ယုဇနပလာဇာ မနက်ဖြန်ကစပြီး ပိတ်ရမယ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ယုဇနပလာဇာ မနက်ဖြန်ကစပြီး ပိတ်ရမယ်

မင်္ဂလာ​တောင်ညွန့်မြို့နယ်မှာရှိတဲ့ ယုဇနပလာဇာကိုစက်တင်ဘာလ ၁၂ရက်​နေ့ကစပြီးပိတ်သိမ်းသွားမယ်

ရန်ကုန်တိုင်း​ဒေသကြီးအစိုးရက မြို့နယ်အုပ်ချုပ်​ရေးမှူး​တွေနဲ့ အစည်း​ဝေးလုပ်ပြီး Stay Home မြို့နယ် ၂၈မြို့နယ်မှာ လမ်းသွယ်​တွေကိုလည်းပိတ်မယ် မြို့နယ်​တွေမှာရှိတဲ့ မရှိမဖြစ်တဲ့ အစားအသောက်ရောင်းတဲ့ဆိုင်​တွေ ​ဆေးဆိုင်​တွေကလွဲပြီး ကျန်တဲ့ဆိုင်​တွေအားလုံးကို​ရောဂါကာကွယ်​ရေးအတွက်ဒီကာလမှာ​ခေတ္တယာယီပိတ်ထားဖို့ဆိုပြီး ညွှန်ကြားထားပါတယ်၊ ဒါ​ကြောင့်ကျွန်​တော်တို့မြို့နယ်က သက်ဆိုင်ရာတာဝန်ရှိသူ​တွေ အစည်းအ​ဝေးထိုင်ပြီး​တော့ ဒီလုပ်ငန်း​တွေကိုအ​ကောင်အထည်​ဖော်တာဖြစ်ပါတယ်လို့ မင်္ဂလာ​တောင်ညွန့်မြို့နယ် လွှတ်​တော်ကိုယ်စားလှယ် ဦးလှ​ဌေးကYangon Nation ကိုအတည်ပြု​ပြောကြားပါတယ်။

 

ပြန်ဖွင့်ရမယ့်ရက်ကို​တော့အတိအကျမထုတ်ပြန်​သေးဘဲ ​ရောဂါပိုးထိန်းချုပ်နိုင်တဲ့အချိန်မှဆိုင်ခန်း​တွေကိုအကြောင်း ကြား​ပေးမယ်လို့သိရပါတယ်။
အခုလက်ရှိအချိန်အထိ မင်္ဂလာ​တောင်ညွန့်မြို့နယ်ထဲမှာCOVID 19ပိုး​တွေ့ရှိ အတည်ပြုလူနာ  ၁၈ ဦးရှိပြီး
ဆက်စပ်သူတွေကိုလည်း  Quarantine Centre တွေကို
ပို့​ဆောင်ထားတယ်လို့သိရပါတယ်။

 

 

 


Spread the love
  •  
  •  
  •  
  •  
  •  
  •