ယုံကြည်ခြင်းနှင့်မယုံကြည်ခြင်းပြဿနာ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

ယုံကြည်ခြင်းနှင့်မယုံကြည်ခြင်းပြဿနာ

အခုတလော မြန်မာ့နိုင်ငံရေးမျက်နှာစာမှာ ခေတ်စားနေတာက ‘အယုံကြည်မရှိ’အဆိုတင်ခြင်းကိစ္စပါ။ ဒီမိုကရေစီမှာ ဒါဟာသိပ်ဆန်းလှတာတော့မဟုတ်ဘူး။ အခုဆို လပိုင်းတောင်မခြားဘဲ ရက်ပိုင်းလောက်နဲ့ ‘အယုံကြည်မ ရှိ’ အဆိုတင်တာ နှစ်ကြိမ်ဖြစ်သွားခဲ့ပါပြီ။

ပထမအကြိမ်က ပြည်သူ့လွှတ်တော်ဥက္ကဌနဲ့ပြည်ထောင်စုလွှတ်တော်နာယကဖြစ်သူကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ နဲ့၎င်းပါတီရဲ့အပေါင်းပါတွေရယ် တပ်မတော်ကိုယ်စားလှယ်တို့ပေါင်းပြီး အယုံကြည်မရှိအဆိုတင်သွင်းခဲ့တာ။ ဒုတိယအကြိမ်ကလည်း ထိုနည်းအတိုင်းဘဲ ကြံ့ခိုင်ဖွံ့ဖြိုးရေးနဲ့အတူ၊၎င်းတို့ရဲ့အပေါင်းပါတွေရယ်၊တပ်မတော်ကိုယ်စား လှယ်တွေရယ်စုပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို ‘အယုံကြည်မရှိ’အဆို တင်ကြတာပါ။

မဆန်းဘူးဆိုပေမယ့် တိုက်ဆိုင်မှုတော့ရှိနေခဲ့ပါတယ်။ အဲ့ဒါကတော့ ဗမာပြည်လွတ်လပ်ရေးရပြီး ၁၉၄၈ ပါလီ ဒီမိုကရေစီနဲ့အုပ်ချုပ်စဉ်ကလည်း (၁၀)နှစ်ပြည့်တဲ့ ၁၉၅၈ခုနှစ်ထဲမှာ ‘နုတင်နဲ့ဆွေငြိမ်း’ဖဆပလနှမ်းကွဲတော့ ဦးနု အစိုးရအဖွဲ့ကို ဆွေငြိမ်းအဖွဲ့က လွှတ်တော်မှာ ‘အယုံကြည်မရှိ’အဆို တင်ခဲ့ဖူးတယ်။ အခုလည်း ၂၀၁၀ကစပြီး အ ရပ်ဘက်အစိုးရအဖြစ်ပြောင်းလဲခဲ့တာ(၁၀)နှစ်ထဲရောက်ချိန်မှာတော့ သမိုင်းတပတ်လည်လာပြန်တယ်။
တပတ်လည်တယ်ဆိုပေမယ့် ‘ဆုံလည်စက်ဝိုင်း’လိုတော့ ထပ်တူကျတာမျိုးမဟုတ်ဘူး။ ‘ဗူးနွယ်‌ဗူးခက်’လို ‘ကြောင်လိမ်လှေခါး’လိုမျိုး သမိုင်းတပတ်ကြော့လာဟန်ပဲ။ ပါလီမန်ခေတ်ကတော့ တကြိမ်ဘဲဖြစ်ခဲ့တာပါ။ တခါ တခါသမိုင်းမှတ်တမ်းဟာ သိပ်ကြောက်စရာကောင်းတတ်ပါတယ်။
အဲ့ဒီခေတ်ကလည်း အယုံကြည်မရှိအဆိုတင်တဲ့ ဆွေငြိမ်းအုပ်စုဟာ အဆိုရှုံးသွားရုံသာမက သမိုင်းမှာလည်းအ မဲစက် ဖြစ်ကျန်ရစ်ခဲ့ကြတယ်။ နိုင်ငံရေးသဘောတရားတို့၊ မူဝါဒအရတို့၊ ပြည်သူ့အတွက်တို့ ဆိုတာတွေအပေါ်မှာ အကြောင်းပြုပြီး ကွဲကြတာမဟုတ်ဘဲ အငြိုးအတေးတွေ၊ပုဂ္ဂိုလ်ရေး အာဃာတတွေအပေါ်မှာအခြေခံပြီး ကွဲခဲ့ကြ တာကိုး။ သမိုင်းဟာ မျက်နှာမလိုက်တတ်တော့ အချိန်ကြာလာတဲ့အခါ အမှားအမှန်ကို လူထုကကွဲကွဲပြားပြားမြင် လာတတ်ကြပါတယ်။
ထပ်တူမကျပေမယ့် အသေအချာခွဲခြမ်းစိတ်ဖြာကြည့်ရင် ပါလီမန်ခေတ်က ဖဆပလနှစ်ခြမ်းကွဲခြင်းအပေါ် အ ခြေခံပြီးဖြစ်ခဲ့ကြတာ။ နုတင်နဲ့ဆွေ ငြိမ်းအကွဲပေါ်အခြေခံတာ။ တဖွဲ့တည်းကနေ နှစ်ဖွဲ့ကွဲသွားတဲ့ အုပ်စုနှစ်စုနှစ်ခု ရဲ့တိုက်ပွဲပါ။ အခုအနေအထားကျတော့ အစကတည်းကမတူညီတဲ့အဖွဲ့အစည်းရယ်၊မူလမိခင်ပါတီကအထုတ်ပယ် ခံရသူတွေရယ် အာဏာကိုလက်မလွှတ်ချင်သူတွေရယ်နဲ့ပေါင်းပြီး ‘အယုံကြည်မရှိ’အဆိုတင်ကြတာ။
ဖဆပလခေတ်မှာ တည်မြဲအုပ်စုအနေနဲ့ အယုံကြည်မရှိအဆိုတင်တာက နိုင်မယ်ထင်လို့တင်ခဲ့တာ။ ဖဆပလ အဖွဲ့အတွင်းမှာဆိုရင် ဆွေငြိမ်းအုပ်စုအားသာကောင်းသာနိုင်အနေအထားမှာရှိခဲ့တယ်။ ဒါပေမယ့် ‘ပမညတ’အ မတ်တွေက သန့်ရှင်ဖြစ်တဲ့ နုတင်အုပ်စုဘက်ကို မဲပေးလိုက်တော့ နုတင်ရဲ့သန့်ရှင်းအုပ်စုက အနိုင်ရသွားခဲ့တာ။ အခုတင်တဲ့ အယုံကြည်မရှိအဆို နှစ်ကြိမ်စလုံးကတော့ ရှုံးမယ်ဆိုတာ သေချာပေါက်သိရဲ့နဲ့တင်ခဲ့တဲ့အဆိုဘဲဖြစ် တယ်။ ဒါဆိုရင် ‘ဘာကြောင့် ရှုံးမယ်မှန်းသိပါရက်နဲ့အဆိုတင်ခဲ့ရသလဲ’ဆိုတာ စဉ်းစားစရာပါ။ NLD အနေနဲ့အထူး သတိထားကြရမှာပါ။
သေချာတာက လွှတ်တော်မှာ သမိုင်းမှတ်တမ်းတင်ရုံသက်သက်လောက်နဲ့တော့ နာမည်ပျက်ခံပြီးတင်မယ်လို့ တော့မထင်မိပါဘူး။ ဒါထက်ပိုပြီး ထုတ်မပြောဘဲမြှုတ်ထားတဲ့ အကြောင်းအချက်တခုမကလည်း့ရှိနိုင်ပါတယ်။လူ့ သဘာအရ ‘အက်ကြောင်းရှိတုန်းသတ်ရှို’ တဲ့သဘောလည်း ပါကောင်းပါနိုင်ပါတယ်။ လူထုထင်မြင်ချက်ကိုတည် ဆောက်ခြင်းလည်းဖြစ်နိုင်တာပါပဲ။
သူတို့ရည်ရွယ်ချက်ထဲမှာ လာမယ့်ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားခြင်းလည်းပါကောင်းပါနိုင်ပါ တယ်။ သတိထားရမှာက ရွေးကောက်ပွဲမဝင်မီ ကိုယ်စားလှယ်လောင်းရွေးချယ်ရာမှာ အပစ်အနာဆာကင်းသူ တွေကိုသာ အမည်စာရင်းတင်သွင်းနိုင်ဖို့လိုပါမယ်။ အပြစ်အနာမကင်းသူသွင်းမိရင်တော့ ရွေးချယ်ပွဲ အနိုင်ရပြီးမှ ထောက်လှမ်းရေးသတင်းပေးချက်တွေနဲ့ ကော်မရှင်မှာ ကန့်ကွက်မှုတွေအများအပြား ဖြစ်သွားနိုင်တယ်။ တိကျ တဲ့သတင်းအချက်အလက်နဲ့ ကန့်ကွက်မှုကထောက်ပြနိုင်ရင် အနိုင်ကနေအရှုံးဖြစ်သွားပြီး ဒုတိယမဲများတဲ့သူက အလိုလိုအမတ်ဖြစ်သွားမှာပါ။ အယုံကြည်မရှိအဆိုတင်တဲ့အုပ်စုက ဒါကိုအများကြီးကြိုင်ပြင်ဆင်ထားဟန်ရှိတာ ကိုတွေ့နေရတယ်။ သတိချပ်ဖို့လို တယ်။
ယုံကြည်မရှိအဆိုကို ဘယ်သူတွေကို ဘယ်လိုလူက တင်တာလဲ။ မယုံကြည်ရသူတွေကတင်တာလား။ လူထု ယုံကြည် ကိုးစားထိုက်သူကတင်သလားဆိုတာက အဓိကကျမယ်ထင်ပါတယ်။ လူထုမယုံကြည်မကိုးစားထိုက်သူ က တင်တဲ့အဆိုမျိုးဟာ နှစ်ကြိမ်ရှုံးနိမ့်ရတတ်တယ်။ အဆိုမဲခွဲချိန်မှာလည်းရှုံးနိမ့်ရသလို လူထုဆန္ဒနဲ့ဆန့်ကျင်ပြီး တင်ရတာဖြစ်တဲ့အတွက် သမိုင်းမျာလည်းနာမည်ဆိုးနဲ့တင်ကျန်ရစ်တတ်ပါတယ်။
ဘယ်လိုဘဲဖြစ်ဖြစ် အယုံကြည်မရှိအဆိုတင်တဲ့အုပ်စုဟာ ရိုးရိုးသားသားမဟုတ်တာသေချာတယ်။စေနာသန့် သန့်နဲ့နိုင်ငံအကျိုးအတွက်မဟုတ်တာလည်းဖြစ်နိုင်ပါတယ်။ နိုင်ငံရေးသမားကို နိုင်ငံရေးသမားအချင်းချင်း သိက္ခာ ချအပြစ်တင်ရင်းကိုယ်ပါသိက္ခာကျဆင်သွားတာကို မေ့လျော့နေဟန်ရှိတယ်။ ၁၉၆၂ခုနှစ်စစ်တပ်က အာဏာသိမ်း တော့ ‘နိုင်ငံရေးသမားတွေမညီညွတ်လို့ တိုင်းပြည်ချောက်ထဲကျမယ့်အရေးက ကယ်တင်လိုက်ရတယ်’ဆိုတဲ့ အ ကြောင်းပြချက်ဟာ ပူပူနွေးနွေးရှိနေဆဲပါ။

ဒါကြောင့် တပ်ချုပ်ကိုယ်စားလှယ်တွေအတွက် ပြောစရာစကားမရှိပေမယ့် အရပ်ဘက်ကိုယ်စားလှယ်တွေအတွက်ကတော့ “ဒီအကျင့်တွေမဖျောက်ဖျက်နိုင်သေးရင်တော့ ရှေ့မှာအန္တရာယ် ချောက်ကမ္ဘားကြီးရှိနေတယ်သတိ ထား” လို့ပြောလိုက်ပါရစေ။

(ထွန်းဇော်ဌေး)


Spread the love
  •  
  •  
  •  
  •  
  •  
  •