မွန်ပြည်နယ်မှာ စိတ်ကြွရူးသွပ်ဆေးပြား ‌ခြောက်သိန်းကျော်ဖမ်းဆီးရမိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မွန်ပြည်နယ်ရဲတပ်ဖွဲ့ ၊ မှုခင်းအကူဌာနတပ်ဖွဲ့ဝင်များမှ
မူးယစ်ဆေးပြား ‌ခြောက်သိန်းကျော်ဖမ်းဆည်းရမိ
===================================
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်မှာ ဇန်နဝါရီ ၂၃ ရက်နေ့ နံနက် ၉ နာရီခွဲက တောင်ကြီးမြို့၊ ရေအေးတွင်းရပ်ကွက်မှာနေထိုင်တဲ့ ဦးအောင်ထွန်းဝင်း (ခ) အာရှင်း မောင်းနှင်လာသော ယာဉ်ပေါ်မှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား (၆၀၄၅၀၀) ဖမ်းမိခဲ့ပါတယ်

မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစိတ်မှ ရဲအုပ် ဇော်ထိုက်၊ ရဲအုပ် ကျော်လင်းဦး၊ ရဲအုပ် အောင်သူရ၊ ရဲအုပ် နိုင်လင်းအောင်၊ ရဲအရာခံ မျိုးကျော်ကျော်၊ ရဲတပ်ကြပ်ကြီး အောင်ဝင်းနိုင်၊ ရဲတပ်ကြပ်ကြီး အောင်မျိုးဦး၊ ရဲတပ်ကြပ်ကြီး အေးမင်းထွန်း၊ ရဲတပ်ကြပ် ကျော်ဝင်းထွဋ်၊ ရဲတပ်ကြပ် ဟန်ဝင်းအောင်၊ ရဲတပ်သား ရဲဝင်းလတ်၊ အမျိုးသမီးရဲမေ ရဲတပ်သား အေးပြည့်ပြည့်ဖြိုး၊ ရဲတပ်သား ယဉ်ယဉ်အောင်၊ မူးယစ်တပ်ဖွဲ့စု(၃၈)မှ ရဲတပ်ကြပ်ကြီး အောင်မျိုးဌေး၊ သက်သေ မော်လမြိုင်မြို့၊ သာယာအေးရပ်ကွက် ရပ်မိရပ်ဖ ဦးယဉ်ထွေး၊ မြိုင်သာယာရပ်ကွက် ရာအိမ်မှူး ဦးစိုးသုဝဏ် တို့ပါဝင်သောအဖွဲ့သည့်အဖွဲ့က ဖမ်းဆီးခဲ့သည်။

ဦးအောင်ထွန်းဝင်း မောင်းလာတဲ့ ယာဉ်အမှတ် MDY/ 7C-1510 နံပါတ်ပါ TOYOTA HILUX SURF အမျိုးအစား အပြာရောင်ယာဉ်နှင့် တစ်ဖွဲ့တည်းအတူလာသည့် ကိုအာမင် မောင်းလာသော ယာဉ်အမှတ် MDY/ 9L-5081 နံပါတ်ပါ TOYOTA HILUX VIGO အမျိုးအစား မီးခိုးရောင် မော်တော်ယာဉ်တို့ ပါဝင်သည်။

ကိုအာမင်သည် တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ နယ်မြေ (၁)၊ ပန်းတင် (၁၈) လမ်းနေထိုင်သူဖြစ်ပြီး ကိုအာမင် မောင်းလာသော ယာဉ်ပေါ်မှာ လားရှိုးမြို့၊ နယ်မြေ (၁၂)၊ ရပ်ကွက် (၅) မှာနေထိုင်သူ ကိုအောင်ဝင်းနှင့် ရေးမြို့၊ သီရိမာလရပ်ကွက်နေ ဒေါ်စုစုခိုင်တို့ လိုက်ပါလာခဲ့ကြသည်။

ရဲတပ်ဖွဲ့က ဦးအောင်ထွန်းဝင်း မောင်းလာသော မော်တော်ယာဉ်အား စစ်ဆေးခဲ့ရာ ယာဉ်နောက်ခန်း နောက်တံခါးအတွင်းမှ ပန်းပွင့်ပုံလေးများပါသော အပြာရောင်ကြွတ်ကြွတ်အိတ်အတွင်း အဝါရောင်တိပ်ဖြင့် ပတ်ထားသော မိုင်းကိုင်စက္ကူအတွင်း အဆင့်ဆင့် ထုပ်ပိုးထားသည့် WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား တစ်ထုတ်လျှင် ၉၇၅ဝ ပြားပါ ပါကင်အထုပ်ကြီး ၁၁ ထုပ် (စုစုပေါင်းဆေးပြား ၁၀၇၂၅၀ ပြား) တွေ့ရှိခဲ့သည်။
ထို့နာက် ဆက်လက်ရှာဖွေခဲ့ရာ GRAND TREK J6 စာတမ်းပါ ကားတာယာအတွင်း WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ် ဆေးပြားတစ်ထုပ်လျှင် ၉၇၅ဝ ပြားပါသော ပါကင်အထုပ်ကြီး ၂၇ ထုတ် (စုစုပေါင်းဆေးပြား ၂၆၃၂၅၀ ပြား) အား ထပ်မံတွေ့ရှိခဲ့သည်။

ထိုအပြင် ယာဉ်၏ ဝမ်းဗိုက်အောက်ရှိ GEOLANDAR H/T.S စာတမ်းပါ ကားတာယာအတွင်း WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား တစ်ထုပ်လျှင် ၉၇၅ဝ ပြားပါ ပါကင်အထုပ်ကြီး ၂၄ ထုပ် (စုစုပေါင်းဆေးပြား ၂၃၄၀၀၀ ပြား) တို့ကို နောက်ထပ် ရှာဖွေတွေ့ရှိခဲ့သည်။
မူးယစ်ဆေးဝါးနှင့် ဆက်စက်ပစ္စည်းများ သိမ်းဆည်းခဲ့ရာမှာတော့ ဦးအောင်ထွန်းဝင်း ယာဉ်ပေါ်မှ နံပါတ်ပါ iPhone အမျိုးအစား ဖုန်း ၁ လုံးနှင့် OPPO အမျိုးအစား ဖုန်း ၁ လုံးကို လည်းကောင်း ကိုအာမင် မောင်းနှင်လာသော ယာဉ်ပေါ်မှ နံပါတ်ပါ OPPO အမျိုးအစား ဖုန်းတစ်လုံး၊ နံပါတ်ပါ OPPO အမျိုးအစား ဖုန်း ၂ လုံး၊ နံပါတ်တို့ပါ VIVO အမျိုးအစား ဖုန်း ၁ လုံးနှင့် မြန်မာငွေစက္ကူရောရာ ၇၉၀၀၀ ကျပ်တို့ကို သိမ်းဆည်းရမိခဲ့သည်။

ထိုမူခင်းနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က မော်လမြိုင်မြို့မရဲစခန်းမှာ အမှုဖွင့်သွားမှာလို့ သိရပါတယ်။

Myint Soe (23.1.2021)


Spread the love
  •  
  •  
  •  
  •  
  •  
  •