်ဝင်ရောက်ခဲ့ပြီး မြောက်ကိုရီးယား
ဘက်ကိုပြန်သွားဖို့ကြိုးစားခဲ့လို့ဖြစ်ပါတယ်။

Ref: France-24(Reuters)


Spread the love
  •  
  •  
  •  
  •  
  •  
  •