“ယူဂန်ဒါ အတိုက်အခံခေါင်းဆောင် ဘော်ဘီဝိုင်းက သူ့အတွက်အသက်အန္တရယ်စိုးရိမ်နေရပြီလို့ပြော”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“ယူဂန်ဒါ အတိုက်အခံခေါင်းဆောင် ဘော်ဘီဝိုင်းက သူ့အတွက်အသက်အန္တရယ်စိုးရိမ်နေရပြီလို့ပြော”

January 20, 2021
လွန်ခဲ့တဲ့အပတ်က သမ္မတရွေးကောက်ပွဲ
မှာရှူံးနိမ့်ခဲ့ရပြီးကတည်းက သူ့အတွက် အသက်အန္တရယ်စိုးရိမ်ရတဲ့ အခြေအနေကို
ရောက်နေရပြီလို့ အတိုက်အခံခေါင်းဆောင်
ဘော်ဘီဝိုင်းကပြောဆိုလိုက်ပါတယ်။
သူနဲ့သူ့မိန်းမဟာ နေအိမ်အကျယ်ချုပ်ဘဝ
နဲ့ နေထိုင်နေရပြီး သူတို့ရဲ့နေအိမ်ကို စစ်တပ်က
ဝိုင်းထားတယ်လို့ ဘော်ဘီက France-24
သတင်းဌာနကိုပြောပြပါတယ်။
လူပေါင်း၁၄၀ ဝန်းကျင်လည်းပဲ သေဆုံးခဲ့ရပြီး လူပေါင်းသောင်းချီပြီး သူတို့နေအိမ်တွေကနေ အတင်းအဓမ္မမောင်းထုတ်ပြီး ဒုက္ခကြုံတွေ့နေရတဲ့ဆူဒန်နိုင်ငံကဒါဖာဒေသမှာ
ရောက်ရှိနေကြပါတယ်။
ယူဂန်ဒါရဲ့အဓိကအတိုက်အခံပါတီရဲ့ ခေါင်းဆောင် ဘော်ဘီဝိုင်းက သူရဲ့ရုံးဝန်ထမ်းတွေက သမ္မတရွေးကောက်ပွဲ
မှာဖြစ်ပွါးခဲ့တဲ့ မဲမသမာမှုတွေကို တရားဥပဒေအရစိန်ခေါ်ဖို့ကြိုးပမ်းဆောင်
ရွက် နေစဉ်မှာတနင်္လာနေ့က သူတို့ရဲ့ပါတီ ရုံးခန်းတွေကိုစစ်တပ်က ဝင်ရောက်စီးနင်းတာကိုခံခဲ့ရတယ်လို့ဘော်ဘီ
ဝိုင်းက ပြောပါတယ်။
ယူဂန်ဒါမှါတတိယအကြိမ်မြောက်မဲ ရေတွက်မှုအပြီးမှာသမ္မတ မူဆီဗင်နီက ၆၅
ရာခိုင်နှုံး နဲ့ အတိုက်အခံခေါင်းဆောင် ဘော်ဘီ
ဝိုင်းက ၂၇ ရာခိုင်နှုံးရရှိထားပါတယ်။
ရွေးကောက်ပွဲရလဒ်ကိုလက်မခံနိုင်တဲ့
သူပုန်ညွန့်ပေါင်းအဖွဲ့တွေကလည်း နိုင်ငံအနှံ့အပြားမှာတိုက်ခိုက်မှုတွေလုပ်ဆောင်နေကြပါတယ်။
လွန်ခဲ့တဲ့နှစ်က အနောက်အာဖရိကဒေသမှာ
တိုက်ခိုက်မှု၂၂ကြိမ်အတွင်း သင်္ဘောသား၁၃၀
ကိုပင်လယ်ဓားပြတွေက ပြန်ပေးဆွဲခဲ့ကြပါတယ်။

Ref:(France-24)


Spread the love
  •  
  •  
  •  
  •  
  •  
  •