“ရက်စက်ကြမ်းကြုတ်တဲ့လူသတ်သမား ဝှီးချဲ အသုံးပြုနေရသူကိုသတ်ဖြတ်ခဲ့”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“ရက်စက်ကြမ်းကြုတ်တဲ့လူသတ်သမား
ဝှီးချဲ အသုံးပြုနေရသူကိုသတ်ဖြတ်ခဲ့”

November 30, 2020

မွန်တာနာ နယ်သားတဦးဟာ ဘီးတပ်ကုလားထိုင်နဲ့ လှုပ်ရှားသွားလာနေရသူ
တဦးကို လွန်ခဲ့တဲ့အပတ်က ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ခဲ့
ပြီးတဲ့နောက် တရားစွဲဆိုခံခဲ့ရ ပြီး၊အခုတော့
သူ့ရဲ့အဖေကိုယ်တိုင်က သူ့ကိုသေဒါဏ်ပေးဖို့
အာဏာပိုင်တွေကို တောင်းဆိုလိုက်ပါတယ်။
အသက်၄၄နှစ်အရွယ်ချားလ်စ် ကိုဗေးဟာ အသက်၆၅နှစ်အရွယ် ရွိုင်း လီ နယ်လ်ဆင်ကို ဘီးတပ်ကုလားထိုင်ပေါ်က
ဆွဲထုတ်ပြီး၊သတ္တုပိုက်လုံးတချောင်းနဲ့
ဥနှောက်တွေ၊သွေးတွေထွက်လာခဲ့တဲ့အထိ
အောင် လေး ငါးချက်ဆင့်ပြီး ရိုက်နှက်ခဲ့တယ်
လို့ မျက်မြင်သက်သေတဦးကပြောပြပါတယ်။
အခုဆိုကိုဗေးရဲ့ဖခင် မိုက်ကယ််လ် ကိုယ်တိုင်က သူ့ကိုဘယ်တော့မှ လွှတ်မပေးဖို့ နဲ့ ဖြစ်နိုင်သမျှ မြန်မြန်သေဒါဏ်ချမှတ်ပေးဖို့ အာဏာပိုင်တွေကိုတောင်းဆိုလိုက်ပါတယ်။
“အခုအချိန်မှာသူ့ကိုအဲ့လို လုပ်စေချင်တာ၁၀၀ရာခိုင်နှုံး သေချာပါတယ်။ မနက်ဖြန်ဆို ကျွန်တော် စိတ်ပြောင်းသွားကောင်းပြောင်း သွားနိုင်တယ်။”လို့ဖခင်ဖြစ်သူကပြောပါတယ်။
“ကျွန်တော် ဒီမကောင်းဆိုးဝါးကိုအလိုမလိုက်စေချင်ဘူး။သူလုပ်ခဲ့တဲ့လုပ်ရပ်ဟာ ဘယ်လိုမှခွင့်လွှတ်လို့မရဘူး။ဒီလိုမျိုးနောက်
တကြိမ်ထပ်မဖြစ်လာအောင် ကျွန်တော်တတ်နိုင်တဲ့အပိုင်းကသေချာအောင်
လုပ်ချင်တယ်။”လို့ မိုက်ကယ်လ်ကပြော
ဆိုခဲ့ပါတယ်။
မိုက်ကယ်က သူကိုယ်တိုင်က ဥပဒေကို ချိုးဖောက်ပြီး အရက်စွဲနေတာကြောင့် သူဟာ
သူ့သားချားလ်စ် နဲ့အမြဲတန်း အတူမနေခဲ့တာကို အမှတ်တရရှိနေပါတယ်။
သူက ချားလ်ဟာ လိမ္မာတဲ့ကလေးတယောက်ဖြစ်ခဲ့ပြီး၊သူ့ကို
ကောင်းမွန်စွာပြုစုပျိုးထောင်ခဲ့တယ်လို့အခိုင်အမာပြောဆိုခဲ့ပါတယ်။
“ကျွန်တော်တို့တတွေ အပျော်သဘောနဲ့ ဖားဖမ်းသွားလေ့ရှိခဲ့တယ်။”လို့သူက
အမှတ်တရပြန်ပြောပြပါတယ်။

Ref:Breaking News(brefnews.com)


Spread the love
  •  
  •  
  •  
  •  
  •  
  •