ယခုနှစ် ကြိုးကြာခေါင်းနီငှက် မျိုးပွားရာသီတွင် အသိုက်စာရင်း (၁၁၅)သိုက် မှတ်တမ်းတင်ရရှိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ယခုနှစ် ကြိုးကြာခေါင်းနီငှက် မျိုးပွားရာသီတွင် အသိုက်စာရင်း (၁၁၅)သိုက် မှတ်တမ်းတင်ရရှိ

ယခုနှစ် ကြိုးကြာခေါင်းနီငှက် မျိုးပွားရာသီတွင် အသိုက်စာရင်း (၁၁၅)သိုက် မှတ်တမ်းတင်ရရှိကြောင်း WCS Myanmar မှသိရသည်။

အောက်တိုဘာလလယ် ထုတ်ပြန်ချက်အရ ကြိုးကြာခေါင်းနီများကို ဧရာ၀တီတိုင်းအခြေပြုကာ စက်တင်ဘာလနှင့် ဩဂုတ်လတို့တွင် မှတ်တမ်းတင်ကောက်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၀ ခုနှစ် ဩဂုတ်လ နှင့် စက်တင်ဘာလအတွင်း ပူးပေါင်းဆောင်ရွက်မှုများအရ မအူပင်မြို့နယ်တွင် အသိုက် (၁၉) သိုက်နှင့် ထိုအသိုက်များမှအကောင်ပေါက် (၃) ကောင်၊ ဝါးခယ်မမြို့နယ်တွင် (၉၆) သိုက်နှင့် ထိုအသိုက်များမှ အကောင်ပေါက် (၅၇) ကောင်ကို စာရင်းကောက်ယူ မှတ်တမ်းတင်နိုင်ခဲ့သည်။

ယခုနှစ် ကြိုးကြာခေါင်းနီငှက် မျိုးပွားရာသီတွင် စုစုပေါင်း အသိုက် (၁၁၅) သိုက်ကို မှတ်တမ်းတင်ရရှိပြီး အသိုက်စာရင်းကောက်ယူမှုများကို ဒေသခံများ၊ ကျုံကပြင်-တက်ဆိပ် ဒေသခံသားငှက်ထိန်းသိမ်းရေးအဖွဲ့များ နှင့်သားငှက်ထိန်းသိမ်းရေးအဖွဲ့(မြန်မာနိုင်ငံအစီစဉ်)တို့ ပူးပေါင်းပြီး ဆက်လက်ဆောင်ရွက်လျက် ရှိ‌ေကြာင်းသိရသည်။

ကြိုးကြာအသိုက် စာရင်းကောက်ယူမှုလုပ်ငန်းများကို ၂၀၂၀ ခုနှစ် မျိုးပွားရာသီအတွင်း ဧရာဝတီတိုင်းဒေသကြီးရှိ၊ မအူပင်နှင့်ဝါးခယ်မမြို့နယ်များတွင် အဓိကထားပြီး လုပ်ဆောင်လျက်ရှိသည်။

၂၀၂၀ ခုနှစ် ကြိုးကြာခေါင်းနီငှက် မျိုးစိတ်များ၏ မျိုးပွားရာသီတွင် COVID-19 ကူးစက်ရောဂါဖြစ်ပွားမှုများကြောင့် သြဂုတ်လအတွင်း ရက်အနည်းငယ်မှအပ ကွင်းဆင်းလုပ်ငန်းများကို အပြည့်အဝ လုပ်ကိုင်ဆောင်ရွက်နိုင်ရွက်ခြင်းမရှိခဲ့ကြောင်းသိရပြီး သို့သော်ဒေသခံများနှင့် ချိတ်ဆက်မှုများ အမြဲမပြတ်ဆောင်ရွက်လျက် ရှိကာ အထူးသဖြင့် ကျုံကပြင်-တက်ဆိပ် ဒေသခံသားငှက်ထိန်းသိမ်းရေးအဖွဲ့နှင့်ပူးပေါင်းပြီး ကြိုးကြာခေါင်းနီငှက် အသိုက်စာရင်းကောက်ယူမှု လုပ်ငန်းများကို ဆက်လက်လုပ်ကိုင်သွားမည်ဖြစ်‌ေကြာင်းသိရသည်။

Photo – WCS Myanmar
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •