မွန်ပြည်နယ်အဝင် စစ်တောင်းတံတား( မုပ္ပလင်) ဂိတ် မှာ ကုန်တင်ယာဥ်မောင်းများနှင့်ယာဥ်နောက်လိုက်များအား ၁၅ မိနစ်အတွင်း swabs test စစ်ဆေး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မွန်ပြည်နယ်အဝင် စစ်တောင်းတံတား( မုပ္ပလင်) ဂိတ် မှာ ကုန်တင်ယာဥ်မောင်းများ ယာဥ်နောက်လိုက်များအား ၁၅ မိနစ်အတွင်း swabs test စစ်ဆေး

ယနေ့ညနေ့မှစ၍ မွန်ပြည်နယ်အဝင် စစ်တောင်းတံတား( မုပ္ပလင်) Covid-19 စစ်ဆေးရေးဂိတ် မှာ ကုန်တင်ယာဥ်မောင်းများ ယာဥ်နောက်လိုက်များအား ၁၅ မိနစ်အတွင်း swabs test အဖြေ ထွက်ရှိအောင် စစ်ဆေးခြင်းကိုဆောင်ရွက်မည်ဖြစ်ပြီးNegative ထွက်ရှိသော ယာဥ်ကိုသာ ပေးဝင်မယ်လို့ သိရပါတယ်။

Positive ထွက်ပါက ထွက်သောယာဥ်မောင်းယာဥ်နောက်လိုက် မော်လမြိုင်ဆေးရုံတွင် လည်ကောင်း ၊ဘီးလင်းဒေါက်ရပ်ဆေးရုံတွင် လည်ကောင်း၊ အတူတူတစ်စီးတည်းဖြစ်၍Negative တစ်ဦး ထွက်သော်လည်း ကျိုက်ထိုCBFQစခန်းတွင်Quarantine ဝင်ရမှာဖြစ်ပါတယ်။

ကုန်စည် စီးဆင်းမှု့ မပျက်စေရေးအတွက် မွန်ပြည်နယ် ကရင်ပြည်နယ် တနင်္သာရီတိုင်းသို့ထွက်ခွာမည့် ကုန်တင်ယာဥ်မောင်းနှင့် ယာဉ်နောက်လိုက်များအား လက်ခံပြီး swabs test စစ်ဆေးခြင်း ဆောင်ရွက်ပေးမည် ဖြစ်ပြီး အိမ်စီးကားများနှင့် ခရီးသည်တင် Express ယာဉ်များအား ယခုကာလအတွင်း  ခရီးသွားခြင်းနှင့် အဝင်အထွက် မပြုလုပ်ကြပါရန်နှင့် အကယ်၍ဝင်ရောက်ခဲ့ပါက ကျိုက်ထိုမြို့နယ်အတွင်း Quarantine ဝင်ရမှာ ဖြစ်ပါတယ်။

မွန်ပြည်နယ် အစိုးရနှင့် ကျန်းမာရေးဝန်ထမ်းများ တာဝန်ရှိသူများမှ အကောင်းဆုံးဖြစ်အောင် စီစဉ် ဆောင်ရွက်ပေးလျှက်ရှိတယ်လို့ သိရပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •