ယူအေအီး မြို့တော် ဒူဘိုင်း ရှိ Ajman စျေးကြီး မီးလောင်
လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့မှာ ပေါက်ကွဲမှုကြီးဖြစ်ပွားပြီးနောက်တစ်နေ့မှာပဲ ယူအေအီးက Ajman စျေးကြီးမှာ မီးလောင်မှုဖြစ်ပွားခဲ့ ပါတယ်။
စျေးအတွင်းမှာရှိတဲ့ဆိုင်တွေကနေ စလောင်ကျွမ်းတာဖြစ်ပြီးတော့ မီးသတ်သမားတွေက မီးငြှိမ်းသတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။
လက်ရှိမှာတော့ ဒဏ်ရာရသေဆုံးစာရင်းကို မသိရှိရသေးပါဘူး။ Ajman မြို့ရဲ့ စက်မှုဇုန်ဧရိယာသစ်ထဲက အသီးအနှံနဲ့ဟင်းသီးဟင်းရွက်တွေရောင်းချတဲ့ Ajman စျေးမှာ ဖြစ်ပွားနေတဲ့မီးလောင်မှုဟာ ပမာဏကြီးမားတယ်လို့ မီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။
ကပ်ရောဂါကြောင့် လေးလကြာအောင်ပိတ်ထားခဲ့ရတဲ့စျေးကြီးရဲ့နေရာအများစုဟာ လုံးဝပြာကျသွားခဲ့တယ်လို့ သိရပါတယ်။