ယာဉ်ကြောကျပ်တည်းမှု မဖြစ်စေရေးအတွက်မန္တလေးမြို့ဝင် Tollgate သုံးခု နေရာရွှေ့ပြောင်း အဆင့်မြှင့်တင်မည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ယာဉ်ကြောကျပ်တည်းမှု မဖြစ်စေရေးအတွက် မြို့ဝင် Tollgate သုံးခု နေရာရွှေ့ပြောင်း အဆင့်မြှင့်တင်မည်

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့
စည်ပင်သာယာရေးဝန်ကြီး၊ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်သည် ဒုတိယမြို့တော်ဝန် ဦးရဲမွန်၊ ကော်မတီဝင်များဖြစ်ကြသည့် ဦးခိုင်မြင့်၊ ဦးကျော်ဇောအောင်၊ ဦးရဲမြတ်သူ၊ အခွန်ဌာန ဌာနမှူး ဦးသက်နိုင်၊ အဆောက်အအုံနှင့် ကုန်ရုံဌာန ဌာနမှူး ဦးဇော်ဝင်း၊ လမ်းတံတားဌာန ဌာနမှူး ဦးသန်းထိုက်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ သြဂုတ်လ ၈ ရက် နံနက် (၉)နာရီက ရွှေကျင်Tollgate ၊ အောင်ပင်လယ်Tollgate၊ မြစ်ငယ်ထုံးဘို Tollgate တို့ကို နေရာရွှေ့ပြောင်းအဆင့်မြှင့်နိုင်ရေး ကွင်းဆင်းစစ်ဆေးသည်။

 

ရှေးဦးစွာ မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ရွှေကျင်တိုးဂိတ်နေရာသစ် ရွှေ့ပြောင်းဆောင်ရွက်မည့် မြေနေ ရာကို ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာဌာန ဌာနမှူးနှင့်တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ မြို့တော်ဝန်က နေရာသစ်တွင် ယာဉ်ငယ်များအတွက် နှစ်လမ်း၊ တန်ပိုအတွက် တစ်လမ်း၊ နာရေးယာဉ်များအတွက် သီးသန့် အခမဲ့တစ်လမ်းနှင့် ဆိုင်ကယ်လမ်းတစ်လမ်း သတ်မှတ်ဆောင်ရွက်မည့် အစီအစဉ်များကို ကွင်းဆင်းစစ်ဆေးခဲ့ သည်။

ထို့နောက် မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် အောင်ပင်လယ်တိုးဂိတ် နေရာသစ်ရွှေ့ပြောင်းမည့် မြေနေရာကို ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ ဌာနမှူးနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ မြို့တော်က နေရာသစ်တွင် မန္တလေး-ပြင်ဦးလွင်လမ်း စည်ပင်သာယာပိုင်မြေနေရာအစမှာ ယာဉ်ငယ်များအတွက် နှစ်လမ်း၊ တန်ပိုအတွက် တစ်လမ်းနှင့် ဆိုင်ကယ်သီးသန့်တစ်လမ်း သတ်မှတ်ဆောင်ရွက်မည့်နေရာကို ကွင်းဆင်းစစ် ဆေးခဲ့သည်။

ဆက်လက်၍ မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် စွယ်တော်တိုးဂိတ် တည်ဆောက်ရေးလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးရာ လမ်းတံတားဌာနဌာနမှူးနှင့် တာဝန်ခံအင်ဂျင်နီယာများ၊ အဆောက်အအုံနှင့် ကုန်ရုံဌာန ဌာန မှူးနှင့် တာဝန်ခံအင်ဂျင်နီယာများက မိမိတို့ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအပိုင်းလိုက် ရှင်းလင်းတင်ပြရာ မြို့တော်ဝန်က အမရပူရမြို့နယ်၊ ရန်ကုန်မန္တလေးလမ်း၊ မြစ်ငယ်-ထုံးဘိုတိုးဂိတ် အဟောင်းနေရာကို တန်ပိုကား များအတွက် ဆက်လက်ဆောင်ရွက်မှာဖြစ်ပြီး ယာဉ်ငယ်များအတွက် စွယ်တော်တိုးဂိတ်ကို အသစ်တည် ဆောက်သွားမည့် လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားခဲ့ သည်။

စွယ်တော်တိုးဂိတ်တွင် ယာဉ်ငယ်များအတွက်ဖြစ်ပြီး လမ်းနှစ်လမ်းပါဝင်မှာဖြစ်ကာ တန်ပိုကားများအတွက် ထပ်စစ်ဆေးရန်မလိုသည့် လမ်းတစ်လမ်းနှင့် ဆိုင်ကယ်အတွက် တစ်လမ်းပါဝင်မှာဖြစ်ပြီး ယာဉ်ငယ်များ မြစ်ငယ်-ထုံးဘိုဂိတ်တွင် ရပ်စရာမလိုတော့ပါ၊ ယာဉ်ငယ်များနှင့် တန်ပိုကားများကို နှစ်နေရာသီးသန့်ခွဲလိုက် သဖြင့် ယာဉ်ကြောကျပ်တည်းမှု ပပျောက်သွားမှာဖြစ်သည်။

တိုးဂိတ်အသစ်များကို နိုင်ငံတကာအဆင့်မီ တည်ဆောက်သွားမှာဖြစ်ပြီး ETC ဖြစ်ပြီး ငွေကောက်ခံမှုစနစ်ကို Card စနစ်နှင့်လည်းကောင်း၊ mobile payment စနစ်ဖြင့်ပါ ပေးဆောင်လို့ရမှာဖြစ်သလို ဘီးခွန်ဆောင်ပြီး ယာဉ်များကိုလည်း အလိုအလျောက်မောင်းတံဖွင့်ပေးသည့်စနစ်အပြင် လုံခြုံရေးအတွက် အဆင့်မြင့် CCTV များပါ တပ်ဆင်သွားမှာဖြစ်ကြောင်း မြို့တော်ဝန်က ပြောကြားသည်။
MRG
#TheMandalayNewsJournal

 


Spread the love
  •  
  •  
  •  
  •  
  •  
  •