ယန်လိမန်း Li-Meng Yan (သို့မဟုတ်) Covid ကိစ္စမှာတရုတ်ဘက်ကနေ အမေရိကန်ဘက်ပြေးလာသူ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ယန်လိမန်း Li-Meng Yan (သို့မဟုတ်) ကမ္ဘာကိုကိုင်လှုပ်သောထိုဆက်ရက်

 

(Covid ကိစ္စမှာတရုတ်ဘက်ကနေ အမေရိကန်ဘက်ပြေးလာသူ)
▪️ယန်လိမန်း (Li-Meng Yan) ဆိုတာ တရုတ်ပိုးမွှားဗေဒပညာရှင်အမျိုးသမီးတစ်ယောက်ပါ။
▪️သူမဟာ ဧပြီလ ၂၈ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စုဘက်ကို ထွက်ပြေးခဲ့ပါတယ်။
▪️Fox News နဲ့တွေ့ဆုံရာမှာ သူမအနေနဲ့ Covid-19 ရောဂါပိုးဟာ #တရုတ်စစ်ဘက်ဆိုင်ရာဓာတ်ခွဲခန်းတစ်ခုမှာစတင်ခဲ့ပြီး တရုတ်အာဏာပိုင်တွေက #အဲ့ဒီအချက်ကိုဖုံးကွယ်ထားတယ်လို့သူမယုံကြည်ကြောင်း ပြောဆိုခဲ့ပါတယ်။
👉 ဒီနေရာမှာ ကျနော်တို့သိထားရမှာက ဒါဟာ တရုတ်ရောဂါပိုးမွှားပညာရှင်တစ်ယောက်ရဲ့ ယုံကြည်ချက်သာဖြစ်ပါတယ်။
👉 တကယ်ဟုတ်မဟုတ်ပြောလို့မရသေးပါ။
👉 သို့သော် Covid-19 နဲ့ပက်သက်လို့ #သူမဘယ်လောက်ထဲထဲဝင်ဝင်သိထားသလဲက တကမ္ဘာလုံးအတွက်အရေးကြီးပါတယ်။
အခုအချိန်အထိ သူမအကြောင်းကို Reuters လို သတင်းဌာနမျိုးက သေသေချာချာမရေးသေးတဲ့အတွက် ရထားတဲ့သတင်းအတိုအစတွေကို စုပြီးတင်ပြလိုက်ပါတယ်။

▪️သူမရဲ့အကြောင်းကို ဇူလိုင်လ ၁၂ ရက်နေ့ msn သတင်းမှာ ဖတ်ခဲ့ဖူးပါတယ်။
▪️သူမဟာ ထိုင်ဝမ်သတင်းဌာနနဲ့လည်း အင်တာဗျူးထားသလို စပိန်နေ့စဉ်သတင်းစာ El Mundo နဲ့လည်း ဇူလိုင်လထဲမှာ အင်တာဗျူးထားတာတွေ့ရပါတယ်။
▪️သူမဟာ 🇨🇳 တရုတ်ပြည် Central South University of China ကနေ ဆေးပညာ MD ဘွဲ့ရရှိခဲ့ပါတယ်။
▪️Southern Medical University of China ကနေ PhD ဘွဲ့ရထားတာပါ။
▪️Covid-19 ဖြစ်ချိန်မှာ 🇭🇰 ဟောင်ကောင်တက္ကသိုလ်ရှိ ပြည်သူ့ကျန်းမာရေးဆေးပညာကျောင်းမှာ ရောဂါပိုးမွှားဗေဒနဲ့ ရောဂါခံနိုင်အားဗေဒ ကျွမ်းကျင်ပညာရှင်အဖြစ် တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။
#သူမရဲ့ယုံကြည်ထားချက်များ…
▪️တရုတ်အစိုးရရော WHO အဖွဲ့ကြီးကရော Covid-19 ဟာ #လူအချင်းချင်းကူးစက်နိုင်တယ်ဆိုတာ သတင်းတွေမထွက်လာခင် အစောကြီးကတည်းက သိထားတာကို သတင်းထိမ်ချန်ထားတယ်။
▪️အကယ်၍ ဒီအချက်ကိုစောစောစီးစီး ကမ္ဘာကိုအသိပေးခဲ့ရင် အခုလို လူပေါင်းများစွာ အသက်ဆုံးရှုံးမှာမဟုတ်ဘူး။
▪️တရုတ်စစ်ဘက်ဓာတ်ခွဲခန်းရှိ ကျိုးရှန်းလင်းနို့ဗိုင်းရပ်စ် (Zhoushan bat virus) နဲ့ Covid-19 ကို ဖြစ်စေတဲ့ Sars-CoV-2 ဗိုင်းရပ်စ်တို့က E ပရိုတိန်း ၁၀၀ ရာနှုန်းတူညီတယ်လို့ သူမက ယုံကြည်ထားပါတယ်။

