မှော်ဘီမြို့နယ် ရဲတပ်ဖွဲ့မှူး COVID-19 ရောဂါဖြင့် ကွယ်လွန်ခဲ့သော်လည်း တပ်ဖွဲ့ဝင်များနှင့်ထိတွေ့မှုမရှိဟု ဆို

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မှော်ဘီမြို့နယ် ရဲတပ်ဖွဲ့မှူး COVID-19 ရောဂါဖြင့် ကွယ်လွန်ခဲ့သော်လည်း တပ်ဖွဲ့ဝင်များနှင့်ထိတွေ့မှုမရှိဟု ဆို

မှော်ဘီ၊ အောက်တိုဘာ ၁

မှော်ဘီမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကောင်းသိန်းထွန်းမှာ စက်တင်ဘာ ၂၉ ရက်နေ့ ည ၉ နာရီက ဆေးရုံတွင် ဆေးကုသမှုခံယူစဉ် Covid 19
Poaitive ဖြင့် ကွယ်လွန်ခဲ့သော်လည်း စခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် ထိတွေ့မှုမရှိခဲ့ကြောင်း သိသည်။

” မြို့နယ်မှူးကြီး က ပထမဆုံးဆေးရုံတက်တာ သွေးအံလို့တက်တာ၊ ဆေရုံတက်ဆေးကုသတယ် ကောင်းပြီးတော့ပြန်ဆင်းလာတယ် ၊ စခန်းက အိမ်မှာ ဆေးနားနဲ့ ရက်အတော်ကြ
ာနားနေတယ်၊နောက်တစ်ခါ သွေးအံပြီးတေ
ာ့ဆေးရုံ ပြန်တက်တယ် ၊ ဆေးရုံရောက်ပြီး
၃ ရက် ၄ ရက်လောက်ကြာမှ positive ဖြစ်
တယ် ၊ဆရာ Positiveဖြစ်တယ်သိရတဲ့အချိန်မှာ မိသားစုဝင်တွေက မှော်ဘီ အထက- (၂) Quarantinဝင်တယ်၊ ဒါကြောင့်စခန်းမှာ ရှိတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ ထိတွေ့မှု မရှိပါဘူး ၊ မြို့
နယ်မှူးက ဆီးချိုသွေးချိုရောဂါအခံရှိတော့ ဆုံးသွားတာလို့ပဲ ထင်ပါတယ် ” ဟု မှော်ဘီမြို့နယ်၊ မြောင်းတကာနယ်မြေစခန်းမှူး ရဲအုပ် ဆန်းအောင်ကပြောသည်။

ရန်ကုန်မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်ရဲတပ်ဖွဲ့မှူး သည် ပြီးခဲ့သည့် စက်တင်ဘာ ၁၇ ရက်နေ့ ညပိုင်း၌ ချောင်းဆိုးကာ နေမကောင်းဖြစ်
၍ မှော်ဘီဆေးရုံမှ တစ်ဆင့် အင်းစိန်ပြည်သူ့
ဆေးရုံသို့ ပို့ဆောင်ကာ ဆေးရုံ Isolation ခန်း၌ စောင့်ကြည့်ကုသခဲ့ကြောင်းထို့နောက်
စက်တင်ဘာ ၁၈ ရက်နေ့၌ ၎င်း၏ နှာခေါင်းတို့ဖတ် ရယူစစ်ဆေးခဲ့ရာ COVID-19 ရောဂါပိုးတွေ့ရှိ‌ခဲ့ကြောင်း ကျန်းမာရေးနှင့်အား
ကစား ဝန်ကြီးဌာန ထုတ်ပြန်ချက်မှ သိရသည်။

အဆိုပါရဲမှူးကို အင်းစိန်ဆေးရုံမှ တစ်ဆင့် မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီဆေးရုံကြီးသို့ ပို့ဆောင်ကြပ်မတ်ကုသနေစဉ် စက်တင်ဘာ ၂၉ ရက်ည ၉နာရီအချိန်တွင် ကွယ်လွန်ခဲ့ဖြစ်ကြောင်း သိရသည်။

ရဲမှူးကောင်းသိန်းထွန်းသေဆုံးစဉ်တွင်ဇနီးဖြစ်သူဒေါ်လှလှရီနှင့်သမီးကြီးတစ်ဦးနှင့်သား၃ဦးကျန်ရစ်
ကြောင်းသိရသည်။

မြန်မာနိုင်ငံအတွင်း အောက်တိုဘာ(၁)ရက်ည(၈)နာရီ အချိန်ထိ ကျန်းမာရေးနှင့်အားက
စားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်စ် ကူးဆက်ခံရသူ (၁၄၃၈၃)ဦး သေဆုံးသူ(၃၂၁)ဦး၊ ကုသမှုခံယူပြီး ဆေးရုံမှဆင်းခွင့်ရရှိသူ(၄၁၅၆)ဦး ဖြစ်ကြောင်း သိရသည်။

မင်းထွဏ်း


Spread the love
  •  
  •  
  •  
  •  
  •  
  •