ယုန်လေးတွေဟာစိတ်ပျော်ဖို့နဲ့ဉာဏ်ကောင်းဖို့အတွက်ကိုယ့်အီးကိုယ်ပြန်စားပေးဖို့လိုသတဲ့

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ယုန်လေးတွေဟာစိတ်ပျော်ဖို့နဲ့ဉာဏ်ကောင်းဖို့အတွက်ကိုယ့်အီးကိုယ်ပြန်စားပေးဖို့လိုသတဲ့

 

🐇 ယုန်လိုသတ္တဝါတွေဟာ ကိုယ့်အီးကိုယ်ပြန်စားတတ်တာကို coprophagia လို့ခေါ်ပြီး သိပ္ပံပညာရှင်တွေအနေနဲ့ အဲ့ဒီ အီးအီးပြန်စားတဲ့ အလေ့အကျင့်ကို နားလည်ဖို့ကြိုးစားနေတာကြာပါပြီ။

🇨🇳 တရုတ်သုသေသနပညာရှင်ဟာ ဒီကိစ္စကိုနားလည်ဖို့အတွက် ယုန်တွေလိုပဲ မွန်ဂိုလီးယားမြက်ခင်းပြင်ထဲမှာနေတဲ့ မြေကြွက်နဲ့ဆင်တဲ့ ဗိုးဆိုတဲ့အကောင်လေးတွေကို လေ့လာကြည့်ခဲ့ပါတယ်။

ဗိုးလေးတွေဟာ ယုန်တွေလိုပဲ မြေတွင်းထဲမှာ တွင်းတူးပြီး မြေအောက်လှိုင်ခေါင်းထဲမှာ အစာစုဆောင်းထားတတ်ပါသတဲ့။

ဒါပေမယ့် ဗိုးလေးတွေဟာ လတ်လတ်ဆတ်ဆတ်နဲ့ ပူပူနွေးနွေးအီအီး 💩 လေးတွေကို ပြန်ရှာပြီး စားတတ်သတဲ့။

💩 ယေဘူယျအားဖြင့် #ငါးတုံးပါရင်တစ်တုံးတော့ပြန်စားတတ်ပါသတဲ့။

 

ဘာလို့ ယုန်တွေ၊ ဗိုးလေးတွေဟာ အဲ့လို အီအီးလတ်လတ်ဆတ်ဆတ်ပူပူနွေးနွေးကို ပြန်စားတတ်တာလဲဆိုတဲ့ motivation ကို အဖြေရှာဖို့ ပေကျင်းမြို့တော်ရှိ တရုတ်သိပ္ပံအကယ်ဒမီက Professor Wang Dehua က လေ့လာခဲ့ပါသတဲ့။

အဲ့ဒါနဲ့ လှောင်အိမ်ကို သံဇကာနဲ့လုပ်ပြီး အီအီးတွေအောက်ကျကုန်အောင်လုပ်ပါသတဲ့။

ပြီးတော့ ဗိုးလေးတွေကို လည်ပင်းမှာကော်လာတပ်ထားပြီး အီအီးထွက်တာနဲ့ လှည့်မစားနိုင်အောင်လုပ်ထားသတဲ့။

အဲ့လိုနှိုင်းယှဉ်ကြည့်ရာမှာ…

အီအီးပြန်မစားရတဲ့ ဗိုးလေးတွေဟာ အစာသုံးပုံတစ်ပုံပိုစားပေမယ့် ကိုယ်အလေးချိန် ၂၀ ရာနှုန်းလောက်လျော့ကျသွားသတဲ့။

အဲ့ဒါဘာကိုပြသလဲဆိုရင် သူတို့ရဲ့ ဇီဝကမ္မဖြစ်စဉ်မကောင်းဘူးဆိုတာကို ပြတာဖြစ်ပါသတဲ့။

 

👉 အရေးကြီးတဲ့တွေ့ရှိချက်က Dopamine လို့ခေါ်တဲ့ #စိတ်ပျော်ရွှင်မှုကိုပေးတဲ့ဓာတ်ဟာတစ်ဝက်လောက်ကျဆင်းသွားတာတွေ့ရပါသတဲ့။

👉 အဲ့ဒီတော့ 🐇 #ယုန်တွေဘာလို့အီအီးလေးစားပေးမှစိတ်ချမ်းသာပြီးဉာဏ်ကောင်းသလဲဆိုတာအဖြေပေါ်လာခဲ့ပါတယ်။

