ရခိုင်ပြည်နယ်တွင် COVID-19 နှင့် ပတ်သက်၍ အတိုင်းအတာ တစ်ခုထိ ထိန်းချုပ် ကုသနိုင်ပြီ ဟုဆို
နေပြည်တော်၊ စက်တင်ဘာ ၁၅
ရခိုင်ပြည်နယ်တွင် ပိုးတွေ့လူနာ အရေအတွက် နည်းသွားပြီ ဖြစ်ပြီး COVID-19 နှင့် ပတ်သက်၍ အတိုင်းအတာ တစ်ခုထိ ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်း စစ်တွေ ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က ပြောကြားသည်။
လူနာ (၄၀၀) နီးပါး တက်ရောက် ကုသနေသည့် စစ်တွေ ဆေးရုံကြီးတွင် ပြန်လည် ကျန်းမာလာသူ (၂၁၄) ဦးအထိ ရှိသွားပြီ ဖြစ်ကြောင်း ဒေါက်တာဇော်လွင်က လန်ဒန် အခြေစိုက် ဘီဘီစီ သတင်းဌာန၏ စက်တင်ဘာ ၁၅ ရက် နံနက်က ဆက်သွယ် မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“ရခိုင်ကတော့ ပိုးတွေ့လူနာ မြင့်တက်ပြီးတော့ ပြန်ကျတဲ့သဘော ရှိတယ်။ ဆေးရုံကို (၃၉၆) ယောက် တက်တဲ့ အချိန်မှာ (၂၁၄) ယောက် ဆေးရုံ ဆင်းပြီးပြီ။ စစ်တွေ ဆေးရုံကြီးမှာ (၁၈၁) ယောက်ပဲ ကျန်တော့တယ်” ဟု ဒေါက်တာ ဇော်လွင်က ပြောဆိုသည်။
ဆေးရုံ တက်ရောက် ကုသမှု ခံယူခဲ့ပြီး ဆေးရုံမှ ဆင်းခွင့်ရရှိသူ များပြီ ဖြစ်သည့် အတွက် အတိုင်းအတာ တစ်ခုထိ ထိန်းချုပ် ကုသနိုင်ပြီ ဖြစ်ကြောင်း ယင်းက ဆက်လက် ပြောဆိုသည်။
လက်ရှိတွင် ကုသမှု ခံယူလျက်ရှိသည့် (၁၈၁) ဦးတွင် အထူးဂရုစိုက် ကုသပေးနေရသူ (၅) ဦး ပါဝင်ကြောင်း သိရှိရသည်။
Photo Credit : BBC
#Peacock