#သူမရဲ့ပြောကြားချက်များ….
🦠 ဝူဟန့်မြို့မှာ Covid-19 စဖြစ်တော့ ကမ္ဘာမှာ ပထမဦးဆုံးလေ့လာခွင့်ရတဲ့ ပညာရှင်တွေထဲမှာ သူမလည်းပါပါတယ်တဲ့။
🦠 ဟောင်ကောင်တက္ကသိုလ်ရှိ WHO ရဲ့ ညွှန်းဆိုဓာတ်ခွဲခန်း (reference lab) မှ သူမရဲ့ အထက်အရာရှိ Dr. Leo Poon ကနေ သူမကို ၂၀၁၉ ဒီဇင်ဘာလထဲမှာ ဝူဟန့်မြို့မှာ SARS နဲ့ဆင်တူတဲ့ ရောဂါမျိုးကျရောက်နေလို့ သွားလေ့လာခိုင်းပါတယ်တဲ့။
🦠 အဲ့ဒီမှာ သူမဟာ တရုတ်ပြည်မကြီးက ကျွမ်းကျင်ပညာရှင်တွေနဲ့ ချိတ်ဆက်ပြီး အလုပ်လုပ်ခဲ့ရပါတယ်တဲ့။
🦠 အဲ… အဲ့ဒီမှာ ပညာရှင်တစ်ယောက်က သူမကို အဲ့ဒီရောဂါဟာ #လူအချင်းချင်းကူးစက်စေနိုင်တဲ့ရောဂါလို့ ဒီဇင်ဘာ ၃၁ ရက်နေ့ကတည်းက ပြောပြပါသတဲ့။
🦠 အဲ့လိုအန္တရာယ်ကြီးမှန်းသိတာမို့ သူမရဲ့အထက်အရာရှိတွေကို အကြိမ်ကြိမ်သတင်းပို့ပါသတဲ့။
🦠 နောက်ဆုံး ဇန်နဝါရီလ ၁၆ ရက်နေ့မှာ သတင်းပို့ရာမှာ သူမရဲ့အထက်အရာရှိက “#သတိထားတိတ်တိတ်နေ” လို့ သတိပေးခဲ့ပါသတဲ့။
🦠 အဲ့ဒါနဲ့ သူမရဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ WHO ရဲ့ ညွှန်းဆိုဓာတ်ခွဲခန်း ဖြစ်နေပေမယ့် တွေ့ရှိချက်တွေကို ကမ္ဘာကိုချမပြပဲ နှောင့်နှေးနေတယ်လို့ ယူဆပြီး အမေရိကန်ပြည်ထောင်စုကို ထွက်ပြေးလာခဲ့တာပါတဲ့။
🦠 သူမရဲ့အဓိကရည်ရွယ်ချက်ကတော့ Covid ရဲ့ အမှန်တရားသတင်း (the message of the truth of Covid) ကို လူတွေသိအောင်ချပြဖို့ပါပဲတဲ့။
🦠 သူမရဲ့တရုတ်ပြည်ထဲမှာတွေ့ရှိချက်များကို ထုတ်ဖော်ပြောလိုတာဖြစ်ပါတယ်တဲ့။
🦠 တရုတ်ပြည်ထဲမှာ ဒါမျိုးထုတ်ဖော်ပြောလိုက်လို့ကတော့ “#အစအနရှာမရဖြစ်သွားမှာပေါ့” တဲ့။
ဟုတ်ပြီ… ဒါတွေက သူမရဲ့ပြောကြားချက်တွေဖြစ်ပြီး ဘယ်လောက်မှန်ကန်သလဲဆိုတာ စောင့်ကြည့်ရပါမယ်။
ကြောင်ကြာကြာရေမငုပ်ပါ။