Congnitive test ကိုစမ်းဖို့အတွက် နည်းအမျိုးမျိုးနဲ့စမ်းရာမှာ ဝင်္ကပါ maze လေးတစ်ခုနဲ့ပါ စမ်းသပ်ခဲ့ပါသတဲ့။

အဲ့ဒီ Test စမ်းသပ်မှုတွေအရ အီအီးစားထားတဲ့ ဗိုးတွေဟာ မှတ်ဉာဏ်၊ သင်ယူဉာဏ်နဲ့ စဉ်းစားဉာဏ် (measuring memory, learning and object identification) တွေမှာ ရမှတ်သာလွန်တာတွေ့ရပါသတဲ့။

တောထဲမှာ ယုန်တွေ၊ ဗိုးတွေဟာ cognitive abilities တိုးတက်လာရင် အစာကိုရှာရတာပိုမိုလွယ်ကူပြီး သားစားသတ္တဝါတွေရန်ကနေ ပိုပြီးရှောင်တိမ်းနိုင်ပါမယ်တဲ့။

 

#ဘာလို့အီအီးစားရင်ဉာဏ်ပိုကောင်းသလဲ⁉️

🧬 Genetic sequencing လုပ်ကြည့်တဲ့အခါမှာ အီအီးစားထားတဲ့ ဗိုးလေးတွေရဲ့ အစာလမ်းကြောင်းထဲမှာ အကျိုးပြုပိုးမွှားလေးတွေပိုမိုတွေ့ရပါသတဲ့။

အဲ့ဒီ အစာလမ်းကြောင်းထဲက အကျိုးပြုဘက်တီးရီးယားလေးတွေဟာ အချဉ်ဖောက်ခြင်းပိုမိုဖြစ်စေပြီး အဟာရပိုမိုရရှိစေရုံသာမက ဦးနှောက်ကိုလှုံဆော်တဲ့ ဓာတုပစ္စည်း (brain-simulating chemicals) တွေ ပိုထွက်စေတာကို လေ့လာတွေ့ရှိရပါသတဲ့။

ယုန်တွေတင်မက၊ ကြွက်တွေ၊ ခွေးတွေ၊ ဝက်တွေလည်း ကိုယ့်အီအီးပြန်စားတတ်ပါသတဲ့။

🐇 ယုန်လေးတွေ၊ ဗိုးလေးတွေဟာ #စိတ်ပုံမှန်ချမ်းသာပြီးဉာဏ်ကောင်းစေဖို့ အခုလို အီအီးကိုပြန်စားခြင်းကြတာဖြစ်ပေမယ့် #လူတွေကတော့လိုက်မလုပ်သင့်ပါဘူးတဲ့။

လူတွေအတွက်အဲ့ဒီကိစ္စဟာ နားလည်ဖို့အများကြီးလိုသေးတဲ့ ကမ္ဘာသစ်တစ်ခုဖြစ်နေသေးပါတယ်တဲ့။

💩 တရုတ်တိုင်းရင်းဆေးအချို့မှာတော့ အီအီးကိုဆေးအဖြစ်နည်းနည်းထည့်သုံးထားတတ်ပြီး ဟိုးတုန်းက တိုင်းရင်းသမားတော်တွေဟာ လူနာအခြေအနေကို သိဖို့ အီအီးကို မြည်းကြည့်တတ်ကြပါသတဲ့။

အခုသိပ္ပံပညာရှင်တွေဟာ acetate လို့ခေါ်တဲ့ အစာလမ်းကြောင်းထဲက သဘာဝအချဉ်ဖောက်တဲ့ ဓာတ်ကို အီအီးအစားကျွေးကြည့်တဲ့အခါမှာ ယုန်တွေ၊ ဗိုးလေးတွေဟာ အီးအီးပြန်စားတဲ့ အကျိုးကျေးဇူးမျိုးပြန်ရတာတွေ့ရပါသတဲ့။

“Supplementation with acetate rescued microbiome structure, brain neurochemistry and cognitive performance.” လို့ စာတမ်းထဲမှာရေးထားပါကြောင်း။

ဒါကြောင့်မို့လို့ #ယုန်လေးတွေစိတ်ချမ်းသာပြီးပုံမှန်ပြန်ဖြစ်ဖို့အီအီးပြန်စားဖို့လိုရင် နားလည်ပေးသင့်ပါကြောင်း။

https://www.facebook.com/Richard-Myo-Thant-109119807474881/

https://www.facebook.com/richard.myothant

Richard Myo Thant
5-Aug-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •