ယုဇနပလာဇာ ကိုဧပြီ၁၈ရက်နေ့အထိ ယာယီပိတ်ထားမည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

COVID-19နှင့်ပတ်သတ်၍ ကူးစက်မြန်ရောဂါ ကာကွယ်ထိန်းချုပ်ကုသနိုင်ရေးအတွက်ရန်ကုန်မင်္ဂလာတောင်ညွှန့်မြို့နယ်အတွင်းရှိဈေးဝယ်စင်တာများကိုယာယီပိတ်သိမ်းသွားဖို့ရှိတယ်လို့ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီကညွှန်းကြားချက်ထုတ်ပြန်ခဲ့ပါတယ်။
မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ယုဇနပလာဇာအပါအဝင်ကျန်ဈေးဝယ်စင်တာများရှိ ဆန်၊ ဆီ၊ ဆား၊ ငရုပ်၊ ကြက်သွန် အခြေခံစား သောက်ကုန်များနှင့် ဆေးဝါးမျာမှလွဲ၍ အခြားလူသုံးကုန်ပစ္စည်းများ၊ အရေးတကြီးလိုအပ်မှု မရှိသည့် ကုန်ပစ္စည်းများလက်လီ၊ လက်ကားရောင်းချတာကို ယာယီပိတ်သိမ်းသွားဖို့ ညွှန်ကြားထားတာဖြစ်ပါတယ်။

အဆိုပါညွှန်ကြားချက်ကြောင့် မင်္ဂလာတောင်ညွှန့်မြို့နယ်အတွင်းက ယုဇနပလာဇာဈေးကြီးကို မတ်လ ၃၁ရက်မှစပြီး ဧပြီ ၁၈ရက်နေ့အထိယာယီပိတ်သိမ်းသွားမယ်လို့ယုဇနပလာဇာဈေးကြီးစီမံခန့်ခွဲမှုကော်မတီကကြေညာထားပြီးလိုအပ်ပါက ပိတ်သိမ်းကာလကို ထပ်တိုးမြှင့်သွားဖို့ရှိ တယ်လို့လည်း သိရပါတယ်။

 


Spread the love
  •  
  •  
  •  
  •  
  •  
  •  

Tags: