🇬🇧 ယူကေနိုင်ငံမှာဖြစ်နေတဲ့ 🦠 ကိုရိုနာဗိုင်းရပ်စ်သန္ဓေကွဲက #ကူးစက်မှုထိန်းလို့မနိုင်ဖြစ်နေသတဲ့။
▪️ဗြိတိသျှကျန်းမာရေးဝန်ကြီး Matt Hancock က သူတို့လည်းမြန်မြန်ဆန်ဆန်ထိန်းပေမယ့် 🦠 ကိုရိုနာဗိုင်းရပ်စ်သန္ဓေကွဲက ကူးစက်မှုထိန်းလို့မနိုင်ဖြစ်နေပါတယ်တဲ့။
▪️အဲ့ဒီတော့ ကာကွယ်ဆေးလုံးဝထိုးပြီးတဲ့အထိ တင်းကျပ်တဲ့စည်းကမ်းတွေချမှတ်မယ်လို့ဆိုလိုက်ပါတယ်။
▪️ဘယ်လိုပဲဖြစ်ဖြစ် ပြန်လည်ထိန်းချုပ်လို့ရအောင်လုပ်မှဖြစ်ပါမယ်တဲ့။
▪️ ဗြိတိသျှဝန်ကြီးချုပ်ကလည်း ဗိုင်းရပ်စ်သန္ဓေကွဲကူးစက်မှုမြန်ဆန်နေတဲ့အတွက် စနေနေ့တုန်းက ခရစ်စမတ်အစီအစဉ်တွေဖျက်သိမ်းပြီး အိမ်မှာနေကြဖို့ ပန်ကြားထားပါတယ်။
▪️ကျန်းမာရေးဝန်ကြီးက ဒီအခြေအနေဟာ #သေလောက်အောင်အရေးကြီးတယ် (deadly serious) လို့ဆိုသွားပါတယ်။
▪️အခုဗီဇမျိုးကွဲကို သိပ္ပံပညာရှင်တွေက စက်တင်ဘာလကတည်းကစတွေ့ခဲ့တာပါ။
▪️၇၀ ရာနှုန်းလောက်ပိုပြီးကူးစက်လွယ်တယ်လို့ဆိုပါတယ်။
▪️ဥရောပနိုင်ငံအချို့ကတော့ အင်္ဂလန်နဲ့ခရီးသွားလာမှုကို စတင်ကန့်သတ်ပိတ်ပင်မှုတွေလုပ်နေပါပြီ။
▪️နယ်သလန်ကစပြီး ယူကေနိုင်ငံကလာတဲ့လေကြောင်းခရီးစဉ်တွေကို ပိတ်ပင်လိုက်တာပါ။
▪️အားလုံးကအခုလိုအကူးမြန်တဲ့ ကိုဗစ်မျိုးကွဲနိုင်ငံထဲရောက်လာရင် ပိုပြီးထိန်းမနိုင်သိမ်းမရဖြစ်မှာကို ကြောက်နေကြတာပါ။
ဒီအကြောင်းကို နောက်ရက်အလုပ်အားမှ သိသလောက်ရှာဖွေပြီးထပ်ရေးပါ့မယ်။
အခုရက်ပိုင်းအတွင်း post တွေမတင်နိုင်တာခွင့်လွှတ်ပါ။
ကြာသပတေးနေ့ကျော်မှ post တွေပြန်တင်ပါမယ်။
သတိရပြီးသတင်းမေးသူအပေါင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
ကျနော်ကတော့ အခုထိ စစ်သမျှ Negative ပါခင်ဗျား။
အပြင်သွားရင်လည်း 3M ရဲ့ VFlex mask ကိုစနစ်တကျဝတ်ပြီး ဂရုစိုက်နေပါကြောင်း။
သုံးပြီးရင်လည်း ဇစ်အိတ်နဲ့ပိတ်ပြီး ၇၂ နာရီကျော်အနည်းဆုံးထားပြီး အလှည့်ကျပြန်ပြန်သုံးနေပါတယ်။
Richard Myo Thant
20-December -2020