🇬🇧 ယူကေနိုင်ငံဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆန်ဟာ Covid လူနာနဲ့ထိတွေ့ခဲ့လို့ Q ဝင်နေပါတယ်။
Q ဝင်နေတဲ့ရက်တွေအတွင်း ဒေါင်းနင်းလမ်းကနေ ဆက်လက်ပြီးအစိုးရအဖွဲ့ကိုဦးဆောင်ကာ အလုပ်လုပ်နေမယ်လို့ဆိုပါတယ်။
ဂျွန်ဆင်ဟာ ကြာသပတေးနေ့က ဥပဒေပြုအမတ်အချို့နဲ့ နာရီဝက်လောက်တွေ့ဆုံခဲ့ပြီးမှ သူတို့ထဲကတစ်ယာက်က Covid-19 ရောဂါလက္ခဏာပြလာခဲ့တာဖြစ်ပါတယ်။
ဝန်ကြီးချုပ်ကို Q ဝင်သင့်ကြောင်း National Health Service’s Test and Trace system က မနေ့ကတနင်္ဂနွေနေ့က သတိပေးခဲ့တာဖြစ်ပါတယ်။
🇬🇧 ယူကေနိုင်ငံမှာတော့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ guidance အရ Q ဝင်ရင် ၁၄ ရက်ပါ။ အခုထိတော့ ဘောရစ်ဂျွန်ဆင်ကို Test and Trace က ဘယ်နှစ်ရက် Q ဝင်ခိုင်းမလဲမသိပါ။
အခုထိတော့ ဝန်ကြီးချုပ်မှာ Covid ရောဂါလက္ခဏာမပြပါ။
တကယ်တော့ ဘောရစ်ဂျွန်ဆင်ဟာ ဧပြီလတုန်းက Covid-19 ဖြစ်ခဲ့ပြီး အထူးကြပ်မတ်ကုသဆောင်ထဲမှာ ကုသခံခဲ့ရဖူးပါတယ်။
👉 “အရင်က Covid-19 ဖြစ်ဖူးသော်လည်း အခုသူ့မှာ #ပြန်ဖြစ်နိုင်မဖြစ်နိုင်မသေချာသေးလို့ Q ဝင်ခိုင်းထားတာဖြစ်ပါကြောင်း။”
Richard Myo Thant
16-November -2020