မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးရှိ ကိုဗစ်လူနာများအတွက် အဟာရဒါန လှူဒါန်းပေးကြပါရန်နှိုးဆော်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးတွင်
တက်ရောက်ကုသမှုခံယူနေသော
ကိုဗစ်လူနာများနှင့်ကိုဗစ်သံသယလူနာများ (၄၀၀)အတွက်နေ့စဥ်တစ်နေ့ ၃ ကြိမ်
နံနက်စာ နေ့လည်စာညစာ များကို
၂၇.၁၁.၂၀၂၀ နေ့မှစ၍အလှူရှင်များလှူဒါန်းပေးမှုဖြင့်
ပံ့ပေးပေးလျက်ရှိရာ၃၀.၁၁.၂၀၂၀ နေ့အထိ
အလှူရှင်များလှူဒါန်းပေးမှုကြောင့်အဆင်ပြေခဲ့ပါတယ်။

နောက် ၂ရက်ကျော်ဒီဇင်ဘာလ၊ ၁ ရက်နေ့က စလို့
ဒီဇင်ဘာလ (၃၁)ရက်နေ့အထိကိုဗစ်သံသယလူနာများအတွက်ယခင် အဟာရဒါန ၄၀၀ အလှူခံနေရာက
လူနာများလာ၍တစ်ကြောင်းယခင်က အလှူရှင်သီးသန့်ရှိနေ၍အဟာရဒါနကို မယူခဲ့သောIsolation Ward-4 ကလည်းဒီဇင်ဘာလ (၁) ရက်နေ့ကစလို့လိုအပ်ပါတယ်ပြောလာတဲ့အတွက်တစ်နေ့လျှင် နံနက်စာ-၅၀၀နေ့လည်စာ-၅၀၀ညစာ-၅၀၀ အဟာရဒါနများလိုအပ်နေပါသည်။
မိမိတို့လှူနိုင်သ၍၁၀၀၊ ၂၀၀၊ ၃၀၀၊၄၀၀၊ ခွဲလှူလို့လည်းရပါတယ်။

လက်ဆင့်လေးကမ်းလို့ကိုဗစ်လူနာများကို
မိသားစုလည်းလာမပို့နိုင်တဲ့အခြေအနေတွေမှာ
ကူညီပံ့ပိုးလှူဒါန်းပေးကြပါရှင်

ခဏခဏရေးနေရတာအားနာပါတယ်
အလှူရှင်တွေမရှိတော့ရင်
ရပ်တန့်လိုက်ရတော့မယ့်အခြေအနေဖြစ်နေလို့ပါ။

ကျေးဇူးတင်အားနာစွာဖြင့်

Dr.ဝင်းသန္တာဖြူ
ဆေးရုံအုပ်
မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး
ဖုန်း-095011549

ရက်ချိန်းယူလိုပါက
ဒေါ်အေးအေးမျိုး
ဆေးလူမှုဆက်ဆံရေးမှူး
ဖုန်း-09772925215 ကိုဆက်သွယ်ရက်ချိန်းယူ၍
လှူဒါန်းပေးနိုင်ကြပါတယ်။

 

လှူတဲ့အလှူရှင်များကိုယ်စား
လူနာများကောင်းမွန်စွာအချိန်မှန်စားသုံးရတဲ့အတွက်
ကျေးဇူးအထူးတင်ပါတယ်။
ဓာတ်ပုံလေးတွေကြည့်ပြီးအထူးပီတိဖြစ်ရပါတယ်။
အလှူရှင်များပီတိဖြစ်စေဖို့တင်ပြပေးချင်ပါတယ်။

အဟာရဒါနအတွက် အလှူငွေ လက်မခံပါရှင်။
အလှူရှင်များမှ Lunch Box ဆိုင်များနှင့်ဆက်သွယ်မှာယူပြီးကိုယ်တိုင်သော်၎င်း၊ ဆိုင်မှ၎င်း လာရောက်ပေးပို့လှူဒါန်းပေးကြပါရန်မေတ္တာရပ်ခံပါရစေ။

နံနက်စာလှူဒါန်းလိုပါက-နံနက် ၇ နာရီမှ ၇နာရီခွဲအတွင်း
နေ့လည်စာလှူဒါန်းလိုပါက-နံနက် ၁၀ နာရီနှင့် ၁၀နါရီခွဲအတွင်းညစာလှူဒါန်းလိုပါက-ညနေ ၄ နာရီမှ ၄နာရီခွဲအတွင်းလာရောက်ပေးပို့နိုင်ပါတယ်။

ပို့ပေးရမည့်နေရာမြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး
အုပ်ချုပ်မှုဆောင်ဆက်သွယ်လှူဒါန်းသူများကိုကျေးဇူးအထူးတင်ပါတယ်။
တစ်လ အတွင်း လိုအပ်သည့်စာရင်းများကိုလည်း
Update တင်ထားပါတယ်ရှင်။

အဓိက Lunch Box ဆိုင်များကိုတောင်းဆိုချင်တာက
ဆန်ကိုနူးနူးအိအိလေးချက်ပေးပါဆောင်းဝင်တော့မှာမို့ ဆန်သစ်ဆို အစာသိပ်မကျေတတ်တာမို့
ဆန်ဟောင်း၊ဆန်သစ်မျှပြီးချက်ပေးပါ။
ဝက်သား၊အမဲသားက လူမျိုး၊ဘာသာမရွေးစားလို့အဆင်မပြေပါ။
ထမင်းဟင်းကို ခူးပြီးခပ်နွေးနွေးမှ ဖုံးစေချင်ပါတယ်
ချွေးကျပြီးထမင်းဟင်းသိုးပြီး
လူနာများအဆင်မပြေမှာစိုးရိမ်လို့ပါ။
အချိုမှုန့်မသုံးဘဲ၊ အသားမှုန့်၊ငါးမှူန့်သဘာဝအတိုင်း
ချက်ပေးစေချင်ပါတယ်။
အသီးအရွက်တွေမှာ မျှစ်ကြော်တော့မထည့်စေချင်ပါ။
ယနေ့ထိပို့ပေးသောထမင်းဗူးများ
အားလုံးအဆင်ပြေပါတယ်။
ကျေးဇူးအထူးတင်ပါတယ်။

ဇယားလေးမှာဖော်ပြထားတဲ့အတိုင်း
လိုအပ်တဲ့နေ့တွေမှာ
ဖြည့်စွက်လှူဒါန်းပေးနိုင်ကြပါတယ်ရှင်။


Spread the love
  •  
  •  
  •  
  •  
  •  
  •