ယခု ကိုကိုးကျွန်းကတော့ အကျဉ်းစခန်း မဟုတ်တော့ပါဘူး။ ကျွန်မတို့နိုင်ငံ တောင်ပင်လယ်ကြီးထဲက အစောင့်ကျွန်းလေးလို့ မြင်နိုင်ပါတယ် (ဒေါ်အောင်ဆန်းစုကြည်)

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ယခု ကိုကိုးကျွန်းကတော့ အကျဉ်းစခန်း မဟုတ်တော့ပါဘူး။ ကျွန်မတို့နိုင်ငံ တောင်ပင်လယ်ကြီးထဲက အစောင့်ကျွန်းလေးလို့ မြင်နိုင်ပါတယ် (ဒေါ်အောင်ဆန်းစုကြည်)

 

မနေ့က ကိုကိုးကျွန်းကို ရောက်ခဲ့ပါတယ်။ ကိုကိုးကျွန်းဆိုတဲ့နာမည်နဲ့ ငယ်ငယ်ကတည်းက ရင်းနှီးခဲ့တာပါ။ နိုင်ငံရေးအသိုင်းအဝိုင်းမှာ ကြီးလာခဲ့တော့ ” ကိုကိုးကျွန်း” ” ပုဒ်မ ၅ ” ဆိုတာတွေ နားလည်နေတယ်လေ။

ယခု ကိုကိုးကျွန်းကတော့ အကျဉ်းစခန်း မဟုတ်တော့ပါဘူး။ ကျွန်မတို့နိုင်ငံ တောင်ပင်လယ်ကြီးထဲက အစောင့်ကျွန်းလေးလို့ မြင်နိုင်ပါတယ်။ လူဦးရေ ( ၁၃၆၃) သာရှိပေမယ့် အခြားမြို့နယ်တွေလိုပဲ တန်ဖိုးထားရမယ့် ကျွန်မတို့နိုင်ငံရဲ့ အစိတ်အပိုင်းလေးပါပဲ။ စိတ်ထဲမှန်းကြည့်ခဲ့တာထက် ပိုပြီးသေးပါတယ်။ ရာသီဥတုဆိုးဝါးတယ်လို့ သိထားရပေမင့် ကျွန်မတို့ရှိနေတဲ့ နံနက်မှာ သာယာပြီး သွားရလာရတာ အဆင်ပြေပါတယ်။

 

ကျွန်မတို့နိုင်ငံက ပြည်ထောင်စုပါလို့ ကျွန်မ ခဏခဏ သတိပေးပါတယ်။ ကိုကိုးကျွန်းရောက်တော့ ကျွန်မတို့ ပြည်ထောင်စုကြီး ဘယ့်လောက်နှစ်ခြိုက်ဖွယ်ကောင်းလဲလို့ ခံစားမိပါတယ်။ ဟိုးမြောက်ပိုင်းက ရေခဲတောင်တွေ၊ တနင်္သာရီတောင်စွန်းက ကျွန်းလေးတွေ၊ သမုဒ္ဒရာကြီးထဲမှာ အစောင့်လုပ်ပေးနေတဲ့ ကိုကိုးကျွန်းလေး၊ တစ်နေရာနဲ့ တစ်နေရာ မတူကြပါ။

တူတာကတော့ အားလုံးဟာ တန်းတူတန်ဖိုးရှိခြင်းပါပဲ။

(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို) ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ Chair NLD https://m.facebook.com/Chair-NLD-109135390896061/ မှ ကူးယူဖော်ပြသည်။)


Spread the love
  •  
  •  
  •  
  •  
  •  
  •