ယင်းမာပင်တွင် ဝက်များကူးစက်ရောဂါသံသယနှင့် သေဆုံးမှုဖြစ်ပွား

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ယင်းမာပင်မြို့နယ်တွင် ဝက်များကူးစက်ရောဂါသံသယဖြစ်ဖွယ်နှင့် သေဆုံးမှုဖြစ်ပွား

အာဖရိက ဝက်အပြင်းဖျားရောဂါကြောင့် သေဆုံးမှုကတော့ လတ်တလောစာရင်းအရ ဝက်အကောင်ရေ ၃၀၀၀ ကျော်ပြီလို့သိရပါတယ်။

ဒီရောဂါကို ပြည်တွင်းမှာ ၂၀၁၉ ခုနှစ်က စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ရှမ်းပြည်နယ် နေရာ  ၆ နေရာ၊ ကချင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ တစ်နေရာစီနဲ့ စုစုပေါင်း ၈ နေရာမှာ တွေ့ရှိခဲ့ပြီး ဖြစ်ပါတယ်။

 

ဒီရောဂါက ပြင်းထန်မယ်ဆိုရင် ဝက်တွေ ချက်ချင်း သေဆုံးနိုင်သလို၊ ကူးစက်ခံရပြီး မှိုင်တွေလာတာ၊  ခန္ဓာကိုယ်မှာ အရောင်ပြောင်းတာ စတဲ့ ရောဂါလက္ခဏာတွေ ပြပြီးမှ သေဆုံးတာလည်း ရှိပါတယ်။ နောက်တမျိုးကတော့ နာတာရှည်ရောဂါလိုဖြစ်ပြီး အရိုးအဆစ်တွေ ရောင်ပြီး သေဆုံးတာမျိုးလည်း ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း ချင်းပြည်နယ် ထန်တလန်မြို့မှာ ဆာကိုဗိုင်းရပ်စ်ကြောင့် ဝက်အကောင်ရေ ၄၀ ကျော် သေဆုံးမှု ဖြစ်ခဲ့ပါတယ်။

 


Spread the love
  •  
  •  
  •  
  •  
  •  
  •