ယခင်က မကွေးတိုင်းဒေသကြီးတွင် ရွာပေါင်း ၄၀ကျော်သာမီးလင်းခဲ့ပြီး NLD အစိုးရလက်ထက်တွင် ရွာပေါင်း၂၀၀၀ကျော်ထိ မီးလင်းပြီ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ယခင်အစိုးရ လက်ထက် မကွေးတိုင်းဒေသကြီးတွင် ရွာပေါင်း ၄၀ကျော်သာမီးလင်းခဲ့ပြီး NLD အစိုးရလက်ထက်တွင် ရွာပေါင်း၂၀၀၀ကျော်ထိ မီးလင်ပြီ
====================================

မ​ကွေး၊စက်တင်ဘာ ၁၆ရက်။
ယခင်အစိုးရ လက်ထက် မကွေးတိုင်းဒေသကြီးတွင် ရွာပေါင်း ၄၀ကျော်သာ မီးလင်းခဲ့ပြီး ယခုအစိုးရ လက်ထက်တွင်ရွာပေါင်း ၂၀၀၀ကျော်မီးလင်းအောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကပြောသည်။

စက်တင်ဘာ လအတွင်း ကျေးရွာများသို့ရွေးကောက်ပွဲအတွက် ဂါရဝပြုနှုတ်ဆက်တွေ့ဆုံပွဲ အခမ်းအနားတွင် မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကပြောကြားခဲ့သည်။

“အရင်က မကွေးတိုင်းမှာ ရွာပေါင်း ၄၇ရွာပဲ မီးလင်းအောင် ဆောင်ရွက်နိုင်ခဲ့ပေမယ့် အခု NLDအစိုးရလက်ထက်မှာ ရွာပေါင်း ၂၂၉၅ရွာကိုမီးလင်းအောင် ဆောင်ရွက်ပေးနိုင်ခဲ့တယ်။ အရင်အစိုးရထက် အဆ လေးဆယ်ကျော် ဆောင်ရွက်နိုင်ခဲ့တယ်။ ဘတ်ဂျက်သုံးခဲ့တဲ့ ပမာဏခြင်းလည်းမတူဘူး။ထိရောက်တာခြင်းကလည်းမတူဘူး”ဟု ၎င်း ကပြောသည်။

မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ အလယ်ပိုင်းတွင်တည်ရှိပြီး ဧရိယာအကျယ်အဝန်း စတုရန်းမိုင် ၁၇၃၀၅.၃ မိုင် လူဦးရေ ၃၉၁၇ ၀၅၅ဦးနေထိုင်ကြောင်းသိရသည်။

မကွေးတိုင်းဒေသကြီးတွင် ခရိုင်၅ခု၊ ကျေးရွာအုပ်စု ၁၅၃၈ အုပ်စု၊ကျေးရွာပေါင်း ၄၇၈၈ရွာဖြင့်ဖွဲ့စည်းထားသည်။


Spread the love
  •  
  •  
  •  
  •  
  •  
  •