ရခိုင်ပြည်နယ်တွင် NLD ကိုယ်စားပြု ကိုယ်စားလှယ်လောင်း (၁၂) နေရာ ထပ်တိုးယှဉ်ပြိုင်သွားမည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ရခိုင်ပြည်နယ် မဲဆန္ဒနယ်များတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု ကိုယ်စားလှယ်လောင်း (၁၂) နေရာ ထပ်တိုးယှဉ်ပြိုင်သွားမည်

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ရခိုင်ပြည်နယ် မဲဆန္ဒနယ်များတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု ကိုယ်စားလှယ်လောင်း (၁၂) နေရာ ထပ်တိုးယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို) ဒုတိယဥက္ကဋ္ဌ-၂၊ ပြောရေးဆိုခွင့်ပုဂ္ဂိုလ် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က အတည်ပြုပြောကြားသည်။

“၂၀၂၀ ရွေးကောက်ပွဲအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရခိုင်ပြည်နယ်မှာ မဲဆန္ဒနယ် (၁၂) နေရာ ထပ်တိုးယှဉ်ပြိုင်သွားပါမယ်။ မူလက (၁၁၃၁)နေရာကနေ အခု (၁၂)နေရာ ထပ်တိုးတော့ စုစုပေါင်း (၁၁၄၃)ဦး ဝင်ရောက်အရွေးချယ်ခံပါမယ်”ဟု ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို) ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယဥက္ကဋ္ဌ-၁ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ ဒုတိယဥက္ကဋ္ဌ-၂ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်တို့ အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု ကိုယ်စားလှယ်လောင်း စုစုပေါင်း (၁၁၄၃)ဦး ဝင်ရောက်အရွေးချယ်ခံမည်ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီသည် ၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတို့တွင် ပြည်သူလူထု၏ ထောက်ခံမှုဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့သည်။ ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုလုပ်ခဲ့ကြောင်း သိရသည်။

#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •