“မွေးနေ့ဆုတောင်း”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

“မွေးနေ့ဆုတောင်း”
———————–

ပြည်သူ့အောင်ပန်း၊ မြဲဆင်မြန်းသည့်
အောင်ဆန်းစုကြည်၊ ရဲဇာနည်ကို
မြန်ပြည်တလွှား၊ ချစ်သူများခဲ့။
တို့အားတို့အင်၊ တို့အရှင်ကို
ကြည်ရွှင်စေသော၊ မာစေသောဟု
မွေးသောနေ့မှာ၊ တို့သူငါသည်
မေတ္တာကြည်လင် ရွှင်ရွှင်ပို့။
ဒေါင်းပျိုအိုးဝေ တွန်စေဖို့
မြတ်ဆုမွန်ကောင်း တောင်းကြစို့။

(မင်းသုဝဏ်)
၁၉. ၆. ၁၉၉၀

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၄၅ နှစ်မြောက်မွေးနေ့ အတွက် ကဗျာဆရာကြီး မင်းသုဝဏ် ရေးဖွဲ့ပေးခဲ့တာပါ။

၁၉၉၀ ခုနှစ်ရွေးကောက်ပွဲ ရလဒ်အတိုင်းသာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲနိုင်ဖို့ အတွက် နိုင်ငံ့အာဏာကိုသာ လွဲပြောင်းပေးခဲ့ရင် လွန်ခဲ့တဲ့ အနှစ်သုံးဆယ်အတွင်းမှာ မြန်မာပြည်ဟာ အရှေ့တောင်အာရှမှာ ထွန်းသစ်စ နိုင်ငံအဖြစ် မလွဲမသွေ သေခြာပေါက် မြင်တွေ့ရမှာပါ။

အခုလည်း ဒီ့ထက်ပို နောက်မကျရအောင် အမှန်တရားကို ဝိုင်းဝန်းထောက်ပံ့ အားပေးပွေ့ပိုက်ထားကြပါစို့။


Spread the love
  •  
  •  
  •  
  •  
  •  
  •