🇭🇰 ဟောင်ကောင်တက္ကသိုလ် ဘက်ကတော့ ယန်လိမန်း (Li-Meng Yan) ရဲ့ပြောဆိုချက်တွေကို ငြင်းဆိုထားပါတယ်။
👉 သူမဟာ Covid လူလူချင်းကူးစက်မှုအကြောင်း သုသေသနကို ၂၀၁၉ ဒီဇင်ဘာနဲ့ ၂၀၂၀ ဇန်နဝါရီလထဲမှာ လုပ်ထားတာမရှိပါတဲ့။
👉 သူမဟာ သူမရဲ့ကိုယ်တိုင် သိပ္ပံနည်းကျသုသေသနလုပ်ထားချက်တွေကို ပြောနေတာမဟုတ်ပဲ သူမတဆင့်စကားအကြားကိုသာ မူတည်ပြီး ပြောဆိုနေတာဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မေလတုန်းက သူမပါဝင်ရေးသားခဲ့တဲ့ သုသေသနစာတမ်းတစ်စောင် ထွက်ဖူးပါတယ်။ ဟောင်ကောင်တက္ကသိုလ်က လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူရေးသားခဲ့တဲ့ စာတမ်းပါ။
Covid ရောဂါပိုး 🐁 ကြွက်ကလေးတွေအကြား ကူးစက်မှုအကြောင်းပါ။
သူမအကြောင်းကိုလေ့လာကြည့်ရာမှာ မတူညီတဲ့ တိရိစ္ဆာန်တွေမှာ ကူးစက်ရောဂါဖြစ်ပွားပုံကို သုသေသနပြုနေသူဖြစ်ပါတယ်။
လတ်တလောအနေနဲ့ တုပ်ကွေးလို ကူးစက်ရောဂါကာကွယ်ဆေးနဲ့ ဆဲလ်တွေရဲ့ခုခံနိုင်စွမ်းအား၊ ပဋိပစ္စည်း universal influenza vaccine, cross-reactive antibodies, cellular immunology) စသည်တို့ကို အားစိုက်လေ့လာနေတာတွေ့ရပါတယ်။
▪️သူမအနေနဲ့ သူမယုံကြည်ရာကို ထုတ်ဖော်ပြောဆိုခွင့်ရှိတယ်လို့ မြင်ပါတယ်။
▪️တရုတ်အာဏာပိုင်တွေအနေနဲ့တော့ ကမ္ဘာကအခုလို ဝိုင်းလက်ညိုးအထိုးခံရချိန်မှာ မှန်တာမှားတာအသာထား အခက်တွေ့မှာ ဖြစ်တဲ့အတွက် သူမကိုအမှုန့်ကြိတ်ပစ်ချင်မှာပါ။
▪️သူမနဲ့ပတ်သက်ခဲ့ရတဲ့ တရုတ်နဲ့ဟောင်ကောင်က လုပ်ဖော်ကိုင်ဖက်တွေလည်း အကုန်ပျားတုပ်ခံမှာဖြစ်ပါတယ်။
▪️ထရမ့်ကြီးကတော့ သူမကို ပြုံးပြုံးကြီး ကြိုဆိုနေနိုင်ပါတယ်။

 

https://www.facebook.com/Richard-Myo-Thant-109119807474881/
https://www.facebook.com/richard.myothant

Richard Myo Thant
4-Aug-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •