ရခိုင်ပြည်နယ်က ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ နေရာတွေမှာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲတွေ အမြန်ဆုံး ကျင်းပနိုင်တဲ့ အခြေအနေရောက်အောင် ဝိုင်းဝန်းကူညီဆောင်ရွက်ကြဖို့ နိုင်ငံတော် သမ္မတ တိုက်တွန်း

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ရခိုင်ပြည်နယ်က ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ နေရာတွေမှာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲတွေ အမြန်ဆုံး ကျင်းပနိုင်တဲ့ အခြေအနေရောက်အောင် ဝိုင်းဝန်းကူညီဆောင်ရွက်ကြဖို့ နိုင်ငံတော် သမ္မတဦးဝင်းမြင့်က တိုက်တွန်း လိုက်ပါတယ်။

ဒီကနေ့ကျရောက်တဲ့ ၄၆ ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့အတွက် ပေးပို့တဲ့ သဝဏ်လွှာမှာ ရွေးကောက်ပွဲတွေ အမြန်ဆုံး ကျင်းပနိုင်ရေးအတွက် အထူးမေတ္တာရပ်ခံထားတာပါ။

လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်တဲ့ လုံခြုံရေးအခြေအနေ မရှိတာကြောင့် ရွေးကောက်ပွဲ ရွှေ့ဆိုင်းလိုက်ရတဲ့ ရခိုင်ပြည်နယ် မြို့နယ်တွေက ပြည်သူတွေအတွက် စိတ်မကောင်းဖြစ်ရကြောင်းလည်း သမ္မတက ထည့်သွင်းဖော်ပြထားပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •